Digital Transformation in the EAEU and ASEAN” ဆွေးနွေးပွဲတွင် “Towards Digital Transformation in Myanmar” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြား

၂၀၂၁-၂၀၂၅ ခုနှစ်အတွက် Eurasian Economic Commission နှင့် ASEAN တို့အကြား ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ကျင်းပသည့် “Digital Transformation in the EAEU and ASEAN” ဆွေးနွေးပွဲအား Video Conference စနစ်ဖြင့် ၂၀၂၃ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် Member of the Board (Minister) for Integration and Macroeconomics of the Eurasian Economic Commission, Mr. Sergey GLAZYEV နှင့် Deputy Secretary General of ASEAN for ASEAN Economic Community, Mr. Satvinder SINGH တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ e-Government ဌာနမှ ညွှန်ကြားရေးမှူး၊ ဒေါ်နွယ်နီစိုးရင် တက်ရောက်၍ “Towards Digital Transformation in Myanmar” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံသည် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းဆီသို့ လျှောက်လှမ်းရာတွင် နိုင်ငံ၏ ဒီဂျစ်တယ်အဆင်သင့်ဖြစ်မှုကို တိုးတက်မြင့်မားလာစေရေးနှင့် တွေ့ကြုံရမည့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊  မြန်မာနိုင်ငံသည် Digital Economy သို့ အောင်မြင်စွာ ကူးပြောင်းဆောင်ရွက်နိုင်ရန်အတွက် လူမှုစီးပွားရေး ၊ e-Government ၊ e-Commerce နှင့် Cyber Security အစရှိသည့် နယ်ပယ်များနှင့်သက်ဆိုင်သည့် ဥပဒေများ၊ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ လမ်းပြမြေပုံ၊ Master Plan နှင့် Action Plan များအား ပြင်ဆင်ရေးဆွဲချမှတ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေတို့အား ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲအား မြန်မာစံတော်ချိန် ညနေ ၄:၀၀ နာရီခန့် တွင် ရုတ်သိမ်းခဲ့ပါသည်။