Welcome
-
၂၀၂၆ ခုနှစ် ၊ ဧပြီလ ၊ ( ၃ ) ရက်
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
-
မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
၂၀၂၆ ခုနှစ် ၊ မတ်လ ၊ ( ၂၅ ) ရက်
နေပြည်တော်၊မြန်မာ့စာတိုက်လုပ်ငန်း
-
ရေးဖြေစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်သူများ၏ အမည်စာရင်းနှင့် ခုံနံပါတ်စာရင်း ကြေညာခြင်း
၂၀၂၆ ခုနှစ် ၊ မတ်လ ၊ ( ၁၀ ) ရက်
နေပြည်တော်၊သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန
၂၀၂၆ ခုနှစ် ၊ မေလ ၊ ( ၁၁ ) ရက်
နေ့စဉ်မြစ်ရေခန့်မှန်းချက်၂၀၂၆ ခုနှစ် ၊ မေလ ၊ ( ၁၀ ) ရက်
မြေငလျင်သတင်း၂၀၂၆ ခုနှစ် ၊ မေလ ၊ ( ၁၀ ) ရက်
နေ့စဉ်မြစ်ရေခန့်မှန်းချက်Daily Weather Report
နေ့စဉ်မိုးလေဝသသတင်း
(၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
ယမန်နေ့နံနက် ၀၉:၃၀ နာရီအချိန်မှ ယနေ့နံနက် ၀၉:၃၀ နာရီအချိန်အထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော ၂၄ နာရီအတွင်းက ကယားပြည်နယ်နှင့် ချင်း ပြည်နယ်တို့တွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ နေ့အပူချိန်များမှာ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန် တို့ထက် ၃ ဒီဂရီဆဲလ်စီးယပ်မှ ၄ ဒီဂရီဆဲလ်စီးယပ်အထိနှင့် မွန်ပြည်နယ်တွင် မေလ၏ ပျမ်းမျှအပူချိန်ထက် ၂ ဒီဂရီဆဲလ်စီးယပ်ပိုခဲ့ပြီး ကယားပြည်နယ်တွင် မေလ၏ ပျမ်းမျှ အပူချိန်အောက် ၂ ဒီဂရီဆဲလ်စီးယပ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့အောက် ၃ ဒီဂရီ ဆဲလ်စီးယပ်မှ ၄ ဒီဂရီဆဲလ်စီးယပ်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် မေလ၏ ပျမ်းမျှ အပူချိန် တို့အောက် ၅ ဒီဂရီဆဲလ်စီးယပ်မှ ၆ ဒီဂရီဆဲလ်စီးယပ်အထိ၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့အောက် ၇ ဒီဂရီဆဲလ်စီးယပ်မှ ၈ ဒီဂရီဆဲလ်စီးယပ်အထိနှင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့အောက် ၁၀ ဒီဂရီဆဲလ်စီးယပ်မှ ၁၁ ဒီဂရီဆဲလ်စီးယပ်အထိလျော့နည်းခဲ့ကာ ရန်ကုန်တိုင်းဒေသကြီးတွင် မေလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ၁၁-၅-၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော ထူးခြားသည့် နေ့အပူချိန်များမှာ ကော့ကရိတ်မြို့တွင် ၃၈.၈ ဒီဂရီဆဲလ်စီးယပ်၊ ဘားအံမြို့တွင် ၃၈.၇ ဒီဂရီဆဲလ်စီးယပ်၊ ဘားအံ(စိုက်ပျိုးရေးမိုးလေဝသ)တွင် ၃၈.၄ ဒီဂရီဆဲလ်စီးယပ်၊ ထားဝယ်မြို့တွင် ၃၇.၅ ဒီဂရီဆဲလ်စီးယပ်၊ မော်လမြိုင်မြို့တွင် ၃၇.၀ ဒီဂရီဆဲလ်စီးယပ်၊ မုဒုံမြို့နှင့် သိမ်ဇရပ်မြို့တို့တွင် ၃၆.၈ ဒီဂရီဆဲလ်စီးယပ်စီ၊ မြိတ်မြို့တွင် ၃၆.၅ ဒီဂရီဆဲလ်စီးယပ်၊ မြဝတီမြို့တွင် ၃၆.၄ ဒီဂရီဆဲလ်စီးယပ်နှင့် သာယာဝတီမြို့တွင် ၃၆.၃ ဒီဂရီဆဲလ်စီးယပ်တို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ရွာငံမြို့တွင် ၂.၈၀ လက်မ၊ ဘိုကလေးမြို့တွင် ၂.၅၀ လက်မ၊ ငါးသိုင်းချောင်းမြို့နှင့် တောင်ကြီးမြို့တို့တွင် ၂.၄၀ လက်မစီ၊ လပွတ္တာမြို့တွင် ၂.၂၅ လက်မ၊ ရမည်းသင်းမြို့နှင့် ညောင်ရွှေမြို့တို့တွင် ၂.၂၁ လက်မစီ၊ ရန်ကုန် (ကျောက်တန်း)တွင် ၂.၀၅ လက်မနှင့် ကလောမြို့တွင် ၁.၉၃ လက်မတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၃၆ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
အိတ်ဖွင့်တင်ဒါ (Open Tender)ခေါ်ယူခြင်း
၂၀၂၆ ခုနှစ် ၊ မေလ ၊ ( ၇ ) ရက် မြန်မာ့မီးရထား Cos Website (05-07) 26-27.pdf (111.79 KB)အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူခြင်း
၂၀၂၆ ခုနှစ် ၊ မေလ ၊ ( ၅ ) ရက် မြန်မာ့စာတိုက်လုပ်ငန်း NPT CPO_1.jpg (213.01 KB)အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူခြင်း
၂၀၂၆ ခုနှစ် ၊ မေလ ၊ ( ၅ ) ရက် မြန်မာ့စာတိုက်လုပ်ငန်း NPT CPO.jpg (213.01 KB)မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၂၀၂၆ ခုနှစ် ၊ မေလ ၊ ( ၄ ) ရက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် MPA_COS_tender_001.pdf (79.21 KB)
















