ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

ဦးစီးဌာနများ/ အဖွဲ့အစည်းများ

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း-လုပ်ငန်းစဉ်များ

မူဝါဒ

နိုင်ငံတော်၏ ပို့ဆောင် ၊ ဆက်သွယ်ရေး ဝန်ဆောင်မှုကဏ္ဍများအတွက် စိတ်ဓာတ်၊ စည်းကမ်း၊ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားသည့် အရည်အသွေးပြည့်မီသော ဝန်ထမ်းကောင်းများ ဖြစ်အောင် လေ့ကျင့်ပြုစု ပျိုးထောင်ပေးရန်။

ရည်မှန်းချက်

(က) လုပ်ငန်းလက်စွဲပါလုပ်နည်းစနစ်များနှင့်တိုးတက်လာသောနည်းပညာများကို ကျွမ်းကျင် တတ်မြောက်စေရေး လေ့ကျင့်ပေးရန်။

(ခ) လက်ဝယ်ရှိစွမ်းအားစုများကို ထိရောက်စွာ ပေါင်းစပ်သုံးစွဲစီမံခန့်ခွဲ၍ လုပ်ငန်းတာဝန်များ ကိုပြီးမြောက်အောင်မြင်စွာထမ်းဆောင်နိုင်စေရန်။

(ဂ) အမျိုးသားနိုင်ငံရေးဖြစ်စဉ်အား သိမြင်နားလည်ပြီး ပြည်သူနှင့်ဆက်ဆံရေးတိုးတက် ကောင်းမွန်စေရန်။

လုပ်ငန်းစဉ်

(က) ကျောင်းရှိနည်းပြများ၊ ဝန်ထမ်းများနှင့် သင်တန်းသား ၊ သင်တန်းသူများကိုနည်းပညာနှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှု အရည်အသွေး တိုးတက်မြင့်မားစေရေး စိတ်ဓာတ် ၊ စည်းကမ်း ၊ ခံယူချက် တည့်မတ် မှန်ကန်စေရေးအတွက် ဦးတည်ရည်မှန်း လေ့ကျင့် ပျိုးထောင် ပေးရန်။

(ခ) စာတွေ့သာမကလက်တွေ့နယ်ပယ်၌ပါ နှံ့စပ်ကျွမ်းကျင်စေရေးအတွက် လုပ်ငန်းခွင်နှင့် ဆက်စပ်သောစက်ရုံ၊ အလုပ်ရုံများ၊ သင်တန်းများသို့ သွားရောက်လေ့လာ သင်ယူစေရန်။

(ဂ) ဝန်ထမ်းများ၏ လုပ်ငန်းခွင်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို အခြေခံ၊ မွမ်းမံနှင့် ဉာဏ်သစ်လောင်းဟူ၍အဆင့်ဆင့်ဖွင့်လှစ်လေ့ကျင့်သင်ကြားပေးရန်။

(ဃ) တိုးတက်ပြောင်းလဲလာသော နည်းပညာများ နှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှု အရည်အသွေး တိုးတက်မြင့်မားရေးအတွက် ပြည်ပသို့ ပညာတော်သင်များ စေလွှတ်ခြင်း ပြည်တွင်း ပြည်ပ သင်တန်းများတွင် ကျောင်းမှ ဝန်ထမ်းများ စဉ်ဆက်မပြတ် ပါဝင် တက်ရောက် စေရန်။

(င) နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် အထောက်အကူပြုနိုင်ရေး အတွက်နောက်တွဲပါ(၂၂)ဘီးယာဉ်များမောင်းနှင်နိုင်မည့် ကျွမ်းကျင်ယာဉ်မောင်း များမွေးထုတ်ပေးရန်။

(စ) မြန်မာနိုင်ငံသားများအားလုံးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ် ပေးနိုင် ရေးအတွက် ယာဉ်မောင်း ၊ ယာဉ်ပြင် ၊ ဂဟေ ၊ လျှပ်စစ် အ‌ခြေခံသင်တန်းများ Public သို့ဖွင့်လှစ်ပေးနိုင်ရေးစည်းရုံးဆောင်ရွက်ခြင်း။

(ဆ) ဝန်ကြီးဌာန (၃)ခုအား ပေါင်းစုလိုက်သည့် အတွက် တိုးလာသော ဌာနများ၏လိုအပ်ချက် များနှင့် အညီ လုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်းများ တိုးမြှင့် ဖွင့်လှစ် သင်ကြားပေးနိုင် ရန်။

(ဇ) နည်းပြများကို မွမ်းမံသင်တန်းများပေးခြင်း၊အရည်အချင်းမြင့်မားသော ဘွဲ့ရဝန်ထမ်းများ ရွေးချယ်ခန့်အပ် တာဝန်ပေးခြင်းတို့ဖြင့်ကျောင်း၏ Capacity ကို မြှင့်တင် တည်ဆောက် ရန်။

(စျ) လေ့ကျင့်ရေးကွင်းများကို အဆင့်မြင့်တင်တည်ဆောက်ရန် နှင့် အရည်အသွေး ၊ အရည်အချင်းရှိသော သင်ထောက်ကူပစ္စည်းများ စုဆောင်းဖြည့်တင်း၍ သင်ကြား ပေးရန်။

(ည) ကျောင်းနေ​ပျော်စေရေးအတွက် ဝန်ထမ်းများ နှင့် သင်တန်းသားများ၏ သက်သာချောင်ချိ ရေးကို အလေးထားဆောင်ရွက်ပေးရန်။

မြေယာပိုင်ဆိုင်မှု ဆောင်ရွက်ထားမှု အခြေအနေ

  • ကျောင်းပိုင်မြေဧရိယာ စုစုပေါင်း ၁၉၄.၄၂ ဧက

- လယ်မြေ ၅၈.၄၀ ဧက

- ယာမြေ ၉၉.၃၅ ဧက

- အခြားမြေ ၃၆.၆၇ ဧက

  • အခြားမြေ (OA) ( ၃၆.၆၇ )ဧကမှာ ကျောင်းပိုင်မြေဂရန်အဖြစ် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။

  • လယ်မြေ(၅၈.၄၀)ဧကနှင့် ယာမြေ ( ၉၉.၃၅ )ဧကကိုလည်း ပြည်ထဲရေးဝန်ကြီးဌာန မှ ၁၃၇၉ ခုနှစ် ၊ ဝါခေါင်လဆန်း ၁၀ ရက် ၊ ၂၀၁၇ ခုနှစ် ၊ သြဂုတ်လ၂ ရက်နေ့ အမိန့် ကြော်ငြာစာအမှတ် ( ၁၀၃၈/၂၀၁၇)ဖြင့် ကျောင်းမြေနေရာအဖြစ် အခမဲ့လွှဲပြောင်းရရှိ ခဲ့ပြီးဖြစ်ပါသည်။

  • ကျောင်းပိုင်မြေအားလုံးကိုလည်း ကျောင်းအမည်ပေါက်ရရှိအောင်ဆောင်ရွက်ထားပြီးဖြစ်ပါသည်။

ကျောင်းပိုင်မြေ၏ ကွင်းမြေပုံ (၁၉၄.၄၂ဧက)

ကျောင်းပိုင်မြေအားကောင်းကင်မှ ရိုက်ထားပုံ(၁၉၄.၄၂ဧက)

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း အကွက်ချပုံစံနှင့်အဆောက်အဦများ

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းရေပေးဝေမှုစနစ်

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းလျှပ်စစ်ဓါတ်အားပေးမှုအခြေအနေ


သင်ကြားလေ့ကျင့်ရေးဆိုင်ရာ
သင်ကြားလေ့ကျင့်ရေးဌာန ဖွဲ့စည်းပုံနှင့် လက်ရှိနည်းပြခန့်အပ်ထားရှိမှု

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းနည်းပြများ၏ ပညာအရည်အချင်းအ‌ခြေပြဇယား

Ph.D

1

M.B.B.S

1

M.A

3

M.Sc

2

B.E

17

B.Com

1

B.Ecom

1

B.Tech

3

A.G.T.I

17

B.Sc

9

B.A

26

E.T.E.C

17

LLB

2

TOTAL

100

ပညာအရည်အချင်းမြင့်မားသော ဝန်ထမ်းများ မွေးထုတ်ပေးရန် ရည်ရွယ်၍ -

  • ကျောင်းမှဝန်ထမ်း ( ) ဦး ကို မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် MPA သင်တန်းသို့ လည်းကောင်း ၊ ဝန်ထမ်း () ဦး ကို တရုတ်ဘာသာစကား သင်တန်းသို့လည်းကောင်း ၊ ဝန်ထမ်း()ဦးကို ဂျပန်ဘာသာစကား သင်တန်းသို့ လည်းကောင်းတက်ရောက်စေလျက် ရှိပါသည်။

  • ဝန်ထမ်းသစ်များလိုအပ်လာပါက အရည်အချင်းပြည့်ဝသော ဘွဲ့ရများဖြင့် ခန့်ထားနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

နှစ်အလိုက် သင်တန်းဖွင့်လှစ်ခဲ့မှု အခြေအနေ

သင်ကြား

လေ့ကျင့်ရေးနှစ်

သင်တန်းအမျိုး

အစားပေါင်း

သင်တန်း

အကြိမ်ရေ

သင်တန်းသား

ဦးရေ

၂၀၁၅-၂၀၁၆

၂၉

၃၃

၇၉၄

၂၀၁၆-၂၀၁၇

၃၄

၄၃

၁၀၈၇

၂၀၁၇-၂၀၁၈

၃၈

၄၈

၁၁၇၂

၂၀၁၈

၂၇

၂၇

၆၉၀

၂၀၁၈-၂၀၁၉

၄၃

၅၇

၁၃၇၀ (လျာထား)

၂၀၁၆-၂၀၁၇ ခု ၊ သင်ကြားလေ့ကျင့်ရေးနှစ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်ထက် ၂၉၃ ဦး တိုးမြှင့်ဖွင့်လှစ်နိုင်ပြီး၂၀၁၇-၂၀၁၈ခုနှစ် တွင် ၂၀၁၆-၂၀၁၇ ထက် ၈၅ ဦးတိုးမြှင့် ဖွင့်လှစ်နိုင်ခဲ့ပါသည်။ စုစုပေါင်း ၃၇၈ ဦး တိုး။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း
၂၀၁၈ ခုနှစ် ဧပြီလ မှ စက်တင်ဘာလ အထိ ( ၆ လ ) တာကာလ

၂၀၁၈ ခုနှစ် ဧပြီလ မှ စက်တင်ဘာလအထိ သင်ကြားလေ့ကျင့်ရေးနှစ်အတွင်း သင်တန်းများ ဖွင့်လှစ်ခဲ့သည့် အခြေအနေ

စဉ်

သင်တန်းဌာနခွဲအမည်

သင်တန်း

အမျိုးအစား

သင်တန်း

အကြိမ်ရေ

သင်တန်းသား

ဦးရေ

သင်ကြားလေ့ကျင့်ရေး(စာပေ)

- မျိုး

- ကြိမ်

၁၂၀- ဦး

သင်ကြားလေ့ကျင့်ရေး(ပစ္စည်း)ဌာနခွဲ

-

-

-

မော်တော်ယာဉ်သင်တန်းဌာနခွဲ

- မျိုး

- ကြိမ်

၅၁- ဦး

ရထားသင်တန်းဌာနခွဲ

၁၅ - မျိုး

၁၅- ကြိမ်

၃၈၉- ဦး

စက်မှုလက်မှုသင်တန်းဌာနခွဲ

- မျိုး

- ကြိမ်

၁၀ - ဦး

ဆက်သွယ်ရေးသင်တန်းဌာနခွဲ

- မျိုး

- ကြိမ်

၁၂၀ - ဦး

 

စုစုပေါင်း

၂၇- မျိုး

၂၇ - ကြိမ်

၆၉၀- ဦး

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း
၂၀၁၈ ခုနှစ် ၊ အောက်တိုဘာလ မှ ၂၀၁၉ ခုနှစ် ၊ စက်တင်ဘာလ အထိ

၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ
သင်ကြားလေ့ကျင့်ရေးနှစ်အတွင်း (အဆိုပြုပြီး)အမှန်တကယ်ဖွင့်လှစ်မည့် သင်တန်းများ အခြေအနေ

စဉ်

သင်တန်းဌာနခွဲအမည်

သင်တန်း

အမျိုးအစား

သင်တန်း

အကြိမ်ရေ

သင်တန်း

သားဦးရေ

သင်ကြားလေ့ကျင့်ရေး(စာပေ)

- မျိုး

၁၂- ကြိမ်

၃၁၂- ဦး

သင်ကြားလေ့ကျင့်ရေး(ပစ္စည်း)ဌာနခွဲ

- မျိုး

- ကြိမ်

၂၂- ဦး

မော်တော်ယာဉ်သင်တန်းဌာနခွဲ

- မျိုး

-ကြိမ်

၈၂ - ဦး

ရထားသင်တန်းဌာနခွဲ

၂၄ - မျိုး

၃၀- ကြိမ်

၆၅၉ - ဦး

စက်မှုလက်မှုသင်တန်းဌာနခွဲ

- မျိုး

- ကြိမ်

၂၁ - ဦး

ဆက်သွယ်ရေးသင်တန်းဌာနခွဲ

- မျိုး

- ကြိမ်

၂၇၄ - ဦး

 

စုစုပေါင်း

၄၃ - မျိုး

၅၇ - ကြိမ်

၁၃၇၀ - ဦး

ပြင်ပယာဉ်မောင်းသင်တန်းဖွင့်လှစ်မှုအခြေအနေ

သင်ကြားလေ့ကျင့်ရေးနှစ်

အကြိမ်ရေ

သင်တန်းသား

ဦးရေ

၁၉၉၃ ခုနှစ် ဖေဖော်ဝါရီ မှ

၂၀၁၈ ခုနှစ် ၊ သြဂုတ်လထိ

၂၃၃

၂၅၆၀၉

ပြင်ပယာဉ်ပြင်သင်တန်းဖွင့်လှစ်မှုအခြေအနေ

သင်ကြားလေ့ကျင့်ရေးနှစ်

အကြိမ်ရေ

သင်တန်းသား

ဦးရေ

၁၉၉၃ ခုနှစ် ဖေဖော်ဝါရီ မှ

၂၀၁၈ ခုနှစ် ၊ သြဂုတ်လထိ

၁၀၇

၂၄၀၀

ပြင်ပယာဉ်မောင်းသင်တန်းလက်တွေ့မောင်းနှင်လေ့ကျင့်နေပုံမှတ်တမ်း

ပြင်ပယာဉ်ကြီးမောင်းသင်တန်းဖွင့်လှစ်မှုအခြေအနေ

ပြင်ပယာဉ်ကြီးမောင်းသင်တန်းကို ၂၀၁၆-၂၀၁၇ သင်ကြားလေ့ကျင့်ရေးနှစ် မှစ၍ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ နယ်စပ်ဖြတ်ကျော်သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း (CBTA) အတွက် ယာဉ်ကြီးမောင်း( ၁၈-ဘီး ၊ ၂၂ဘီး ) သင်တန်းများ ဖွင့်လှစ်၍ ကျွမ်းကျင် ယာဉ်မောင်းများ လေ့ကျင့်မွေးထုတ်ပေးလျက်ရှိပါသည်-

သင်ကြားလေ့ကျင့်ရေးနှစ်

အကြိမ်ရေ

သင်တန်းသား ဦးရေ

၂၀၁၆-၂၀၁၇

၂၉၆

၂၀၁၇-၂၀၁၈

၆၀၇

၂၀၁၈-၂၀၁၉

၅၆၂

 

၂၂

၁၄၆၅

ယာဉ်ကြီးမောင်းသင်တန်းလက်တွေ့မောင်းနှင်လေ့ကျင့်နေပုံ

စာသင်ခန်းများအခြေအနေ

၁။ နှစ်ထပ်ဆောင် စာသင်ခန်း - ၈ ခန်း x ၄၀ ဦး = ၃၂၀ ဦး

၂။ ဌာနခွဲစာသင်ခန်းများ

- ရထားသင်တန်းဌာနခွဲ - ၈ ခန်း x ၂၀ ဦး = ၁၆၀ ဦး
- မော်တော်ယာဉ်သင်တန်းဌာနခွဲ - ၁ ခန်း x ၂၀ ဦး = ၂၀ ဦး

- စက်မှုလက်မှုသင်တန်းဌာနခွဲ - ၁ ခန်း x ၂၀ ဦး = ၂၀ ဦး

စုစုပေါင်း - ၁၈ ခန်း = ၅၂၀ ဦး (အများဆုံး လက်ခံနိုင်မှု)

၃။ သရုပ်ပြဆောင် - ၇ ဆောင်

၄။ လက်တွေ့လေ့ကျင့်ရေးကွင်း - ၆ ကွင်း

      (က) သရုပ်ပြဘူတာယာဒ်ဝန်း

      () စစ်ရေးပြလေ့ကျင့်ရေးကွင်း

      () ကျောင်းဝန်းအတွင်းယာဉ်ငယ်မောင်းလေ့ကျင့်ရေးကွင်း

      () ကျောင်းဝန်းအတွင်းယာဉ်ကြီးမောင်းလေ့ကျင့်ရေးကွင်း

      () ကျောင်းရှေ့ယာဉ်မောင်းလေ့ကျင့်ရေးကွင်း

     () သုံးထပ်အိပ်ဆောင်ရှေ့လေ့ကျင့်ရေးကွင်း

နှစ်ထပ်စာသင်ဆောင်

စာသင်ဆောင်များပုံ

လက်ရှိသင်တန်းသားအိပ်ဆောင်များအခြေအနေ

၁။ အမျိုးသားအိပ်ဆောင် - ၁၆ ဆောင် x ၃၀ ဦး = ၄၈၀ ဦး

၂။ ၃ ထပ်အိပ်ဆောင် - ၁ ဆောင် x ၁၂၄ ဦး = ၁၂၄ ဦး

၃။ အမျိုးသမီးအိပ်ဆောင် - ၃ ဆောင် x ၃၀ ဦး = ၉၀ ဦး

၄။ အရာထမ်းအိပ်ဆောင် - ၁ ဆောင် x ၃၀ ဦး = ၃၀ ဦး

စုစုပေါင်း - ၂၁ ဆောင် = ၇၂၄ ဦး (အများဆုံးလက်ခံနိုင်မှု) ခုတင်/ဘီရို/သေတ္တာစာရင်း

၁။ ခုတင် = ၅၀၀ လုံး

၂။ ဘီရို = ၅၀၀ လုံး

၃။ သေတ္တာ = ၂၂၀ လုံး

၄။ လက်တင်ပါထိုင်ခုံ = ၅၀၀ လုံး

လက်ရှိအ‌ခြေအနေအရ တစ်ပြိုင်တည်းသင်ကြားပေးနိုင်မှု= ၅၀၀ ဦး

သုံးထပ်သင်တန်းသားအိပ်ဆောင်

သင်တန်းသားများအိပ်ဆောင်ပုံ

သင်တန်းသူများအိပ်ဆောင်ပုံများ


သရုပ်ပြဘူတာယာဒ်ဝင်းပုံ

စစ်ရေးပြကွင်းပုံ

ယာဉ်ငယ်မောင်းလေ့ကျင့်ရေးကွင်းပုံ

ယာဉ်ကြီးမောင်းလေ့ကျင့်ရေးကွင်းပုံ

ကျောင်းရှေ့ယာဉ်ကြီးမောင်းလေ့ကျင့်ရေးကွင်းပုံ

သုံးထပ်အိပ်ဆောင်ရှေ့လေ့ကျင့်ရေးကွင်း

တစ်နေ့တာ သင်တန်းအချိန်ဇယား

၁။ ၀၅၀၀ - အိပ်ယာထချိန်

၂။ ၀၅:၃၀-၀၆:၃၀ - နံနက်ကျန်းမာရေးလေ့ကျင့်ချိန်

၃။ ၀၇:၃၀ - တန်းစီချိန်(သင်တန်းတက်)

၄။ ၀၈၀၀-၀၈:၄၀ - ပထမအချိန်

၅။ ၀၈:၄၅-၀၉:၂၅ - ဒုတိယအချိန်

၆။ ၀၉:၃၅-၁၀:၁၅ - တတိယအချိန်

၇။ ၁၀:၂၀-၁၁:၀၀ - စတုတ္ထအချိန်

၈။ ၁၁:၀၀-၁၂:၃၀ - နေ့လယ်စာ စားချိန်

၉။ ၁၂:၃၀-၁၃:၁၀ - ပဉ္စမအချိန်

၁၀။ ၁၃:၁၅-၁၃:၅၅ - ဆဌမအချိန်

၁၁။ ၁၄:၀၅-၁၄:၄၅ - သတ္တမအချိန်

၁၂။ ၁၄:၅၀-၁၅:၃၀ - အဌမအချိန်

၁၃။ ၁၆:၀၀-၁၇:၀၀ - အားကစား+သန့်ရှင်းရေး

၁၄။ ၁၇:၃၀-၁၈:၃၀ - ညစာစားချိန်

၁၅။ ၁၉:၀၀-၂၀:၃၀ - ညစာကြည့်ချိန်/ညလေ့ကျင့်ခန်း

၁၆။ ၂၁:၃၀ - မီးပိတ်/ညအိပ်ချိန်

လစဉ်/အပတ်စဉ် စစ်ဆေးခြင်းလုပ်ငန်းဇယား
စစ်ရေးပြနှင့် ဝတ်စားဆင်ယင်မှု စစ်ဆေးခြင်း

၁။ ကျောင်းအုပ်ကြီး - လတစ်လ၏စတုတ္ထပတ်သောကြာနေ့

(အရာထမ်း/အမှုထမ်းအားလုံး)

၂။ ဒုတိယကျောင်းအုပ်ကြီး - လတစ်လ၏ပထမ ပတ် တနင်္လာနေ့

(နည်းပြနှင့်သင်တန်းသားများအားလုံး)

၃။ ညွှန်ကြားရေးမှူး(စီမံ) - လတစ်လ၏ဒုတိယပတ် သောကြာနေ့ (စီမံခန့်ခွဲရေးဝန်ထမ်းများအားလုံး)

၄။ ညွှန်ကြားရေးမှူး/ - ကျန်သီတင်းပတ် တနင်္လာနေ့များ

ဒုတိယညွှန်ကြားရေးမှူး(သလရ) (နည်းပြနှင့် သင်တန်းသားအားလုံး)

ကျောင်းအုပ်ကြီးမှဝန်ထမ်းများအားစစ်ရေးပြနှင့်ဝတ်စားဆင်ယင်မှုစစ်ဆေးခြင်း

ကျောင်းအုပ်ကြီးမှ စစ်ရေးပြနှင့် ဝတ်စားဆင်ယင်မှု အကောင်းဆုံးဆု(အမျိုးသား)အား ဆုချီးမြှင့်စဉ်

အိပ်ဆောင်ခင်းကျင်းမှု စစ်ဆေးခြင်း

၁။ ကျောင်းအုပ်ကြီး - လတစ်လ၏ တတိယပတ် သောကြာနေ့

၂။ ဒုတိယကျောင်းအုပ်ကြီး - လတစ်လ၏ဒုတိယပတ် သောကြာနေ့

၃။ ညွှန်ကြားရေးမှူး/ဒုညွှန်ကြားရေးမှူး(သလရ) - ကျန်သီတင်းပတ် အင်္ဂါနေ့

သင်တန်းသား အိပ်ဆောင် ကစ်ခင်းကျင်းထားပုံ

စာသင်ဆောင်များ/စားရိပ်သာနှင့်ကျောင်းဝင်းအတွင်း လှည့်လည်စစ်ဆေးခြင်း

၁။ ကျောင်းအုပ်ကြီး - တစ်လလျှင် တစ်ကြိမ်

၂။ ဒုတိယကျောင်းအုပ်ကြီး - တစ်လလျှင် နှစ်ကြိမ်

၃။ ညွှန်ကြားရေးမှူး/ ဒုတိယညွှန်ကြားရေးမှူးများ - တစ်ပတ်လျှင်အနည်းဆုံး တစ်ကြိမ်

မှတ်ချက်။ တာဝန်ရှိအရာရှိကြီးများသည် လစဉ်/အပတ်စဉ် စစ်ဆေးခြင်း လုပ်ငန်း ဇယား အတိုင်း မပျက်မကွက် စစ်ဆေးဆောင်ရွက်စစ်ဆေးချက်အစီရင်ခံစာ များအားကျောင်းအုပ်ကြီးထံသို့ စစ်ဆေး သည့် နေ့ရက် နေ့လယ် (၁၂:၀၀) မတိုင်မီ အပြီး ပြုစုတင်ပြ ရမည်။

ကျောင်းအုပ်ကြီးမှစာသင်ဆောင်များအား လှည်လည့်စစ်ဆေးခြင်း

ကျောင်းအုပ်ကြီးမှ မော်တော်ယာဉ်သရုပ်ပြဆောင်များအား လှည့်လည်စစ်ဆေးခြင်း

ကျောင်းအုပ်ကြီးမှ ရထားသရုပ်ပြဆောင်များ လှည်လည့်စစ်ဆေးခြင်း

ကျောင်းအုပ်ကြီးမှ စက်ခေါင်းအမှတ် DD 1132 နှင့် အချက်ပြစနစ်များအားလှည်လည့်စစ်ဆေးခြင်း

ကျောင်းဆေးပေးခန်းစစ်ဆေးမှုမှတ်တမ်း

ကျောင်းအုပ်ကြီးမှ ဆံသဆိုင်အား လှည့်လည်စစ်ဆေးခြင်း

Driving Simulator ဖြင့် လက်တွေ့လေ့ကျင့်မောင်းနှင်ပေးမှုမှတ်တမ်း

Traction Motor အလုပ်လုပ်နေပုံ စစ်ဆေးမှုမှတ်တမ်း

သင်တန်းသား/သူများသက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးထားမှု အခြေအနေ

၁။ နေ့စဉ် နံနက်စာ တစ်ဦးလျှင် ၁၀ဝိ/-ကျပ်နှုန်းဖြင့် သက်သာရန်ပုံငွမှ ထပ်ဆောင်း ကျွေးမွေးခြင်း။

၂။ အပတ်စဉ် ငါးပိချက် ၊ ငါးပိကြော် ၊ ငံပြာရည်ကြော် ၊ ငါးခြောက်ကြော် တို့ကိုအလှည့်ကျ ဖြည့်စွက်ကျွေးမွေးခြင်း။

၃။ အခါအားလျော်စွာ သင်တန်းသား/သင်တန်းသူများအားအထူးနေ့လည်စာကျွေးမွေးခြင်း။

၄။ ဆီးချိုရောဂါသမားများ ထမင်းစားသုံးမှုအဆင်ပြေစေရန် အတွက် သီးသန့်ထမင်းချက်ပြုတ် စားသောက်နိုင်ရေးအတွက် ပေါင်းအိုးစီစဉ်ထားရှိပေးခြင်း။

၅။ အဝတ်လျှော်စက် (၄)လုံး နှင့် လျှပ်စစ်မီးပူ( ၂ ) လုံး စီစဉ်ထားရှိခြင်း။

၆။ ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းသော သောက်သုံး ရေရရှိစေရန် ရည်ရွယ်၍ နှစ်ထပ်ာသင်ဆောင်နှင့် သုံးထပ်အိပ်ဆောင် အနီးတွင် ရေသန့်စက် (၁)လုံးစီ တပ်ဆင်ထားပေးခြင်း၊ စာသင်ဆောင်နယ်မြေနှင့် ဌာနချုပ် ရုံးတွင်Magnetic Water Supply ရေသန့်စက်(၂)လုံးတပ်ဆင် ပေးခြင်း။

၇။ ကျွမ်းကျင်သည့် ဆံသဆရာတစ်ဦးကိုဝန်ထမ်းအဖြစ် ခန့်ထားပေးခြင်း။

(တစ်ဦးလျှင် ၃၀ဝိ/ကျပ်နှုန်း)

၈။ ဆေးပေးခန်း ဖွင့်လှစ်ထားရှိခြင်း။

၉။ Sky Net တပ်ဆင်ပေးခြင်း။

၁၀။ Mobile Library ထားရှိပေးခြင်း။

၁၁။ နှစ်ထပ်စာသင်ဆောင်တွင် ကမ္ဘောဇဘဏ်မှ ATM တပ်ဆင်ပေးခြင်း။

၁၂။ ဘော်လုံး ၊ ဘော်လီဘော ၊ စားပွဲတင်တင်းနစ် ၊ စစ်တုရင် စသည့်အားကစားပစ္စည်းများ ဝယ်ယူ ထားရှိပေးခြင်း။

၁၃။ သင်တန်းကာလအတွင်း အခါကြီး ၊ ရက်ကြီးများ၌ ​ကျောင်း၏ ဆောင်ရွက်မှုများတွင် ါဝင် စေခြင်း။

စားရိပ်သာတွင်း သင်တန်းသား/သူများ စားသောက်နေပုံမှတ်တမ်း နှင့် ဆီးချိုရောဂါရှိသော သင်တန်းသား/သူများအတွက် ပေါင်းအိုးသီးသန့်စီစဉ်ပေးထားပုံ

သင်တန်းသား/သူများအတွက်နှစ်ထပ်စာသင်ဆောင်တွင် ရေသန့်စက်တပ်ဆင်ပေးထားပုံ

သင်တန်းသား/သူများအတွက်စာသင်ဆောင်တွင် Magnetic Water Supply ရေသန့်စက်တပ်ဆင်ပေးထားပုံ

သင်တန်းသား၊သင်တန်းသူများအတွက် စားရိပ်သာအနီးတွင် ရေသန့်စက်တပ်ဆင်ပေးထားပုံ

သင်တန်းသား၊ သင်တန်းသူများအတွက် စာဖတ်ခန်းထားရှိပေးထားပုံ

 

 

 

 

 

 

 

 

  

 

သင်တန်းသား၊သင်တန်းသူများအတွက် Sky Net ထားရှိပေးထားပုံ 

 

 

 

 

 

 

 

 

 

 

 

သင်တန်းသား/သူများအတွက် အဝတ်လျှော်စက်များထားရှိပေးပုံ 

သင်တန်းသား၊သင်တန်းသူများအတွက် ကျောင်းတွင်ဆေးပေးခန်းထားရှိပေးထားပုံ

 သင်တန်းသားများ အလွယ်တကူငွေထုတ်နိုင်ရန်Mobile ATM တပ်ဆင်ဆောင်ရွက်မှုမှတ်တမ်း 

သင်ကြားလေ့ကျင့်ရေးဆိုင်ရာပြုပြင်ပြောင်းလဲဆောင်ရွက်နေမှုများ

(က) တိုးတက်ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ အတွေးအခေါ် ၊ စိတ်ဓာတ်၊ စည်းကမ်း ၊ ခံယူချက်များ မြှင့်တင်တည့်မတ်ပေးနိုင်မည့် ၊ အထူးသဖြင့် ဝန်ထမ်းများ၏ တွေးခေါ်မှုပုံစံ Mind set ကို အခြေခံမှစ၍ ပြုပြင်ပြောင်းလဲပေးနိုင်မည့် ဘာသာရပ် များအား ထည့်သွင်း ပို့ချခြင်း ။

() နည်းပြများအပိုင်းတွင်ခေတ်နှင့်အညီဆရာဗဟိုပြုသင်ကြားမှုစနစ်မှကျောင်းသားဗဟိုပြုသင်ကြား မှုစနစ်သို့ပြောင်းလဲနိုင်ရေးအတွက် နည်းပြမွမ်းမံသင်တန်းများ ဖွင့်လှစ် ဆောင်ရွက်ခြင်း ။

() သင်တန်းသားများအနေဖြင့် တစ်ဆင့်ခံ သင်ကြားသင်ယူမှုထက် ကိုယ်တိုင်လေ့လာ ဆည်းပူးမှု ( Self Study) စနစ်သို့ ကူးပြောင်းရန် (အထူးသဖြင့် အရာရှိအဆင့်သင်တန်း များတွင် ) တွန်းအားပေး ဆောင်ရွက်ခြင်း။

() သင်တန်းသားများအားအလွတ်ကျက်မှတ်စနစ်မှ Critical Thinking စနစ်ကို ပြောင်းလဲ ကျင့်သုံး စေခြင်း။

() ကျောင်း၌ ဖွင့်လှစ်သည့် သင်တန်းများတွင် ရုံးစာရေးသားနည်း ဘာသာရပ်အားမဖြစ်မနေ ထည့်သွင်းပို့ချစေခြင်း။

() ကျောင်းရှိဝန်ထမ်းများ ၊ သင်တန်းသားများအားလုံး စာဖတ်သည့် အလေ့အထရှိအောင် လေ့ကျင့် ပေးရန် ၊ Library ကို ယခုထက် ကျယ်ကျယ်ပြန့်ပြန့် ထားရှိရန် နှင့် စာအုပ် များစုဆောင်းထားရှိခြင်း။

() ဆရာဗဟိုပြုစနစ်မှ ကျောင်းသားဗဟိုပြု သင်ကြားသောစနစ်ကို ပြောင်းလဲကျင့်သုံးခြင်း။

() ကျောင်း၌ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးလျက်ရှိသည့် ဒုရုံပိုင်သင်တန်း ၊ စက်ခေါင်းမောင်း (ပညာသင်)သင်တန်း ၊ သံလမ်းအုပ်အခြေခံသင်တန်းများကို နိုင်ငံတကာ စံချိန်စံညွှန်း နှင့်အညီ အရည်အသွေးပြည့်ဝစွာ သင်ကြားလေ့ကျင့်ပေးနိုင်ရေး သင်တန်းကာလနှင့် ပို့ချသည့်ဘာသာရပ်များ ပြန်လည်ဆန်းစစ်ရန်။

(စျ) ယာဉ်ကြီးမောင်းသင်တန်းသို့ တက်ရောက်လာသည့် သင်တန်းသားများအား တတ်မြောက် အောင် စနစ်တကျ သင်ကြားပေးရန်နှင့် စစ်ဆေးမှုကို စနစ်တကျ ခံယူနိုင်ရေး ဆောင် ရွက်ရန်။

နိဂုံး

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းအနေဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ဝန်ကြီးရုံးနှင့်လက်အောက်ခံဌာန(၁၈)ခု တို့မှဝန်ထမ်းများကို လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်လာစေရေး အလေးထားဆောင်ရွက်လျက် ရှိပါသည်။ အထက်ဌာန၏ လမ်းညွှန်ချက်များကို နာခံ၍ " စိတ်ဓါတ် ၊ စည်းကမ်း ၊ စွမ်းရည် " ပြည့်ဝသည့် အရည်အချင်းမြင့်မားသော ကျွမ်းကျင်သူများကို သင်ကြားလေ့ကျင့် မွေးထုတ်ပေးနိုင်ရေး"ကျောင်းနေပျော်၍လေ့ကျင့်မှု တော်ရမည် " ဟူသော ဆောင်ပုဒ်ကို ချမှတ်ကာ ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။