eGovernment
e-Government ဌာနမှ လက်ရှိဆောင်ရွက်နေသောစီမံကိန်း/လုပ်ငန်းများ
မြန်မာနိုင်ငံတွင် e-Government စနစ်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အစိုးရအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီး ဌာနများအသီးသီးမှ ပါဝင်ကြိုးပမ်းဆောင်ရွက်ရာတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် Focal Ministry အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်နှင့်အညီ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ e-Government ဌာနသည် နိုင်ငံတော်၏ e-Government စနစ် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရန်နှင့် ဖွံ့ဖြိုး တိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံရှိ အစိုးရအဖွဲ့အစည်းအသီးသီးတို့၏ e-Government လုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်မှုများအတွက် အဓိကလိုအပ်သော −
(က) ICT Infrastructure များ တည်ဆောက်ဝန်ဆောင်မှုပေးခြင်း၊ (Network, Data Centers, IACs, etc.,)
(ခ ) Common Application များ တည်ဆောက်ဝန်ဆောင်မှုပေးခြင်း၊(e-Mail, EDMS,GPMS)
(ဂ ) နည်းပညာအထောက်အပံ့ပေးခြင်း၊ အကြံပြုခြင်းနှင့် Capacity Building လုပ်ငန်းများ ဆောင်ရွက်ခြင်း
(ဃ) အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ e-Government ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း
(င) ဝန်ကြီးဌာနများမှ ဆောင်ရွက်လျက်ရှိသော e-Government လုပ်ငန်းစဉ်များအား လေ့လာဆန်းစစ်အကဲဖြတ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်။
(က) ICT Infrastructure
e-Government ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် အောက်ဖော်ပြပါ ICT Infrastructure များကို တည်ဆောက်ဝန်ဆောင်မှု ပေးလျက်ရှိပါသည်−
(၁) Government Video Conferencing System/Network
(၂) Data Center
(၄) Government Cloud Service
(၄) e-Government Integrated Data Center (eGIDC) တည်ဆောက်ခြင်းစီမံကိန်း
(၅) Information Access Center (IAC)
Government Video Conferencing System/Network
နေပြည်တော်ရှိ အစိုးရဌာနများနှင့် ပြည်နယ်တိုင်းဒေသကြီးရှိ အစိုးရအဖွဲ့အစည်းများအကြား online အသုံးပြုပြီး အစည်းအဝေးများပြုလုပ်နိုင်ရန်ရည်ရွယ်၍ Video Conferencing System/Network အား တည်ဆောက်ထားရှိပေးခဲ့ပြီး တာဝန်ယူ ပြုပြင်ထိန်းသိမ်းခြင်း၊ သီးသန့် Video Conference Room များ တည်ဆောက်ပေးခြင်း၊ Point to Multi Point Conferencing ပြုလုပ်နိုင်ရန် ချိတ်ဆက်ပေးခြင်း၊ နည်းပညာဆိုင်ရာများ ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်။

Data Center
နေပြည်တော်၊ S12 အိတ်ချိန်း အဆောက်အဦတွင် တည်ရှိသည့် e-Government Data Center တွင် e-Government Common Applications စနစ်များအား ဝန်ဆောင်မှုပေးခြင်းနှင့် Server Co-location ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ အစိုးရဌာနအသီးသီးမှ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော e-Government လုပ်ငန်းစဉ်များအား ချိတ်ဆက်အသုံးပြုနိုင်ရန်နှင့် အစိုးရဗဟိုရုံးများနှင့် ဝန်ကြီးဌာနအသီးသီးမှ e-mail, Electronic Document Management System (EDMS), Government Personnel Management System (GPMS), Civil Service ID Management System (CSMS), Myanmar National Portal, Video Conferencing အစရှိသည့် Common Application များအား ချိတ်ဆက်အသုံးပြုနိုင်ရန် ရည်ရွယ်ပါသည်။
Data Center တွင် Fully Redundant Network, Electricity, Security (Firewall, CCTV, NVR, Access Control), Precision Cooling, Fire Fighting, Real-Time Monitoring စသည့် Facility များအား ၂၄ နာရီ ၇ ရက် (24/7) ဝန်ဆောင်မှု ပေးအပ်လျက်ရှိပါသည်။ ဤ Facilities များအား မျှဝေ အသုံးပြုသွားခြင်းအားဖြင့် အစိုးရဌာနများမှ Data Center များ သီးခြားစီ တည်ဆောက်အသုံးပြုခြင်းအားဖြင့် တွေ့ကြုံလာရမည့် ငွေကြေးနှင့် ကျွမ်းကျင်ဝန်ထမ်းလိုအပ်ချက်၊ စီမံခန့်ခွဲမှုစသည့် အခက်အခဲများအား ကျော်လွားနိုင်မည့်အပြင် တစ်စုတစ်ဝေးတည်း စီမံခန့်ခွဲနိုင်ခြင်း၊ နိုင်ငံတော်၏ဘဏ္ဍာငွေ အသုံးပြုမှုလျော့ချနိုင်ခြင်း၊ လုံခြုံမှုပိုမိုကောင်းမွန်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည် ဖြစ်ပါသည်။
Colocation Service
အစိုးရအဖွဲ့အစည်းများ၏ နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ်၊ ဆိုက်ဘာလုံခြုံရေးစသည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်၊ Online ပြည်သူ့ဝန်ဆောင်မှုများအား စွမ်းဆောင်ရည်မြင့်မားစွာ ဖြန့်ဖြူးပေးသွားနိုင်စေရန် ရည်ရွယ်၍ e-Government Data Center အား သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ e-Government ဌာန၊ နေပြည်တော်တွင် တည်ဆောက်ခဲ့ပြီး Co-Location ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။ အစိုးရဌာနများ၏ Server နှင့် IT equipment များအား ထားရှိနိုင်ရန်အတွက် Colocation services အား သက်သာသော ဝန်ဆောင်ခနှုန်းထားများဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ရရှိနိုင်သော ဝန်ဆောင်မှုများမှာ Rack Rental (half rack, full rack, share rack) တို့ဖြစ်ပါသည်။
Server Co-Location ဝန်ဆောင်မှုအတွက် လစဉ်ကောက်ခံသည့် နှုန်းထားများမှာ 1 U အတွက် ၁၅,၀၀၀ ကျပ်၊ 6 U အတွက် ၉၀,၀၀၀ ကျပ်၊ 21 U အတွက် ၃၀၀,၀၀၀ ကျပ်နှင့် 42 U အသုံးပြုပါက လစဉ်ကြေး ၅၅၀,၀၀၀ ကျပ် အသီးသီး ကျသင့်မည်ဖြစ်ပါသည်။
Government Cloud Service
အစိုးရဌာနများမှ e-Government လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် Hardware အသုံးပြုမှုများအား လျော့ချနိုင်ရန်နှင့် ခေတ်မီနည်းပညာများ (Cloud, VM) အား အသုံးပြုနိုင်ရန် ရည်ရွယ်၍ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
အစိုးရဌာနများသည် ယခုကဲ့သို့ Government Cloud Service တွင် လာရောက်ထားရှိခြင်းအားဖြင့် Website များ လွှင့်တင်ရာ၌သော်လည်းကောင်း ၊ Online Service များ ဝန်ဆောင်မှုပေးရာ၌သော်လည်းကောင်း အသုံးပြုရန်လိုအပ်သည့် Hardware များ (ဥပမာ - Server, Switch, Firewall နှင့် Network Accessories အစရှိသည့် စက်ပစ္စည်းများ) ကို ဝယ်ယူတပ်ဆင်ရန် မလိုအပ်တော့သည့်အတွက် ရန်ပုံငွေသုံးစွဲမှု လျှော့ချနိုင်ခြင်း၊ အချိန်တိုအတွင်း လျင်မြန်စွာ အသုံးပြုနိုင်ခြင်းနှင့် သတင်းအချက်အလက်များကို လုံခြုံစိတ်ချစွာ သိမ်းဆည်းထားရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ပါသည်။
e-Government လုပ်ငန်းစဉ်များအား အထောက်အကူပြုပေးနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသောကြောင့် သက်သာသော ဝန်ဆောင်ခနှုန်းထားများဖြင့် အစိုးရအဖွဲ့အစည်းများသို့ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ Government Cloud Service စနစ်တွင် ကောက်ခံလျက်ရှိသော ဝန်ဆောင်မှု နှုန်းထားများအား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။
e-Government Integrated Data Center (eGIDC) တည်ဆောက်ခြင်းစီမံကိန်း
မြန်မာနိုင်ငံတွင် e-Government လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လာသည်နှင့်အညီ အစိုးရဌာနများ/ဒေသများအလိုက် Data Center ငယ်များ သီးခြားစီ တည်ဆောက်အသုံးပြုကြမည့်အစား အစိုးရဌာနများအားလုံး စုစည်းမျှဝေအသုံးပြုနိုင်ရန် ရည်ရွယ်၍ ပထမဆုံး နိုင်ငံတော်အဆင့် (National Data Center) တစ်ခုဖြစ်သော e-Government Integrated Data Center (eGIDC) တည်ဆောက်ခြင်းစီမံကိန်းအား ကိုရီးယားသမ္မတနိုင်ငံ၊ Economic Development Cooperation Fund (EDCF) ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ eGIDC ပင်မအဆောက်အဦအား နေပြည်တော် တွင် တည်ဆောက်မည်ဖြစ်ပြီး Disaster Recovery Center (DRC) အား ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်မြို့တွင် တည်ဆောက်သွားမည်ဖြစ်ပါသည်။ eGIDC တွင် Rack (၅၀၀)၊ DRC တွင် Rack (၁၀၀) ထားရှိသွားနိုင်မည်ဖြစ်ပါသည်။ စီမံကိန်းပြီးစီးပါက ဤ Data Center မှ Co-location Service ၊ Cloud Services(Iaas and PaaS)၊ Government Service Network နှင့် Disaster Recovery Service စသည့် ဝန်ဆောင်မှုများအား ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
ရည်ရွယ်ချက်
(က) e-Government လုပ်ငန်းစဉ်များအား အစိုးရဌာနများအလိုက် သီးခြားစီ အကောင်အထည်ဖော်ဆောင်နေသည့်အဆင့်မှ အမျိုးသားအဆင့်သို့ ဟန်ချက်ညီညီပေါင်းစပ်အဆင့်မြှင့်တင်၍ နိုင်ငံသားများအား ပိုမိုကောင်းမွန်သော Online ဝန်ဆောင်မှုများပေးရန်။
(ခ) e-Government ဝန်ဆောင်မှုနှင့်လုပ်ငန်းစဉ်များ တစ်နေရာတည်းတွင် စုစည်းထားရှိခြင်းအားဖြင့် အစိုးရ၏ စီမံခန့်ခွဲအုပ်ချုပ်မှုလုပ်ငန်းစဉ်များ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်။
(ဂ) ICT Infrastructure များ၊ Computing Resources များအား တည်ဆောက်မျှဝေ အသုံးပြုသွားရန်။
(ဃ) e-Government ၏ ရည်မှန်းသည့်ပန်းတိုင်သို့ အစိုးရဌာနများမှ တူညီသောလမ်းကြောင်း (Unifying Platform) မှ လျှောက်လှမ်းရန်။
(င) အစိုးရ၏ ကိုယ်ပိုင် Government Cloud အားတည်ဆောက်သွားရန်။
အကျိုးကျေးဇူး
- Tier 3 အဆင့် တည်ဆောက်မည်ဖြစ်ပါသဖြင့် ၂၄ နာရီ ၇ ရက် ဝန်ဆောင်မှုပေးနိုင်ခြင်း။
- အချိန်နှင့်ရင်းနှီးမြှပ်နှံမှု ကုန်ကျစရိတ် များစွာသက်သာစေခြင်း။
- အရေးကြီးသတင်းအချက်အလက်များအား ပြည်တွင်း၌ ထားရှိနိုင်ပါသဖြင့် လုံခြုံမှုကျိုးပေါက်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး ပြည်ပနိုင်ငံများသို့ပေးချေနေရသော ကုန်ကျစရိတ်များအား လျော့ချနိုင်ခြင်း။
- Cloud Computing Technologies အား အသုံးပြုခြင်းဖြင့် Hardware အသုံးပြုမှုများ လျော့ချ နိုင်ပြီး ဘဏ္ဍာငွေအသုံးပြုမှု လျော့ချနိုင်ခြင်း။
- Disaster Recovery စနစ် တည်ဆောက်ခြင်းအားဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် အရေးကြီး သတင်းအချက်အလက်များ ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်ပေးနိုင်ခြင်း။
- အစိုးရ၏ဝန်ဆောင်မှုမျက်နှာစာသစ် ဖွင့်လှစ်နိုင်ခြင်း။

Information Access Center (IAC)
မြန်မာနိုင်ငံတွင် e-Government ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံသားများ၏ ICT Awareness များ မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ကိုရီးယားသမ္မတနိုင်ငံ၏ အထောက်အပံ့ဖြင့် နေပြည်တော်တွင် တည်ဆောက်ခဲ့ပါသည်။ အစိုးရဌာနများသို့ ICT နှင့် e-Government သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း၊ အစိုးရ ဌာနများမှ သင်တန်းများ ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်ပေးခြင်းနှင့် ပြည်သူများ Internet အခမဲ့ အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးခြင်း စသည့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် လတ်တလောဖြစ်ပေါ်နေသော အခြေအနေများကြောင့် Information Access Center (IAC) တွင် Internet အခမဲ့ ဝန်ဆောင်မှုပေးခြင်းများ ခေတ္တ ရပ်ဆိုင်းထားပါသည်။
(ခ) Common Application
အစိုးရအဖွဲ့အစည်းများအကြား သဘောသဘာဝတူညီသည့် လုပ်ငန်းများအား စုစည်းပေါင်းစပ်၍ မျှဝေအသုံးပြုနိုင်ရန် အောက်ပါ Common Application များကို ဆောင်ရွက်ဝန်ဆောင်မှု ပေးလျက်ရှိပါသည်−
(၁) Government Personnel Management System (GPMS)
(၂) Electronic Document Management System (EDMS)
(၃) e-mail
(၄) Ministry Website
(၅) Myanmar National Portal
Government Personnel Management System (GPMS)
အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ ဝန်ထမ်းရေးရာ ကိစ္စရပ်များအား ဗဟိုရုံးများနှင့် ICT နည်းပညာ အသုံးပြု၍ ထိရောက်လျင်မြန်စွာ စီမံခန့်ခွဲနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိပါသည်။ Government Personal Management System (GPMS) စနစ်သည် အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ ဝန်ထမ်း ရေးရာကိစ္စရပ်များအား IT နည်းပညာအသုံးပြု၍ ထိရောက်လျင်မြန်စွာ စီမံခန့်ခွဲနိုင်သော စနစ်တစ်ခု ဖြစ်ပါသည်။ ဤစနစ်တွင် ဝန်ထမ်းများ၏ ကိုယ်ရေးမှတ်တမ်း၊ ရာထူးခန့် အပ်မှုနှင့် တာဝန် ထမ်းဆောင်မှုသမိုင်း၊ ခွင့်မှတ်တမ်း၊ သင်တန်းဆိုင်ရာအချက်အလက်၊ ဝန်ထမ်းအကဲ ဖြတ်မှတ်တမ်းများ၊ ဝန်ထမ်းအင်အားနှင့် ဌာနဖွဲ့စည်းပုံများ အစရှိသည့် အချက်အလက်များကို သက်ဆိုင် ရာ Server များ အသီးသီးတွင် လုံခြုံစွာ ထည့်သွင်းသိမ်းဆည်းထားရှိပြီး မိမိလိုအပ်သည့် အခြေအနေနှင့် ကိုက်ညီမည့် အချက်အလက်၊ စာရင်းဇယား၊ အစီအရင်ခံစာများအား လွယ်ကူလျင်မြန် မှန်ကန် တိကျစွာ ရှာဖွေ ထုတ်ယူနိုင်သော စနစ်တစ်ခု ဖြစ်ပါသည်။
ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုစနစ် (GPMS) ၏ အကျိုးသက်ရောက်မှုများ
- ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုများကို တိကျလျင်မြန်အကျိုးရှိစွာ အသုံးချနိုင်ခြင်း
- ကိုယ်ရေးမှတ်တမ်းအချက်အလက်များကို ကိုယ်တိုင် စီမံခန့်ခွဲနိုင်ခြင်း
- လိုအပ်ချက်နှင့်အညီ သင့်လျော်သော ဝန်ထမ်းများအား တာဝန်ပေးအပ်နိုင်ခြင်း
- ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုများ ဆုံးဖြတ်ချက်ချရာတွင် အထောက်အပံ့ပေးနိုင်ခြင်း
- ဝန်ထမ်းရေးရာ အချက်အလက်များ သိမ်းဆည်းရာတွင် လုံခြုံမှုရှိခြင်း၊
Electronic Document Management System (EDMS)
EDMS စနစ်သည် အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများအချင်းချင်း စာပေးစာယူလုပ်ငန်းများ (e-Mail) နှင့် ၀န်ကြီးဌာနအတွင်း ဌာနဆိုင်ရာရုံးလုပ်ငန်းများ (Workflow) အား Online အသုံးပြု၍ ဆောင်ရွက်သွားနိုင်ရန် တည်ဆောက်ထားရှိသည့် စနစ်တစ်ခုဖြစ်ပါသည်။ Document management (create, register, send/receive, comment/instruction, read/edit, and enclose) အပါအဝင် ရုံးလုပ်ငန်းများကို ထိရောက်စွာနှင့် လွယ်ကူလျင်မြန်စွာ စီမံခန့်ခွဲနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်လျက် ရှိပါသည်။
EDMS ၏ အကျိုးသက်ရောက်မှုများ
၀န်ကြီးဌာနများအချင်းချင်း e-Mail များ ပေးပို့/ရယူနိုင်ပြီး Encryption အသုံးပြု ထားပါသဖြင့် ကြားဖြတ်ရယူခြင်း၊ ပြင်ဆင်ခြင်း၊ ဖတ်ရှုခြင်း၊ ဖျက်ဆီးခြင်း များ ပြုလုပ်၍ မရအောင် ဆောင်ရွက်ထားရှိခြင်း
ဌာနဆိုင်ရာရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စာရွက်စာတမ်းများအား Electronic Document များအဖြစ်သို့ အသွင်ပြောင်းလဲ၍ မှတ်ပုံတင်ခြင်း၊ ရုံးတွင်းစာများ ပြုစုတင်ပြခြင်း၊ မှတ်ချက်ပြုခြင်း အစရှိသည့် Work Flow များအား Online အသုံးပြု၍ လုပ်ဆောင်သွားနိုင်သောကြောင့် ထိရောက်၊ လွယ်ကူလျင်မြန်စွာ စီမံခန့်ခွဲနိုင်ခြင်း
အင်တာနက်ရရှိသော မည်သည့်နေရာမှမဆို Mobile Phone များကို အသုံးပြု၍ လက်ရေးမူဖြင့် လက်မှတ်ရေးထိုးခြင်း မှတ်ချက်ပြုခြင်းများ လုပ်ဆောင်နိုင်ရန် စီစဉ်ထားရှိပါသဖြင့် ရုံးလုပ်ငန်းများအား အချိန်နှင့် နေရာဒေသမရွေး အစိုးရ၏ လုပ်ငန်းစဉ်များအား လွယ်ကူလျင်မြန်စွာ ဆောင်ရွက်သွားနိုင်ခြင်း
အစိုးရဗဟိုရုံးများနှင့် ဝန်ကြီးဌာနများအားလုံးမှ အသုံးပြုနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိသော e-mail စနစ်အား encryption ပြုလုပ်၍ အစိုးရအဖွဲ့အစည်းများမှ လုံခြုံကောင်းမွန်စွာ အသုံးပြုနိုင်ရန် တာဝန်ယူ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
Ministry Website
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန/လုပ်ငန်းအသီးသီးတို့မှ လွှင့်တင်ထားသည့် Website များအား စုစည်းပေါင်းစပ်၍ Ministry Web Portal တစ်ခုအဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ Ministry Web Portal (www.motc.gov.mm) တွင် ဌာနများအလိုက် သတင်းများ ရေးသားလွှင့်တင် နိုင်ရေးအတွက် သီးခြားအကောင့်များသတ်မှတ်ပေးထားပြီး မိမိတို့ဌာန၏ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ကိုယ်တိုင်လွှင့်တင်သွားနိုင်ရေးအတွက် လိုအပ်သော နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပြုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပါသည်။
၂၀၂၁ ခုနှစ်အတွင်း ဦးစီးဌာန/လုပ်ငန်းများ၏ ဝန်ဆောင်မှုများ စုစည်းဖော်ပြပေးသည့် e-Service Page ရေးဆွဲခြင်း၊ အကြံပြုလိုသည်များကို ပေးပို့နိုင်သော Feedback ကဏ္ဍထည့်သွင်း ရေးဆွဲခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ System Monitoring, Customization, Upgrading, API Integration, Operation & Maintenance နှင့် Customer Care လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
Ministry Web Portal တွင် ဦးစီးဌာန (၁၉) ခုတို့မှ သတင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ လွှင့်တင်ပေးလျက်ရှိပြီး လက်ရှိအချိန်အထိ Ministry Web Portal အား ဝင်ရောက် ကြည့်ရှုသူအရေအတွက် (၁၃) သိန်းကျော် ရှိပါသည်။




Myanmar National Portal
မြန်မာနိုင်ငံရှိ အစိုးရအဖွဲ့အစည်းများအသီးသီးမှ လွှင့်တင်ထားသော Website များ၊ e-service များအား တစ်နေရာတည်းတွင် စုစည်း၍ ပြည်သူလူထုသို့ လွယ်ကူလျင်မြန်သော၊ ကောင်းမွန်ထိရောက်သော Single Window Public Services ဝန်ဆောင်မှုများပေးနိုင်ရန် ရည်ရွယ်၍ Myanmar National Portal တည်ဆောက်ခြင်း စီမံကိန်းအား ဆောင်ရွက် ပြီးစီးခဲ့ပြီး အစိုးရဌာနအသီးသီးမှ သတင်းအချက်အလက်များနှင့် ဝန်ဆောင်မှုများကို ကိုယ်တိုင် ကျွမ်းကျင်စွာ လွှင့်တင်သွားနိုင်ရန် ရည်ရွယ်၍ ၂၀၁၈ ခုနှစ် သြဂုတ်လအတွင်း Myanmar National Portal User Training သင်တန်းအား အစိုးရဌာန အဖွဲ့အစည်းအသီးသီးသို့ ဖွင့်လှစ်ပို့ချပေးခဲ့ပြီး (၂၇.၉.၂၀၁၈) တွင် Myanmar National Portal အား Domain Name (www.myanmar.gov.mm) ဖြင့် လွှင့်တင်ခဲ့ပြီးဖြစ်ပါသည်။
၂၀၂၀ ပြည့်နှစ်အတွင်း Myanmar National Portal Mobile Application ၏ Android Version 2.0 အား Play Store နှင့် Huawei App Gallery ပေါ်တွင် လွှင့်တင်ခဲ့ပြီး iOS Version အား Apple Store ပေါ်တွင် လွှင့်တင်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်အတွင်း Myanmar National Portal UI Design အဆင့်မြှင့်တင်ခြင်း၊ အစိုးရအဖွဲ့အစည်းအသီးသီးမှ ပေးနေသော ဝန်ဆောင်မှုများအား စုစည်းဖေါ်ပြပေးသည့် e-Services Web Page ရေးဆွဲခြင်းနှင့် အစိုးရအဖွဲ့အစည်း အသီးသီး၏ Mobile App များအား စုစည်းဖော်ပြပေးသော Mobile App Gallery Web Page ရေးဆွဲခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ပြည်သူလူထုထံမှ မဲဆန္ဒနှင့်စစ်တမ်းများ၊ ဆွေးနွေးချက်များနှင့် အကြံပြုချက်များ ကောက်ယူခြင်းဖြင့် အစိုးရနှင့် ပြည်သူလူထုကြားရှိ ပွင့်လင်းမြင်သာမှုနှင့် ယုံကြည်မှုကို ပိုမိုတိုးတက် မြင့်မားလာစေရန် ရည်ရွွယ်၍ မဲဆန္ဒနှင့်စစ်တမ်းများ (Polls & Survey) ၊ ဘလော့ဂ်များ (Blogs) ၊ ဆွေးနွေးရေးကဏ္ဍများ (Discussions) ၊ စုံစမ်းမေးမြန်းရန် (Inquiry) နှင့် အကြံပြုရန် (Feedback) စသည့်ကဏ္ဍများကို ထည့်သွင်းပေးထားသော e Participate ကဏ္ဍအား အသစ်ထပ်မံထည့်သွင်းထားပါသည်။ ပြည်သူလူထုမှ ဝင်ရောက်ဆွေးနွေးနိုင်ပြီး သိရှိလိုသည့် ဝန်ကြီးဌာနများ၏ သတင်းအချက်အလက်များကို စုံစမ်းသိရှိနိုင်မည်ဖြစ်ပါသည်။
Myanmar National Portal တွင် အစိုးရအဖွဲ့အစည်းများမှ သတင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ လွှင့်တင်ပေးလျက်ရှိပြီး လက်ရှိအချိန်အထိ Myanmar National Portal အား ပြည်သူများမှ ဝင်ရောက် ကြည့်ရှုသည့် အကြိမ်အရေအတွက် (၁၉) သန်းကျော် ရှိပါသည်။
အကျိုးကျေးဇူး
အရည်အသွေးမြင့်မားသော e-Government Online ဝန်ဆောင်မှုများအား အစိုးရရုံးဌာနများ၊ စီးပွားရေး အဖွဲ့အစည်းများနှင့် ပြည်သူများမှ ရိုးရှင်းလွယ်ကူစွာဖြင့် အချိန်၊ နေရာဒေသမရွေး အသုံးပြုလာနိုင် မည်ဖြစ်ပြီး အစိုးရ၏ သတင်းအချက်အလက်များ လျင်မြန်စွာစီးဆင်းနိုင်ခြင်း၊ အစိုးရ၏ ဝန်ဆောင်မှုများ အား ပြည်သူလူထုမှ အချိန်နှင့် ငွေကြေးကုန်ကျစရိတ်များ သက်သာစွာ အသုံးပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည် ဖြစ်ပါသည်။
(ဂ) e-Governance Master Plan ရေးဆွဲခြင်း
e-Government စနစ်အား ရည်မှန်းချက်ပန်းတိုင်သို့ရောက်ရှိရန် ကောင်းမွန် ပြည့်စုံ သော မဟာဗျူဟာနှင့် မူဝါဒများ၊ လုပ်ငန်းစဉ်မူဘောင်များနှင့် ဆောင်ရွက်မှုအစီအစဉ်များ စနစ်တကျ ရေးဆွဲချမှတ်ပြီး အကောင်အထည် ဖော်နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိပါသည်။ Myanmar e-Governance Master Plan (2021-2030) အား ဆက်လက်ရေးဆွဲနိုင်ရေးအတွက် ဆောက်ရွက်လျက်ရှိပါသည်။
(ဃ) e-Commerce လုပ်ငန်းများ ဆောင်ရွက်ခြင်း
e-Commerce Law (မူကြမ်း) ရေးဆွဲခြင်းလုပ်ငန်းအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ အာဆီယံ နှင့် FTA နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက် လျက်ရှိသော Regional Comprehensive Economic Partnership (RCEP) အစီအစဉ်၏ Working Group on e-Commerce (WGEC) ၌ မြန်မာနိုင်ငံ၏ Negotiator အဖြစ်လည်းကောင်း၊ ASEAN Economic Community (AEC) Blueprint 2025 ကို အကောင်အထည်ဖော်ဆောင်ရန် ဖွဲ့စည်းထားသည့် ASEAN Coordination Committee on e-Commerce and Digital Economy (ACCED) တွင် မြန်မာနိုင်ငံ၏ Lead Focal အဖြစ်လည်းကောင်း တာဝန်ယူ၍ လုပ်ငန်းများအား ဆောင်ရွက်လျက် ရှိပါသည်။ အာဆီယံနှင့် Australia-New Zealand နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော ASEAN-Australia-New Zealand Free Trade Area (AANZFTA) ၏ Committees on E-Commerce (CEC) တွင် Focal Point အဖြစ်လည်းကောင်း၊ အာဆီယံနှင့် ကနေဒါနိုင်ငံတို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသော ASEAN-Canada Free Trade Agreement Area (ACAFTA) ၏ Working Group on Electronic Commerce (WGEC) တွင် Focal Point အဖြစ်လည်းကောင်း တာဝန်ယူ၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
(င) 4th IR for ASEAN လုပ်ငန်းများဆောင်ရွက်ခြင်း
Consolidated Strategy on the Fourth Industrial Revolution (4IR) for ASEAN မူဝါဒအား မြန်မာနိုင်ငံ၏ Focal ဌာနအနေဖြင့် အာဆီယံနိုင်ငံများနှင့် ပူးပေါင်း၍ ရေးဆွဲခဲ့ပြီး Implementation Plan of the 4IR Consolidated Strategy for ASEAN ကို ရေးဆွဲလျက်ရှိပါသည်။
အားလုံးပါဝင်သည့် သာတူညီမျှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ရန်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ချိတ်ဆက်မှုများကို အရှိန်မြှင့်တင်ရန်၊ ပွင့်လင်းမြင်သာမှုနှင့် လုံခြုံမှုတို့ကို ထိန်းသိမ်း စောင့်ရှောက်ရန်၊ အခွင့် အလမ်းများကိုများနိုင်သမျှ များများ ဖန်တီးနိုင်ရန်အတွက် အသိုက်အဝန်းတစ်ခု အနေဖြင့် 4IR ကို ဦးတည် ဆောင်ရွက်မည့် အာဆီယံ၏ မဟာဗျူဟာတစ်ခု ဖြစ်ပါသည်။
First Consultative Workshop ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် လည်းကောင်း၊ Second Consultative Workshop ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့တွင် လည်းကောင်း၊ Video Conferencing စနစ်ဖြင့် (၂) ကြိမ်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး ယခုအခါ “First draft of Consolidated Strategy on the Fourth Industrial Revolution (4IR) for ASEAN” အပေါ် အဖွဲ့ဝင်နိုင်ငံများမှ သဘောထားမှတ်ချက်များကို ပေးပို့ ပြန်ကြားခဲ့ပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့တွင် ၃၈ ကြိမ်မြောက် အာဆီယံခေါင်းဆောင်များ၏ ASEAN Summit တွင် the 4IR Consolidated Strategy for ASEAN ကို အတည်ပြုခဲ့ပါသည်။