Skip to main content
Breadcrumb
Home
»
မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်-သမိုင်းကြောင်း
၁၉၆၃ ခုနှစ်မှ စတင်၍ ကုန်သွယ်ရေကြောင်းနှင့် အင်ဂျင်နီယာအရာရှိလောင်း သင်တန်းများကို ကာကွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဆိပ်ကြီးရေတပ်လေ့ကျင့်ရေးကျောင်းတွင် ဖွင့်လှစ်ခဲ့ပါသည်။
ထို့နောက် ၁၉၇၂ခုနှစ် မတ်လ (၁၅)ရက်နေ့တွင် ရေကြောင်းပညာသိပ္ပံကျောင်း အမည်ဖြင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်တွင် ဖွဲ့စည်းခဲ့သည်။
ရေကြောင်းပညာသိပ္ပံ၏ တိုးချဲ့ဖွဲ့စည်းပုံအား ထောက်ခံခဲ့သည့် ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ (၁၃)ရက်တွင် ကျင်းပသော နိုင်ငံတော်အစိုးရအဖွဲ့အစည်းအဝေး (၂/၂၀၀၅)၏ ဆုံးဖြတ်ချက်အား နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ အတည်ပြုခဲ့ပါသည်။
အဆိုပါ တိုးတက်အောင်မြင်မှုများအပြင် (Lloyd’s Register Quality Assurance – LRQA) မှ သတ်မှတ်ထားသော အရည်အသွေး စီမံခန့်ခွဲမှု စံချိန်စံညွှန်းနှင့် ကိုက်ညီသဖြင့် ၂၀၁၀ ခုနှစ်၊ ဇူလိုင်လ(၆)ရက်နေ့တွင် (LRQA) ကပေးအပ်သော နိုင်ငံတကာအဆင့် အရည်အသွေးစီမံခန့်ခွဲမှု စံချိန်မီ အသိအမှတ်ပြုလက်မှတ် (ISO 9001:2008 Certification) ကို ထိုက်ထိုက်တန်တန်ရှိခဲ့ပါသည်။ ထို့ နောက် International Standard Organization (ISO) Version အသစ်ဖြစ်သော ( ISO-9001:2008) ကို (17.6.2010)ရက်နေ့တွင် ပြောင်းလဲလက်ခံရရှိခဲ့ပါသည်။
ထို့နောက် 2019 ခုနှစ်၊နိုဝင်ဘလ(21)ရက်နေ့၌ ABS and North America Accreditation Service ANAB မှပေးအပ်သော နိုင်ငံတကာအဆင့် အရည်အသွေးစီမံခန့်ခွဲမှု စံချိန်မီ အသိအမှတ်ပြုလက်မှတ် (ISO 9001:2015 Certification) ကို ရရှိခဲ့ပါသည်။
2012 ခုနှစ်၌ အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ် (IMO) မှ ကြီးမှူး၍ ရေကြောင်းဘက်ဆိုင်ရာ စံသတ်မှတ်ချက်များနှင့်ကိုက်ညီမှု ရှိ၊မရှိ မြန်မာနိုင်ငံသို့လာရောက်စစ်ဆေးခဲ့ပြီး (STCW) White List ရရှိခဲ့၍ EMSA (European Maritime Safety Agency) ၏အရည်အသွေးစစ်ဆေးခြင်းကို အောင်မြင်ခဲ့ပါသည်။
2020-2021)ပညာသင်နှစ်မှစတင်၍ ရေကြောင်းပညာဘာသာရပ်နှင့် ရေကြောင်းအင်ဂျင်နီယာပညာရပ်များအပြင် ရေကြောင်းလျှပ်စစ်အင်ဂျင်နီယာပညာဘာသာရပ်အား တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ရေယာဉ်မှူး၊ ပထမရေကြောင်းအင်ဂျင်နီယာ အဆင့်တိုင်အောင် သက်ဆိုင်ရာပညာရပ်များကို သင်ကြားပို့ချပေးလျှက်ရှိသည်။
စဉ်ဆက်မပြတ်အောင်မြင်မှုများနှင့်အတူ ရေကြောင်း၊ ရေကြောင်းအင်ဂျင်နီယာနှင့် ရေကြောင်းလျှပ်စစ် အင်ဂျင်နီယာပညာရပ်များကို စာတွေ့လက်တွေ့အပြင် သရုပ်ပြလေ့ကျင့်မှုများနှင့်အတူ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ရေကြောင်းပညာသိပ္ပံမှ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်အဆင့်သို့ အဆင့်မြှင့်ဖွင့်လှစ်နိုင်ခဲ့သဖြင့် ယခုအချိန်တွင် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်အမည်ဖြင့် ဂုဏ်ယူဝံ့ကြွားစွာ ရပ်တည်နိုင်ပြီ ဖြစ်ပါသည်။