ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း-လုပ်ငန်းစဉ်များ
မူဝါဒ
နိုင်ငံတော်၏ ပို့ဆောင် ၊ ဆက်သွယ်ရေး ဝန်ဆောင်မှုကဏ္ဍများအတွက် စိတ်ဓာတ်၊ စည်းကမ်း၊ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားသည့် အရည်အသွေးပြည့်မီသော ဝန်ထမ်းကောင်းများ ဖြစ်အောင် လေ့ကျင့်ပြုစု ပျိုးထောင်ပေးရန်။
ရည်မှန်းချက်
(က) လုပ်ငန်းလက်စွဲပါလုပ်နည်းစနစ်များနှင့်တိုးတက်လာသောနည်းပညာများကို ကျွမ်းကျင် တတ်မြောက်စေရေး လေ့ကျင့်ပေးရန်။
(ခ) လက်ဝယ်ရှိစွမ်းအားစုများကို ထိရောက်စွာ ပေါင်းစပ်သုံးစွဲစီမံခန့်ခွဲ၍ လုပ်ငန်းတာဝန်များ ကိုပြီးမြောက်အောင်မြင်စွာထမ်းဆောင်နိုင်စေရန်။
(ဂ) အမျိုးသားနိုင်ငံရေးဖြစ်စဉ်အား သိမြင်နားလည်ပြီး ပြည်သူနှင့်ဆက်ဆံရေးတိုးတက် ကောင်းမွန်စေရန်။
လုပ်ငန်းစဉ်
(က) ကျောင်းရှိနည်းပြများ၊ ဝန်ထမ်းများနှင့် သင်တန်းသား ၊ သင်တန်းသူများကိုနည်းပညာနှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှု အရည်အသွေး တိုးတက်မြင့်မားစေရေး စိတ်ဓာတ် ၊ စည်းကမ်း ၊ ခံယူချက် တည့်မတ် မှန်ကန်စေရေးအတွက် ဦးတည်ရည်မှန်း လေ့ကျင့် ပျိုးထောင် ပေးရန်။
(ခ) စာတွေ့သာမကလက်တွေ့နယ်ပယ်၌ပါ နှံ့စပ်ကျွမ်းကျင်စေရေးအတွက် လုပ်ငန်းခွင်နှင့် ဆက်စပ်သောစက်ရုံ၊ အလုပ်ရုံများ၊ သင်တန်းများသို့ သွားရောက်လေ့လာ သင်ယူစေရန်။
(ဂ) ဝန်ထမ်းများ၏ လုပ်ငန်းခွင်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို အခြေခံ၊ မွမ်းမံနှင့် ဉာဏ်သစ်လောင်းဟူ၍အဆင့်ဆင့်ဖွင့်လှစ်လေ့ကျင့်သင်ကြားပေးရန်။
(ဃ) တိုးတက်ပြောင်းလဲလာသော နည်းပညာများ နှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှု အရည်အသွေး တိုးတက်မြင့်မားရေးအတွက် ပြည်ပသို့ ပညာတော်သင်များ စေလွှတ်ခြင်း ပြည်တွင်း ပြည်ပ သင်တန်းများတွင် ကျောင်းမှ ဝန်ထမ်းများ စဉ်ဆက်မပြတ် ပါဝင် တက်ရောက် စေရန်။
(င) နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် အထောက်အကူပြုနိုင်ရေး အတွက်နောက်တွဲပါ(၂၂)ဘီးယာဉ်များမောင်းနှင်နိုင်မည့် ကျွမ်းကျင်ယာဉ်မောင်း များမွေးထုတ်ပေးရန်။
(စ) မြန်မာနိုင်ငံသားများအားလုံးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ် ပေးနိုင် ရေးအတွက် ယာဉ်မောင်း ၊ ယာဉ်ပြင် ၊ ဂဟေ ၊ လျှပ်စစ် အခြေခံသင်တန်းများ Public သို့ဖွင့်လှစ်ပေးနိုင်ရေးစည်းရုံးဆောင်ရွက်ခြင်း။
(ဆ) ဝန်ကြီးဌာန (၃)ခုအား ပေါင်းစုလိုက်သည့် အတွက် တိုးလာသော ဌာနများ၏လိုအပ်ချက် များနှင့် အညီ လုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်းများ တိုးမြှင့် ဖွင့်လှစ် သင်ကြားပေးနိုင် ရန်။
(ဇ) နည်းပြများကို မွမ်းမံသင်တန်းများပေးခြင်း၊အရည်အချင်းမြင့်မားသော ဘွဲ့ရဝန်ထမ်းများ ရွေးချယ်ခန့်အပ် တာဝန်ပေးခြင်းတို့ဖြင့်ကျောင်း၏ Capacity ကို မြှင့်တင် တည်ဆောက် ရန်။
(စျ) လေ့ကျင့်ရေးကွင်းများကို အဆင့်မြင့်တင်တည်ဆောက်ရန် နှင့် အရည်အသွေး ၊ အရည်အချင်းရှိသော သင်ထောက်ကူပစ္စည်းများ စုဆောင်းဖြည့်တင်း၍ သင်ကြား ပေးရန်။
(ည) ကျောင်းနေပျော်စေရေးအတွက် ဝန်ထမ်းများ နှင့် သင်တန်းသားများ၏ သက်သာချောင်ချိ ရေးကို အလေးထားဆောင်ရွက်ပေးရန်။
(ဋ) သင်တန်းများတွင် ကွန်ပျူတာ ဘာသာရပ်သင်ကြားသည့်အပြင် Internet, e-mail, Networking တို့ကိုပါ ထည့်သွင်းသင်ကြားပေးပြီး e-Government စနစ် အောင်မြင်ရေးကို အထောက် အပံ့ဖြစ်စေရန်။
(ဌ) ကျောင်းကို အဆင့်မြှင့်တင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ ကျောင်း များ၊ တက္ကသိုလ်များနှင့် ချိတ်ဆက်ဆောင်ရွက်ရန်။
(ဍ) ကျောင်းကို Land Transport Staff College အဖြစ် ရည်မှန်းချက်ထားပြီး အဆင့်မြှင့်တင်နိုင်ရေး စီမံဆောင်ရွက်သွားရန်။
၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် (၁-၁၀-၂၀၂၀ မှ ၂၈-၂-၂၀၂၁ အထိ) အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေ
|
စဉ် |
ငွေစာရင်းခေါင်းစဉ် |
မူလ လျာထားငွေ (ကျပ်သန်း) |
၂၈.၂.၂၀၂၁ ရငွေ / သုံးစွဲပြီးငွေ (ကျပ်သန်း) |
ရာခိုင်နှုန်း |
|
၁။ |
သာမန်ရငွေ |
၁၄.၂၀၂ |
၆.၃၁၄ |
၄၄.၄၆% |
|
၂။ |
သာမန်အသုံးစရိတ် |
၁၀၁၈.၂၂၉ |
၃၉၅.၇၁၆ |
၃၈.၈၆% |
|
၃။ |
ငွေလုံးငွေရင်းရငွေ |
- |
- |
- |
|
၄။ |
ငွေလုံးငွေရင်းအသုံးစရိတ် |
၁၀၆၇.၃၁၇ |
၈၆၀.၀၃၁ |
၈၀.၅၈ % |
- ရငွေတွင် ဝန်ထမ်းများထံမှ အိမ်လခ၊ ဆိုင်ခန်းငှားရမ်းခ၊ အလုပ်ရုံမီတာခ၊ ဆက်သွယ်ရေးတာဝါတိုင်အတွက် မြေနေရာငှားရမ်းခတို့မှရရှိခြင်းဖြစ်ပါသည်။
- ငွေလုံးငွေရင်းအသုံးစရိတ်၌ ဆောက်လုပ်ရေးလုပ်ငန်း(၂၈)မျိုး ကျပ် (၈၉၉.၂၉၀) သန်း သုံးစွဲခွင့်ရရှိခဲ့ပြီး၊ တင်ဒါအောင်မြင်သည့်အပေါ် လုပ်ငန်း(၁၆)မျိုး ၁၀၀%၊ လုပ်ငန်း (၇)မျိုး၇၅%၊ လုပ်ငန်း(၁)မျိုး၅၀%၊ လုပ်ငန်း(၄)မျိုး၂၅% တို့ကို ကျပ်(၆၉၄.၅၉၄)သန်း ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီပေးချေခဲ့ပါသည်။
- စက်ပစ္စည်း(၃၀)မျိုးဝယ်ယူခြင်းနှင့် ယာဉ်အကြီးစားပြင်ဆင်ခြင်းတို့အတွက် ကျပ် (၁၆၈.၀၂၇)သန်း သုံးစွဲခွင့်ရရှိခဲ့ပြီး၊ စက်ပစ္စည်း(၃၀)မျိုးဝယ်ယူခြင်းနှင့် ယာဉ်အကြီးစား ပြင်ဆင်ခြင်းတို့အတွက် ကျပ်(၁၆၅.၄၃၇)သန်းကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့် အညီ ပေးချေခဲ့ပါသည်။
၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်းအသုံးစရိတ်
ကျပ်သန်းပေါင်း
|
စဉ် |
စီမံကိန်း/လုပ်ငန်းအမည် |
ခွင့်ပြုလျာထားငွေ |
|
ငွေလုံးငွေရင်းအသုံးစရိတ် |
၁၀၆၇.၃၁၇ |
|
|
၁ |
ဆောက်လုပ်ရေး(၂၈)မျိုး |
၈၉၉.၂၉၀ |
|
၂ |
စက်ပစ္စည်း |
၁၆၈.၀၂၇ |
|
၃ |
အခြား |
- |
|
စုစုပေါင်း |
၁၀၆၇.၃၁၇ |
မြေယာပိုင်ဆိုင်မှု ဆောင်ရွက်ထားမှု အခြေအနေ
-
ကျောင်းပိုင်မြေဧရိယာ စုစုပေါင်း ၁၉၄.၄၂ ဧက
- လယ်မြေ ၅၈.၄၀ ဧက
- ယာမြေ ၉၉.၃၅ ဧက
- အခြားမြေ ၃၆.၆၇ ဧက
-
အခြားမြေ (OA) ( ၃၆.၆၇ )ဧကမှာ ကျောင်းပိုင်မြေဂရန်အဖြစ် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။
-
လယ်မြေ(၅၈.၄၀)ဧကနှင့် ယာမြေ ( ၉၉.၃၅ )ဧကကိုလည်း ပြည်ထဲရေးဝန်ကြီးဌာန မှ ၁၃၇၉ ခုနှစ် ၊ ဝါခေါင်လဆန်း ၁၀ ရက် ၊ ၂၀၁၇ ခုနှစ် ၊ သြဂုတ်လ၂ ရက်နေ့ အမိန့် ကြော်ငြာစာအမှတ် ( ၁၀၃၈/၂၀၁၇)ဖြင့် ကျောင်းမြေနေရာအဖြစ် အခမဲ့လွှဲပြောင်းရရှိ ခဲ့ပြီးဖြစ်ပါသည်။
-
ကျောင်းပိုင်မြေအားလုံးကိုလည်း ကျောင်းအမည်ပေါက်ရရှိအောင်ဆောင်ရွက်ထားပြီးဖြစ်ပါသည်။
ကျောင်းပိုင်မြေ၏ ကွင်းမြေပုံ (၁၉၄.၄၂ဧက)
ကျောင်းပိုင်မြေအားကောင်းကင်မှ ရိုက်ထားပုံ(၁၉၄.၄၂ဧက)
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း အကွက်ချပုံစံနှင့်အဆောက်အဦများ
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းရေပေးဝေမှုစနစ်
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းလျှပ်စစ်ဓါတ်အားပေးမှုအခြေအနေ
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းရှိ အိမ်ထောင်သည်လိုင်းခန်းအခြေအနေ
လက်ရှိဖွဲ့စည်းပုံ - (၃၅) + (၂၃၀) = (၂၆၅)ဦး
ခန့်အပ်အင်အား - (၃၃) + (၁၄၈)= (၁၈၁)ဦး
|
အကြောင်းအရာ |
အင်အား |
အိမ်ထောင် |
||
|
ခွင့်ပြု |
ခန့်ထား |
ရှိ |
မရှိ |
|
|
အရာထမ်း |
၃၅ |
၃၃ |
၂၈ |
၅ |
|
အမှုထမ်း |
၂၃၀ |
၁၄၈ |
၉၇ |
၅၁ |
|
ပေါင်း |
၂၆၅ |
၁၈၁ |
၁၂၅ |
၅၆ |
အရာထမ်းအိမ်ရာ - ၂၂ လုံး = ( ၂၂ ယူနစ် )
အမှုထမ်းအိမ်ရာ - ၄၉ လုံးx ၂ခန်း = ( ၉၈ ယူနစ် )
စုစုပေါင်း = (၁၂၀ ယူနစ်) (၅ ယူနစ်လို)
- အိမ်ထောင်သည်လိုင်းခန်းအတွင်း နေထိုင်သူ(၁၂၀)ဦး ရှိပါသည်။ ထပ်မံလိုအပ်သည့် လိုင်းခန်းများကို ဘဏ္ဍာနှစ်အလိုက် တင်ပြတောင်းခံဆောက်လုပ်သွားပါမည်။
မော်တော်ယာဉ်များစာရင်း
|
စဉ် |
ယာဉ်အမျိုးအစား |
လေ့ကျင့်ရေးယာဉ် |
အုပ်ချုပ်မှုယာဉ် |
အရေအတွက် |
|
(၁) (၂) (၃) (၄) (၅) (၆) (၇) (၈) (၉) (၁၀) (၁၁) (၁၂) (၁၃) (၁၄) |
Station Wagon Wagon Saloon Mazda Truck Light Truck Bus Bouser Micro Bus Dump Truck Mini Bus Tractor Head Van Pickup |
- ၇ ၇ - ၁၅ - - - ၂ ၃ ၁ ၅ - ၁ |
၄ ၄ ၆ ၄ ၄ ၅ ၁ ၂ ၂ ၁ - - - - |
၄ စီး ၁၁ စီး ၁၃ စီး ၄ စီး ၁၉ စီး ၅ စီး ၁ စီး ၂ စီး ၄ စီး ၄ စီး ၁ စီး ၅ စီး - စီး ၁ စီး |
|
စုစုပေါင်း |
၄၁ စီး |
၃၃ စီး |
၇၄ စီး |
ယာဉ်အိုယာဉ်ဟောင်း(၁၈) စီးတို့ကို အရည်ကျိုအပ်နှံရန်ရှိပါသည်။
မော်တော်ဆိုင်ကယ်များစာရင်း
|
SR No. |
REGISTRATION NO. |
BRAND |
MODEL |
ENGINE POWER |
|
( ၁ ) ( ၂ ) ( ၃ ) ( ၄ ) ( ၅ ) ( ၆ ) ( ၇) ( ၈ ) ( ၉ ) (၁၀) (၁၁) (၁၂) (၁၃) (၁၄) (၁၅) |
ယ / ၃၀၇၀၁ ၂ယ / ၁၁၁၅ ၂ယ / ၁၁၁၆ ၁ယ / ၈၇၇၉၆ ၁ယ / ၈၇၇၉၇ ၁ယ / ၉၄၉၃၉ ၁ယ / ၉၄၉၄၀ ၁ယ / ၉၉၈၀၆ ၁ယ / ၉၉၈၀၇ ၃၅ယ/၂၉၂၅၆ ၃၅ယ/၂၉၃၄၇ ၃၅ယ/၂၉၃၄၈ ၃၅ယ/၂၉၃၄၇ ၄၈ယ/၃၉၇၉၀ ၆၀ယ/၃၁၅၈၅ |
YAMAHA KENBO YINXIAING KENBO KENBO HONDA HONDA YINXIAING BOSSBO SUZUKI JLM FEILING TRSTA KAWASAKI YES SUMBO |
- 2004 2004 2003 2003 2000 2002 2010 2011 2005 2010 2010 2010 1993 2004 |
125 CC 110 CC 110 CC 110 CC 125 CC 100 CC 100 CC 125 CC 110 CC 110 CC 100 CC 110 CC 125 CC 110 CC 125 CC |
|
စုစုပေါင်း -၁၅ စီး |
ပြုပြင်သုံးစွဲ၍ မရနိုင်သည့် မော်တော်ဆိုင်ကယ် (၂ ) စီးတို့ကို အရည်ကျိုအပ်နှံရန်ရှိပါသည်။
စက်မောင်းဆီ လစဉ်ခွဲတမ်း ရရှိမှုအခြေအနေ
|
ဒီဇယ် |
ဓါတ်ဆီ |
အောက်တိန်း 92 |
|
||||||
|
လေ့ကျင့် ရေးသုံး |
အုပ်ချုပ် မှုသုံး |
စုစုပေါင်း |
လေ့ကျင့် ရေးသုံး |
အုပ်ချုပ် မှုသုံး |
စုစုပေါင်း |
လေ့ကျင့် ရေးသုံး |
အုပ်ချုပ် မှုသုံး |
စုစုပေါင်း |
|
|
၆၁၅ |
၈၉၀ |
၁၅၀၅ |
- |
၅၀၄ |
၅၀၄ |
- |
၂၀၀ |
၂၀၀ |
|
မှတ်ချက်။ လစဉ်စက်မောင်းဆီ (၂၂၀၉) ဂါလန် ရရှိပြီး လစဉ် ဒီဇယ်ဆီ (၁၅၀၅) ဂါလန်နှင့် အောက်တိန်း 92 ဆီ (၇၀၄) ဂါလန် စုစုပေါင်း (၂၂၀၉) ဂါလန်ကို (၁.၁၀.၂၀၁၉) ရက်နေ့မှစ၍ ဝယ်ယူမှုကို တင်ဒါလုပ်ထုံး လုပ်နည်းညွှန်ကြားချက် အမှတ် ၁ / ၂၀၁၇ နှင့်အညီ စျေးနှုန်း အဆိုပြုလွှာခေါ်၍ ဝန်ကြီးရုံးတင်ဒါကော်မတီ ခွင့်ပြုချက်ဖြင့် ဝယ်ယူသုံးစွဲလျက်ရှိပါ သည်။
သက်သာရန်ပုံငွေ (၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလကုန်အထိ)
သက်သာချောင်ချိရေးထောက်ပံ့ပေးနိုင်မှုအခြေအနေ
ငွေစုငွေချေး သမဝါယမအသင်းဖွဲ့စည်းထားရှိမှု
( ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလကုန်အထိ )
- အသင်းဝင်ရက်စွဲ - ၇ . ၁၁. ၁၉၉၃
- အသင်းသားဦးရေ - (၁၅၇) ဦး
- လစဉ်စုဆောင်းငွေ - ဝန်ထမ်းဆန္ဒအရ ၁,၀၀ဝိ/ - မှ ၅၀,၀၀ဝိ/-အထိ
- စုဆောင်းငွေပေါင်း - ၆,၉၆၅,၆၀၀/-ကျပ်
- လစဉ်အတိုးရငွေ - ၃,၇၃၉,၈၀၀/-ကျပ်
- တစ်ဦးချင်းပြန်ချေးငွေ - စုဆောင်းထားရှိငွေ၏(၃) ဆ
- အတိုးနှုန်း - ၁ ကျပ်
- ပြန်ဆပ်ရမည့်ကာလ - အနည်းဆုံး(၁၀) လမှအများဆုံး(၁၅)လအထိ
- ကော်မတီဖွဲ့စည်းထားရှိမှု - ဥက္ကဌ ၊ အတွင်းရေးမှူး ၊ အဖွဲ့ဝင် (၃)ဦး
စုစုပေါင်း (၅)ဦးဖြင့် ဖွဲ့စည်းထားရှိပါသည်။
ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အစီအမံ
( ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလကုန်အထိ)
- စတင်သည့်ရက်စွဲ - ၁၀ . ၁၀ . ၂၀၁၈
- လက်ရှိရန်ပုံငွေပမာဏ - ၁၀,၄၅၉,၄၀ဝ-ကျပ်
- ချေးပေးမည့်ပမာဏ - တစ်ဦးလျှင် ၂၀၀,၀၀ဝ/-ကျပ်နှုန်း
(အများဆုံး)
- ချေးပေးသည့်စနစ် - ချေးငွေပေးဆပ်ရန်လက်ကျန်မရှိသူများကို ဦးစားပေးအစီအစဉ်အရချေးပေးပါသည်။
- အတိုးနှုန်း - ၁ ကျပ်
- ပြန်ဆပ်ရသည့်ကာလ - ( ၁၀ )လ
အကြွေးကင်းရှင်းရေးစီမံချက်
ကျောင်းရှိ ဝန်ထမ်းများ အကြွေး ဝန်ပိနေခြင်းမှ ကင်းရှင်းရေးအတွက် အောက်ဖော်ပြပါအတိုင်း လစာမှ အတိုးမဲ့(၁၀)ရစ် ပြန်လည်ပေးသွင်း စေသောစနစ်ဖြင့် ထုတ်ပေးခဲ့ပါသည်။ ချေးငွေများ ပြန်လည်ပေးဆပ်ပြီး ဖြစ်ပါသည်။
|
စဉ် |
စတင်ထုတ်ပေး သည့်လ |
ဦးရေ |
ငွေသား |
မှတ်ချက် |
|
၁။ |
၂၀၁၈- ခုနှစ်၊ ဇန်နဝါရီလ |
၉ ဦး |
၅,၀၅၀,၀၀ဝိ/- |
|
|
၂။ |
၂၀၁၈- ခုနှစ်၊ ဖေဖေါ်ဝါရီလ |
၇ ဦး |
၃,၇၉၅,၀၀ဝိ/- |
|
|
၃။ |
၂၀၁၈ - ခုနှစ်၊ ဧပြီလ |
၃ ဦး |
၃၈၅,၀၀ဝိ/- |
|
|
စုစုပေါင်း |
၁၉ ဦး |
၉,၂၃၀,၀၀ဝိ/- |
လူမှုဖူလုံရေးဝင်ရောက်မှုအခြေအနေ
- ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစတင်၍ လူမှုဖူလုံရေးအသင်းကို ဝန်ထမ်း(၁၇၄)ဦးဖြင့် စတင်ဝင်ရောက် ခဲ့ပြီး ယနေ့အချိန်ထိ ဝန်ထမ်းအားလုံး ( ၁၈၁ ) ဦး ဝင်ရောက် နိုင်ခဲ့ပါသည်။ ထည့်ဝင်ကြေးကို ဝန်ထမ်း၏ လစာနှုန်းထားအလိုက် လစဉ်လစာ ငွေ၏ ၃% ကို နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေ( အလုပ်ရှင် ) မှ လည်းကောင်း၊ လစာ ငွေ၏ ၂% ကို (အလုပ်သမား)၏ လစာငွေမှလည်းကောင်း လစဉ်ပေးသွင်းရပါသည်။
- လူမှုဖူလုံရေးအသင်းဝင်ရောက်မှုအတွက် ရရှိသည့်အကျိုးကျေးဇူးများမှာ- အလုပ် သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် မကျန်းမာမှု၊ မီးဖွားမှု၊ သေဆုံးမှုနှင့် အလုပ်တွင် ထိခိုက်မှုအတွက် ငွေကြေးအကျိုးခံစားခွင့်တို့အပြင် အငြိမ်းစားယူ ပြီးနောက် ဆေးဝါးကုသမှု ဆက်လက်ခံယူခွင့်၊ မိသားစုထောက်ပံ့မှု အကျိုးခံစား ခွင့်၊ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှုအကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုး ခံစားခွင့်များရရှိသည့်အတွက် လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ စသည့် အကျိုးကျေးဇူးများစွာကို ခံစားရရှိစေပါသည်။
သင်ကြားလေ့ကျင့်ရေးဆိုင်ရာ
သင်ကြားလေ့ကျင့်ရေးဌာန ဖွဲ့စည်းပုံနှင့် လက်ရှိနည်းပြခန့်အပ်ထားရှိမှု
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းနည်းပြများ၏ ပညာအရည်အချင်းအခြေပြဇယား
နည်းပြများ အရည်အသွေးအရည်အချင်း ပြည့်မီရေးအတွက် (Training for Trainer) အစီအစဉ် များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ပညာအရည်အချင်းမြင့်မားသော ဝန်ထမ်းများ မွေးထုတ်ပေးရန် ရည်ရွယ်၍ -
-
ကျောင်းမှဝန်ထမ်း ( ၇ ) ဦး ကို မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် MPA သင်တန်းသို့ လည်းကောင်း ၊ ဝန်ထမ်း (၃) ဦး ကို တရုတ်ဘာသာစကား သင်တန်းသို့လည်းကောင်း ၊ ဝန်ထမ်း(၃)ဦးကို ဂျပန်ဘာသာစကား သင်တန်းသို့ လည်းကောင်းတက်ရောက်စေလျက် ရှိပါသည်။
-
ဝန်ထမ်းသစ်များလိုအပ်လာပါက အရည်အချင်းပြည့်ဝသော ဘွဲ့ရများဖြင့် ခန့်ထားနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
နှစ်အလိုက် သင်တန်းဖွင့်လှစ်ခဲ့မှု အခြေအနေ
|
သင်ကြား လေ့ကျင့်ရေးနှစ် |
သင်တန်းအမျိုး အစားပေါင်း |
သင်တန်း အကြိမ်ရေ |
သင်တန်းသား ဦးရေ |
|
၂၀၁၅-၂၀၁၆ |
၂၉ |
၃၃ |
၇၉၄ |
|
၂၀၁၆-၂၀၁၇ |
၃၄ |
၄၃ |
၁၀၈၇ |
|
၂၀၁၇-၂၀၁၈ |
၃၈ |
၄၈ |
၁၁၇၂ |
|
၂၀၁၈ |
၂၇ |
၂၇ |
၆၉၀ |
|
၂၀၁၈-၂၀၁၉ |
၄၃ |
၅၇ |
၁၃၇၀ (လျာထား) |
၂၀၁၆-၂၀၁၇ ခု ၊ သင်ကြားလေ့ကျင့်ရေးနှစ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်ထက် ၂၉၃ ဦး တိုးမြှင့်ဖွင့်လှစ်နိုင်ပြီး၂၀၁၇-၂၀၁၈ခုနှစ် တွင် ၂၀၁၆-၂၀၁၇ ထက် ၈၅ ဦးတိုးမြှင့် ဖွင့်လှစ်နိုင်ခဲ့ပါသည်။ စုစုပေါင်း ၃၇၈ ဦး တိုး။
၂၀၂၀ ခုနှစ် အောက်တိုဘာလ မှ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ သင်ကြားလေ့ကျင့်ရေးနှစ်အတွင်း သင်တန်းများ ဖွင့်လှစ်ရန် လျာထားမှုအခြေအနေ

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း
၂၀၁၈ ခုနှစ် ဧပြီလ မှ စက်တင်ဘာလ အထိ ( ၆ လ ) တာကာလ
၂၀၁၈ ခုနှစ် ဧပြီလ မှ စက်တင်ဘာလအထိ သင်ကြားလေ့ကျင့်ရေးနှစ်အတွင်း သင်တန်းများ ဖွင့်လှစ်ခဲ့သည့် အခြေအနေ
|
စဉ် |
သင်တန်းဌာနခွဲအမည် |
သင်တန်း အမျိုးအစား |
သင်တန်း အကြိမ်ရေ |
သင်တန်းသား ဦးရေ |
|
၁ |
သင်ကြားလေ့ကျင့်ရေး(စာပေ) |
၅ - မျိုး |
၅ - ကြိမ် |
၁၂၀- ဦး |
|
၂ |
သင်ကြားလေ့ကျင့်ရေး(ပစ္စည်း)ဌာနခွဲ |
- |
- |
- |
|
၃ |
မော်တော်ယာဉ်သင်တန်းဌာနခွဲ |
၃ - မျိုး |
၃ - ကြိမ် |
၅၁- ဦး |
|
၄ |
ရထားသင်တန်းဌာနခွဲ |
၁၅ - မျိုး |
၁၅- ကြိမ် |
၃၈၉- ဦး |
|
၅ |
စက်မှုလက်မှုသင်တန်းဌာနခွဲ |
၁- မျိုး |
၁ - ကြိမ် |
၁၀ - ဦး |
|
၆ |
ဆက်သွယ်ရေးသင်တန်းဌာနခွဲ |
၃- မျိုး |
၃ - ကြိမ် |
၁၂၀ - ဦး |
|
|
စုစုပေါင်း |
၂၇- မျိုး |
၂၇ - ကြိမ် |
၆၉၀- ဦး |
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း
၂၀၁၈ ခုနှစ် ၊ အောက်တိုဘာလ မှ ၂၀၁၉ ခုနှစ် ၊ စက်တင်ဘာလ အထိ

၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ
သင်ကြားလေ့ကျင့်ရေးနှစ်အတွင်း (အဆိုပြုပြီး)အမှန်တကယ်ဖွင့်လှစ်မည့် သင်တန်းများ အခြေအနေ
|
စဉ် |
သင်တန်းဌာနခွဲအမည် |
သင်တန်း အမျိုးအစား |
သင်တန်း အကြိမ်ရေ |
သင်တန်း သားဦးရေ |
|
၁ |
သင်ကြားလေ့ကျင့်ရေး(စာပေ) |
၈ - မျိုး |
၁၂- ကြိမ် |
၃၁၂- ဦး |
|
၂ |
သင်ကြားလေ့ကျင့်ရေး(ပစ္စည်း)ဌာနခွဲ |
၁ - မျိုး |
၁- ကြိမ် |
၂၂- ဦး |
|
၃ |
မော်တော်ယာဉ်သင်တန်းဌာနခွဲ |
၄ - မျိုး |
၅-ကြိမ် |
၈၂ - ဦး |
|
၄ |
ရထားသင်တန်းဌာနခွဲ |
၂၄ - မျိုး |
၃၀- ကြိမ် |
၆၅၉ - ဦး |
|
၅ |
စက်မှုလက်မှုသင်တန်းဌာနခွဲ |
၂- မျိုး |
၂- ကြိမ် |
၂၁ - ဦး |
|
၆ |
ဆက်သွယ်ရေးသင်တန်းဌာနခွဲ |
၄ - မျိုး |
၇- ကြိမ် |
၂၇၄ - ဦး |
|
|
စုစုပေါင်း |
၄၃ - မျိုး |
၅၇ - ကြိမ် |
၁၃၇၀ - ဦး |
၂၀၂၀ ခုနှစ် အောက်တိုဘာလ မှ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ သင်ကြားလေ့ကျင့်ရေးနှစ်အတွင်း သင်တန်းများ ဖွင့်လှစ်ရန် ဌာနအလိုက်လျာထားသော သင်တန်းအမျိုးအစား ဖော်ပြမှုဇယား
|
(က) |
သင်ကြားလေ့ကျင့်ရေး(သင်တန်းစာပေ)ဌာနခွဲ |
အမျိုး အစား |
အကြိမ်ရေ |
ဦးရေ |
|
|
၁။ |
အထွေထွေစီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှု(အရာရှိ ) သင်တန်း |
၂ - ကြိမ် |
၃၄ - ဦး |
||
|
၂။ |
စီမံခန့်ခွဲမှု ( အရာထမ်းလောင်း )သင်တန်း |
၂ - ကြိမ် |
၃၈ - ဦး |
||
|
၃။ |
စီမံကွပ်ကဲရေး( အခြားအဆင့် )သင်တန်း |
၂ - ကြိမ် |
၄၂ - ဦး |
||
|
၄။ |
အခြေခံစာရေး( ရုံးလုပ်ငန်း )သင်တန်း |
၂ - ကြိမ် |
၃၁ - ဦး |
||
|
၅။ |
ကွန်ပျုတာနှင့်အင်္ဂလိပ်စကားပြောသင်တန်း |
၃ - ကြိမ် |
၉၁ - ဦး |
||
|
၆။ |
နည်းပြမွမ်းမံသင်တန်း |
၁ - ကြိမ် |
၆၀ - ဦး |
||
|
၇။ |
ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှု( အရာရှိ )သင်တန်း |
၂ - ကြိမ် |
၂၄ - ဦး |
||
|
(က) |
သင်ကြားလေ့ကျင့်ရေး(သင်တန်းစာပေ)ဌာနခွဲ |
အမျိုး အစား |
အကြိမ်ရေ |
ဦးရေ |
|
|
၈။ |
ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှု( ကြီးကြပ်ရေးမှူး ) သင်တန်း |
၁ - ကြိမ် |
၁၉ - ဦး |
||
|
၉။ |
တရုတ်စကားပြော( အဆင့်မြင့် )သင်တန်း |
၁ - ကြိမ် |
၄၅ - ဦး |
||
|
စုစုပေါင်း |
၉ - မျိုး |
၁၆ - ကြိမ် |
၃၈၄ - ဦး |
||
|
|
|
|
|
|
|
|
(ခ) |
သင်ကြားလေ့ကျင့်ရေး(သင်တန်းပစ္စည်း)ဌာနခွဲ |
အမျိုး အစား |
အကြိမ်ရေ |
ဦးရေ |
|
|
၁။ |
စတိုပစ္စည်းထိန်းသင်တန်း |
၁ - ကြိမ် |
၁၇- ဦး |
||
|
စုစုပေါင်း |
၁ - မျိုး |
၁ - ကြိမ် |
၁၇- ဦး |
||
|
(ဂ) |
မော်တော်ယာဉ်သင်တန်းဌာနခွဲ |
အမျိုး အစား |
အကြိမ်ရေ |
ဦးရေ |
|
|
၁။ |
Logistics & Suply Chain Management သင်တန်း |
၂ - ကြိမ် |
၃၆ - ဦး |
||
|
၂။ |
အခြေခံယာဉ်မောင်းသင်တန်း |
၃ - ကြိမ် |
၅၉ - ဦး |
||
|
၃။ |
ယာဉ်မောင်းနည်းပြအသိအမှတ်ပြုသင်တန်း |
၁ - ကြိမ် |
၁၁ - ဦး |
||
|
၄။ |
အခြေခံယာဉ်ပြင်သင်တန်း |
၂ - ကြိမ် |
၁၀ - ဦး |
||
|
၅။ |
ကွန်ပျူတာဖြင့်ထိန်းချုပ်သောမော်တော်ယာဉ်ပြင် OBD II သင်တန်း |
၁ - ကြိမ် |
၅ - ဦး |
||
|
စုစုပေါင်း |
၅ - မျိုး |
၉ - ကြိမ် |
၁၂၁ - ဦး |
||
|
(ဃ) |
ရထားသင်တန်းဌာနခွဲ |
အမျိုး အစား |
အကြိမ်ရေ |
ဦးရေ |
||
|
၁။ |
သံလမ်း( ဉာဏ် )လုပ်သားခေါင်း/ဇာဝီလှည့် သင်တန်း |
၁- ကြိမ် |
၁၅ - ဦး |
|||
|
၂။ |
အငယ်တန်းအင်ဂျင်နီယာ(၄) သံလမ်း(အခြေခံ) သင်တန်း |
၁- ကြိမ် |
၂၀ - ဦး |
|||
|
၃။ |
စက်အားကူသံလမ်းပြုပြင်ထိန်းသိမ်းခြင်း သင်တန်း |
၁- ကြိမ် |
၁၅ - ဦး |
|||
|
၄။ |
ဒီဇယ်စက်ခေါင်းစက်ပြင်သင်တန်း |
၂ - ကြိမ် |
၄၀ - ဦး |
|||
|
၅။ |
ဒီဇယ်စက်ခေါင်းလျှပ်စစ်ပြင်သင်တန်း |
၁- ကြိမ် |
၁၅ - ဦး |
|||
|
၆။ |
တွဲထိန်းအခြေခံသင်တန်း |
၁- ကြိမ် |
၂၀ - ဦး |
|||
|
၇။ |
တွဲစစ်(ဉာဏ်သစ်လောင်း)သင်တန်း |
၂ - ကြိမ် |
၃၀ - ဦး |
|||
|
၈။ |
အခြေခံလုပ်သားစက်ပြင်သင်တန်း |
၂- ကြိမ် |
၄၀ - ဦး |
|||
|
၉။ |
စက်ခေါင်းမောင်း(တွဲရွေ့)သင်တန်း |
၂- ကြိမ် |
၅၉ - ဦး |
|||
|
၁၀။ |
စက်ခေါင်းမောင်း(လက်ထောက်-၂) သင်တန်း |
၂- ကြိမ် |
၇၅ - ဦး |
|||
|
၁၁။ |
စက်ခေါင်းမောင်း(ဉာဏ်သစ်လောင်း) သင်တန်း |
၁- ကြိမ် |
၁၅ - ဦး |
|||
|
၁၂။ |
စက်ခေါင်းလိုက်(ဉာဏ်သစ်လောင်း) သင်တန်း |
၁- ကြိမ် |
၁၅ - ဦး |
|||
|
၁၃။ |
အလုပ်သင်စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာ (အထူး)သင်တန်း |
၁- ကြိမ် |
၂၅ - ဦး |
|||
|
၁၄။ |
Traction Motor Maintenance သင်တန်း |
၁- ကြိမ် |
၁၀ - ဦး |
|||
|
၁၅။ |
ဒု-ရုံပိုင်(အလုပ်သင်)သင်တန်း |
၂- ကြိမ် |
၅၁- ဦး |
|||
|
၁၆။ |
ရုံပိုင်(ဉာဏ်သစ်လောင်း)သင်တန်း |
၂- ကြိမ် |
၄၀ - ဦး |
|||
|
၁၇။ |
ဒု-လက်ထောက်ကြီးကြပ်ရေးမှူး (တွဲမှတ်)သင်တန်း |
၂- ကြိမ် |
၆၀ - ဦး |
|||
|
၁၈။ |
လ/ထကြီးကြပ်ရေးမှူးရထားထိန်း (အခြေခံ)သင်တန်း |
၁- ကြိမ် |
၃၀ - ဦး |
|||
|
၁၉။ |
လမစ/လမသ/ဘတစ (ဉာဏ်သစ်လောင်း)သင်တန်း |
၁- ကြိမ် |
၂၀ - ဦး |
|||
|
၂၀။ |
လ/ထကြီးကြပ်ရေးမှူးရထားထိန်း (ဉာဏ်သစ်လောင်း)သင်တန်း |
၁- ကြိမ် |
၃၀ - ဦး |
|||
|
၂၁။ |
လ/ထကြီးကြပ်ရေးမှူးရထားထိန်း (အထူး)သင်တန်း |
၁- ကြိမ် |
၁၅ - ဦး |
|||
|
၂၂။ |
အချက်ပြဆက်သွယ်ရေး(မွမ်းမံ) သင်တန်း |
၁- ကြိမ် |
၁၀ - ဦး |
|||
|
၂၃။ |
ခရီးသည်ဝန်ဆောင်မှုတိုးမြှင့်ရေး သင်တန်း |
၃- ကြိမ် |
၆၀ - ဦး |
|||
|
စုစုပေါင်း |
၂၃ -မျိုး |
၃၃ - ကြိမ် |
၇၁၀ -ဦး |
|||
|
(င) |
ဆက်သွယ်ရေးသင်တန်းဌာနခွဲ |
အမျိုး အစား |
အကြိမ်ရေ |
ဦးရေ |
||
|
၁။ |
စာတိုက်မှူးနှင့်စာတိုက်ငွေစာရင်းသင်တန်း |
၂ - ကြိမ် |
၈၀ - ဦး |
|||
|
၂။ |
လုပ်ငန်းသစ်ဝန်ဆောင်မှုသင်တန်း |
၃ - ကြိမ် |
၁၂၀ - ဦး |
|||
|
၃။ |
စာတိုက်စစ်ဆေးရေးသင်တန်း |
၁ - ကြိမ် |
၂၀ - ဦး |
|||
|
စုစုပေါင်း |
၃ - မျိုး |
၆ - ကြိမ် |
၂၂၀-ဦး |
|||
|
(စ) |
စက်မှုလက်မှုသင်တန်းဌာနခွဲ |
အမျိုး အစား |
အကြိမ်ရေ |
ဦးရေ |
||
|
၁။ |
အခြေခံစာရေးကွန်ပျူတာ(အထူးပြု)သင်တန်း |
၃ - ကြိမ် |
၅၄ - ဦး |
|||
|
၂။ |
IP – Networking သင်တန်း |
၂ - ကြိမ် |
၂၆ - ဦး |
|||
|
၃။ |
ကွန်ပျူတာပုံဆွဲသင်တန်း |
၂ - ကြိမ် |
၃၀ - ဦး |
|||
|
၄။ |
လျှပ်စစ်အခြေခံသင်တန်း |
၁ - ကြိမ် |
၁၁- ဦး |
|||
|
၅။ |
အဆင့်မြင့်ဂဟေသင်တန်း |
၂ - ကြိမ် |
၁၂ - ဦး |
|||
|
(စ) |
စက်မှုလက်မှုသင်တန်းဌာနခွဲ |
အမျိုး အစား |
အကြိမ်ရေ |
ဦးရေ |
||
|
၆။ |
A+ Computer Hardware သင်တန်း |
၁ - ကြိမ် |
၅ - ဦး |
|||
|
၇။ |
i – office သင်တန်း |
၁ - ကြိမ် |
၅ - ဦး |
|||
|
စုစုပေါင်း |
၇-မျိုး |
၁၂-ကြိမ် |
၁၄၃ - ဦး |
|||
၂၀၂၀ - ၂၀၂၁ သင်ကြားလေ့ကျင့်ရေးနှစ်တွင် ဌာန / လုပ်ငန်းအဖွဲ့အစည်းများမှ သင်တန်း တက်ရောက်မှု ရာခိုင်နှုန်း
|
စဉ် |
ဝန်ကြီးဌာနအမည် |
တက်ရောက် |
မှတ် |
|
|
ဦးရေ |
ရာခိုင်နှုန်း |
|||
|
၁ |
မြန်မာ့မီးရထား |
၁၀၆၅ |
၆၇% |
|
|
၂ |
မြန်မာ့စာတိုက်လုပ်ငန်း |
၂၆၉ |
၁၇% |
|
|
၃ |
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း |
၁၁၄ |
၇.၁% |
|
|
၄ |
ကုန်းလမ်းပို့ဆောင်ရေး |
၆၆ |
၄.၁% |
|
|
၅ |
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန |
၅၂ |
၃.၃% |
|
|
၆ |
ဝန်ကြီးရုံး |
၉ |
၀.၆% |
|
|
၇ |
မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် |
၇ |
၀.၄% |
|
|
၈ |
မြန်မာ့ဆိပ်ကမ်းအာဏာပိုင် |
၆ |
၀.၄% |
|
|
၉ |
ပြည်တွင်းရေကြောင်းပို့ဆောင်ရေး |
၃ |
၀.၂% |
|
|
၁၀ |
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် |
၂ |
၀.၁% |
|
|
၁၁ |
သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန |
၁ |
၀.၀၆% |
|
|
၁၂ |
ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန |
၁ |
၀.၀၆% |
|
|
စုစုပေါင်း |
၁၅၉၅ |
၁၀၀% |
|
|
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း
ရထားသင်တန်းဌာနခွဲ
မြန်မာ့မီးရထားဆိုင်ရာ သင်တန်းများတွင် စစ်သည်သင်တန်းသားများ ပါဝင်တက်ရောက်ခဲ့မှု အခြေအနေ
မှတ်ချက်။ ၁၉၈၈ - ၁၉၈၉ ခုနှစ်မှ ၂၀၁၉ - ၂၀၂၀ ခုနှစ်အထိ စစ်သည် သင်တန်းသား (၁၀၀၈ ) ဦး တို့ကို လေ့ကျင့်မွေးထုတ် ပေးနိုင်ခဲ့ပါသည်။
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း
အခြားဝန်ကြီးဌာနများ အတွက် အထူးသင်တန်းများ ဖွင့်လှစ်ပေးနိုင်ခဲ့မှု အခြေအနေ

မှတ်ချက်။ အခြားဝန်ကြီးဌာနများအတွက် အထူးသင်တန်းများဖွင့်လှစ်ပေးခဲ့ရာ စုစုပေါင်း သင်တန်းသား ( ၄၁၅ ) ဦးတိုးကို လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပါသည်။
၂၀၂၀ အောက်တိုဘာလ မှ ၂၀၂၁ စက်တင်ဘာလအထိ သင်ကြားလေ့ကျင့်ရေးနှစ်အတွင်း(၁-၃-၂၀၂၁ မှ ၅-၃-၂၀၂၁)ထိ ဖွင့်လှစ်ပြီး ၊ ဖွင့်လှစ်ဆဲ ၊ ဖွင့်လှစ်ရန်ကျန်၊ သင်တန်းများ အခြေအနေ
|
စဉ် |
အကြောင်းအရာ |
သင်တန်းသား ဦးရေ |
ရာခိုင် နှုန်း |
|
၁ |
ဖွင့်လှစ်ပြီး သင်တန်းအမျိုးအစား ( ၅ ) မျိုး ၊ ( ၅ ) ကြိမ် |
၁၁၂ - ဦး |
၇ % |
|
၂ |
ဖွင့်လှစ်ဆဲ သင်တန်း အမျိုးအစား ( ၃ )မျိုး ၊ ( ၃ ) ကြိမ် |
၃၈ - ဦး |
၃ % |
|
၃ |
ဖွင့်လှစ်ရန်ကျန် သင်တန်း (က) ၂၀၁၉-၂၀၂၀ ခုနှစ် (၁၄ ) မျိုး ၊ ( ၁၅ ) ကြိမ် ( ခ ) ၂၀၂၀ - ၂၀၂၁ ခုနှစ်( ၄၅ )မျိုး ၊ ( ၅၄ ) ကြိမ် |
၃၃၀ - ဦး ၁၁၁၂ - ဦး |
၂၀% ၇၀% |
- Covid -19 ကြောင့် ၁၈ - ၃ - ၂၀၂၀ ရက်နေ့ ( ပထမအကြိမ် ) တွင် သင်တန်း ( ၆ ) မျိုး ၊ ( ၆ ) ကြိမ်၊ ( ၁၃၇ ) ဦး ခေတ္တရပ်ဆိုင်းခဲ့ပြီး၊ ၈ - ၆ - ၂၀၂၀ ရက်နေ့တွင် သင်တန်းများ ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။
- ၂ - ၉ - ၂၀၂၀ရက်နေ့( ဒုတိယအကြိမ် )တွင် သင်တန်း ( ၂၂ ) မျိုး ၊( ၂၃ ) ကြိမ် ၊ (၄၈၃) ဦး ခေတ္တရပ်ဆိုင်းခဲ့ပြီး၊ ၁၈- ၁ - ၂၀၂၁ ရက်နေ့တွင် သင်တန်းများ ပြန်လည် ဖွင့်လှစ်ခဲ့ ပါသည်။
- ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ဖွင့်လှစ်ရန်ကျန် သင်တန်း(၁၄)မျိုး၊ (၁၅)ကြိမ်၊ သင်တန်းသား (၃၃၀)ဦး ဆက်လက်ဖွင့်လှစ်ရန် ဝန်ကြီးရုံးသို့တင်ပြခဲ့ရာ ၅-၂-၂၀၂၀ ရက်နေ့တွင့် ဖွင့်လှစ်ရန် ခွင့်ပြုချက် ရရှိခဲ့ပြီးဖြစ်ပါသည်။
- ၂၀၂၀-၂၀၂၁ခု၊ သင်ကြားလေ့ကျင့်ရေးနှစ်တွင် ဖွင့်လှစ်ရန် လျာထားသည့် သင်တန်း (၄၅)မျိုး၊ (၅၄)ကြိမ်၊ သင်တန်းသား(၁၁၁၂)ဦးဖြင့် ဖွင့်လှစ်နိုင်ရေး ဆက်လက်တင်ပြ ဆောင်ရွက်သွားပါမည်။
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းက သင်တန်းသားများကို ထုတ်ပေးသည့် Washable Face Mask နှင့် Face Shield မှတ်တမ်းဓါတ်ပုံ
သင်တန်းသားများ Social Distancing နှင့်အညီ တန်းစီလူစစ်ခြင်း၊ စာသင်ဆောင်သို့ ချီတက်ခြင်း
စားရိပ်သာတွင် Social Distancing နှင့် အညီ စားသုံးနေပုံ
စားရိပ်သာ လက်ဆေးကန်
စာသင်ခန်းများအတွင်း လက်ဆေးကန်နှင့် Hand Sanitizer များ ထားရှိပုံ
သင်တန်းသားအိပ်ဆောင်များ Social Distancing နှင့်အညီ ခုတင်များထားရှိပုံ
ပြင်ပယာဉ်မောင်းသင်တန်းဖွင့်လှစ်မှုအခြေအနေ
|
သင်ကြားလေ့ကျင့်ရေးနှစ် |
အကြိမ်ရေ |
သင်တန်းသား ဦးရေ |
|
၂၀၁၆-၂၀၁၇ |
၁၂ |
၂၈၆၀ ဦး |
|
၂၀၁၇-၂၀၁၈ |
၁၂ |
၂၁၃၁ ဦး |
|
၂၀၁၈ (၆လ) |
၆ |
၉၇၈ ဦး |
|
၂၀၁၈-၂၀၁၉ |
၁၂ |
၁၃၂၇ ဦး |
|
၂၀၁၉-၂၀၂၀ |
၈ |
၉၁၈ ဦး |
|
စုစုပေါင်း |
၅၀ |
၈၂၁၄ ဦး |
ပြင်ပယာဉ်ပြင်သင်တန်းဖွင့်လှစ်မှုအခြေအနေ
|
သင်ကြားလေ့ကျင့်ရေးနှစ် |
အကြိမ်ရေ |
သင်တန်းသား ဦးရေ |
|
၂၀၁၆-၂၀၁၇ |
၅ |
၈၁ ဦး |
|
၂၀၁၇-၂၀၁၈ |
၁၂ |
၁၀၅ ဦး |
|
၂၀၁၈ (၆ လ) |
၆ |
၁၁၂ ဦး |
|
၂၀၁၈-၂၀၁၉ |
၁၂ |
၇၆ဦး |
|
၂၀၁၉-၂၀၂၀ |
၈ |
၆၉ ဦး |
|
စုစုပေါင်း |
၄၃ |
၄၄၃ ဦး |
ပြင်ပယာဉ်မောင်းသင်တန်းလက်တွေ့မောင်းနှင်လေ့ကျင့်နေပုံမှတ်တမ်း
ပြင်ပယာဉ်ကြီးမောင်းသင်တန်းဖွင့်လှစ်မှုအခြေအနေ
ပြင်ပယာဉ်ကြီးမောင်းသင်တန်းကို ၂၀၁၆-၂၀၁၇ သင်ကြားလေ့ကျင့်ရေးနှစ် မှစ၍ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ နယ်စပ်ဖြတ်ကျော်သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း (CBTA) အတွက် ယာဉ်ကြီးမောင်း( ၁၈-ဘီး ၊ ၂၂ဘီး ) သင်တန်းများ ဖွင့်လှစ်၍ ကျွမ်းကျင် ယာဉ်မောင်းများ လေ့ကျင့်မွေးထုတ်ပေးလျက်ရှိပါသည်-
|
သင်ကြားလေ့ကျင့်ရေးနှစ် |
အကြိမ်ရေ |
သင်တန်းသား ဦးရေ |
|
၂၀၁၆-၂၀၁၇ |
၃ |
၁၁၀ ဦး |
|
၂၀၁၇-၂၀၁၈ |
၁၂ |
၇၉၃ ဦး |
|
၂၀၁၈ (၆လ) |
၆ |
၄၄၇ ဦး |
|
၂၀၁၈-၂၀၁၉ |
၁၂ |
၁၀၅၉ ဦး |
|
၂၀၁၉-၂၀၂၀ |
၁၂ |
၁၃၂၅ ဦး |
|
စုစုပေါင်း |
၄၅ |
၃၇၃၄ ဦး |
မှတ်ချက်။ သင်တန်းဆင်းပြီးနောက် စောင့်ကြည့်လေ့လာမှုအစီအစဉ် ပြုလုပ်ခဲ့ရာ ယာဉ်မတော်တဆမှုများ မရှိကြောင်းသိရှိရပါသည်။
ယာဉ်ကြီးမောင်းသင်တန်းလက်တွေ့မောင်းနှင်လေ့ကျင့်နေပုံ
စာသင်ခန်းများအခြေအနေ
၁။ နှစ်ထပ်ဆောင် စာသင်ခန်း - ၈ ခန်း x ၄၀ ဦး = ၃၂၀ ဦး
၂။ ဌာနခွဲစာသင်ခန်းများ
- ရထားသင်တန်းဌာနခွဲ - ၉ ခန်း x ၂၀ ဦး = ၁၈၀ ဦး
- မော်တော်ယာဉ်သင်တန်းဌာနခွဲ - ၁ ခန်း x ၂၀ ဦး = ၂၀ ဦး
- စက်မှုလက်မှုသင်တန်းဌာနခွဲ - ၂ ခန်း x ၂၀ ဦး = ၄၀ ဦး
စုစုပေါင်း - ၂၀ ခန်း = ၆၀၀ ဦး
(အများဆုံးလက်ခံနိုင်မှု)
၃။ သရုပ်ပြဆောင် - ၇ ဆောင်
၄။ လက်တွေ့လေ့ကျင့်ရေးကွင်း - ၆ ကွင်း
(က) သရုပ်ပြဘူတာယာဒ်ဝန်း
(ခ) စစ်ရေးပြလေ့ကျင့်ရေးကွင်း
(ဂ) ကျောင်းဝန်းအတွင်းယာဉ်ငယ်မောင်းလေ့ကျင့်ရေးကွင်း
(ဃ) ကျောင်းဝန်းအတွင်းယာဉ်ကြီးမောင်းလေ့ကျင့်ရေးကွင်း
(င ) ကျောင်းရှေ့ယာဉ်မောင်းလေ့ကျင့်ရေးကွင်း
( စ ) သုံးထပ်အိပ်ဆောင်ရှေ့လေ့ကျင့်ရေးကွင်း
နှစ်ထပ်စာသင်ဆောင်
စာသင်ဆောင်များပုံ
လက်ရှိသင်တန်းသားအိပ်ဆောင်များအခြေအနေ
၁။ အမျိုးသားအိပ်ဆောင် - ၁၆ ဆောင် x ၃၀ ဦး = ၄၈၀ ဦး
၂။ ၃ ထပ်အိပ်ဆောင် - ၁ ဆောင် x ၁၂၄ ဦး = ၁၂၄ ဦး
၃။ အမျိုးသမီးအိပ်ဆောင် - ၄ ဆောင် x ၃၀ ဦး = ၁၂၀ ဦး
၄။ အရာထမ်းအိပ်ဆောင် - ၁ ဆောင် x ၃၀ ဦး = ၃၀ ဦး
စုစုပေါင်း - ၂၂ ဆောင် = ၇၅၄ ဦး (အများဆုံး လက်ခံနိုင်မှု)
ခုတင်/ဗီရို/သေတ္တာစာရင်း
၁။ ခုတင် = ၆၀၈ လုံး
၂။ ဘီရို = ၆၀၀ လုံး
၃။ သေတ္တာ = ၆၀၀ လုံး
၄။ လက်တင်ပါထိုင်ခုံ = ၆၀၈ လုံး
လက်ရှိအခြေအနေအရ တစ်ပြိုင်တည်းသင်ကြားပေးနိုင်မှု= ၆၀၀ ဦး
သုံးထပ်သင်တန်းသားအိပ်ဆောင်
သင်တန်းသားများအိပ်ဆောင်ပုံ
သင်တန်းသူများအိပ်ဆောင်ပုံများ

စစ်ရေးပြကွင်းပုံ
ယာဉ်ငယ်မောင်းလေ့ကျင့်ရေးကွင်းပုံ

ယာဉ်ကြီးမောင်းလေ့ကျင့်ရေးကွင်းပုံ
ကျောင်းရှေ့ယာဉ်ကြီးမောင်းလေ့ကျင့်ရေးကွင်းပုံ
သုံးထပ်အိပ်ဆောင်ရှေ့လေ့ကျင့်ရေးကွင်း
တစ်နေ့တာ သင်တန်းအချိန်ဇယား
၁။ ၀၅:၀၀ - အိပ်ယာထချိန်
၂။ ၀၅:၃၀-၀၆:၃၀ - နံနက်ကျန်းမာရေးလေ့ကျင့်ချိန်
၃။ ၀၇:၃၀ - တန်းစီချိန်(သင်တန်းတက်)
၄။ ၀၈၀၀-၀၈:၄၀ - ပထမအချိန်
၅။ ၀၈:၄၅-၀၉:၂၅ - ဒုတိယအချိန်
၆။ ၀၉:၃၅-၁၀:၁၅ - တတိယအချိန်
၇။ ၁၀:၂၀-၁၁:၀၀ - စတုတ္ထအချိန်
၈။ ၁၁:၀၀-၁၂:၃၀ - နေ့လယ်စာ စားချိန်
၉။ ၁၂:၃၀-၁၃:၁၀ - ပဉ္စမအချိန်
၁၀။ ၁၃:၁၅-၁၃:၅၅ - ဆဌမအချိန်
၁၁။ ၁၄:၀၅-၁၄:၄၅ - သတ္တမအချိန်
၁၂။ ၁၄:၅၀-၁၅:၃၀ - အဌမအချိန်
၁၃။ ၁၆:၀၀-၁၇:၀၀ - အားကစား+သန့်ရှင်းရေး
၁၄။ ၁၇:၃၀-၁၈:၃၀ - ညစာစားချိန်
၁၅။ ၁၉:၀၀-၂၀:၃၀ - ညစာကြည့်ချိန်/ညလေ့ကျင့်ခန်း
၁၆။ ၂၁:၃၀ - မီးပိတ်/ညအိပ်ချိန်
လစဉ်/အပတ်စဉ် စစ်ဆေးခြင်းလုပ်ငန်းဇယား စစ်ရေးပြနှင့် ဝတ်စားဆင်ယင်မှု စစ်ဆေးခြင်း
၁။ ကျောင်းအုပ်ကြီး - လတစ်လ၏စတုတ္ထပတ် သောကြာနေ့
(အရာထမ်း/အမှုထမ်းအားလုံး)
၂။ ဒုတိယကျောင်းအုပ်ကြီး - လတစ်လ၏ပထမ ပတ် တနင်္လာနေ့
(နည်းပြနှင့် သင်တန်းသားများအားလုံး)
၃။ ညွှန်ကြားရေးမှူး(စီမံ) - လတစ်လ၏ဒုတိယပတ် သောကြာနေ့ (စီမံခန့်ခွဲရေးဝန်ထမ်းများအားလုံး)
၄။ ညွှန်ကြားရေးမှူး/ - ကျန်သီတင်းပတ် တနင်္လာနေ့များ ဒုတိယ ညွှန်ကြားရေးမှူး(သလရ) (နည်းပြနှင့် သင်တန်းသားအားလုံး)
ကျောင်းအုပ်ကြီးက ဝန်ထမ်းများကိုစစ်ရေးပြနှင့် ဝတ်စားဆင်ယင်မှု စစ်ဆေးခြင်းနှင့် ဆုချီးမြှင့်ခြင်း

အိပ်ဆောင်ခင်းကျင်းမှု စစ်ဆေးခြင်း
၁။ ကျောင်းအုပ်ကြီး - လတစ်လ၏ တတိယပတ် သောကြာနေ့
၂။ ဒုတိယကျောင်းအုပ်ကြီး - လတစ်လ၏ဒုတိယပတ် သောကြာနေ့
၃။ ညွှန်ကြားရေးမှူး/ဒုညွှန်ကြားရေးမှူး(သလရ) - ကျန်သီတင်းပတ် အင်္ဂါနေ့
သင်တန်းသား အိပ်ဆောင် ကစ်ခင်းကျင်းထားပုံ
စာသင်ဆောင်များ/စားရိပ်သာနှင့်ကျောင်းဝင်းအတွင်း လှည့်လည်စစ်ဆေးခြင်း
၁။ ကျောင်းအုပ်ကြီး - တစ်လလျှင် တစ်ကြိမ်
၂။ ဒုတိယကျောင်းအုပ်ကြီး - တစ်လလျှင် နှစ်ကြိမ်
၃။ ညွှန်ကြားရေးမှူး/ ဒုတိယညွှန်ကြားရေးမှူးများ - တစ်ပတ်လျှင်အနည်းဆုံး တစ်ကြိမ်
မှတ်ချက်။ တာဝန်ရှိအရာရှိကြီးများသည် လစဉ်/အပတ်စဉ် စစ်ဆေးခြင်း လုပ်ငန်း ဇယား အတိုင်း မပျက်မကွက် စစ်ဆေးဆောင်ရွက်စစ်ဆေးချက်အစီရင်ခံစာ များအားကျောင်းအုပ်ကြီးထံသို့ စစ်ဆေး သည့် နေ့ရက် နေ့လယ် (၁၂:၀၀) မတိုင်မီ အပြီး ပြုစုတင်ပြ ရမည်။
ကျောင်းအုပ်ကြီးမှစာသင်ဆောင်များအား လှည်လည့်စစ်ဆေးခြင်း
ကျောင်းအုပ်ကြီးမှ မော်တော်ယာဉ်သရုပ်ပြဆောင်များအား လှည့်လည်စစ်ဆေးခြင်း
ကျောင်းအုပ်ကြီးမှ ရထားသရုပ်ပြဆောင်များ လှည်လည့်စစ်ဆေးခြင်း
ကျောင်းအုပ်ကြီးမှ စက်ခေါင်းအမှတ် DD 1132 နှင့် အချက်ပြစနစ်များအားလှည်လည့်စစ်ဆေးခြင်း
ကျောင်းဆေးပေးခန်းစစ်ဆေးမှုမှတ်တမ်း
ကျောင်းအုပ်ကြီးမှ ဆံသဆိုင်အား လှည့်လည်စစ်ဆေးခြင်း
Driving Simulator ဖြင့် လက်တွေ့လေ့ကျင့်မောင်းနှင်ပေးမှုမှတ်တမ်း
Traction Motor အလုပ်လုပ်နေပုံ စစ်ဆေးမှုမှတ်တမ်း
သင်တန်းသားတစ်ဦး တစ်နေ့တာ (၁၀၀၀)ကျပ်နှင့် ရိက္ခာခြောက်ကျွေးမွေးမှုစာရင်း
|
စဉ် |
အမျိုးအမည် |
တစ်ဦးစားနှုန်း |
ဈေးနှုန်း |
သင့်ငွေ |
မှတ်ချက် |
||
|
၁။ |
ဆန် |
၁.၇၅-ဘူး |
၁၀၄၂ိ/- |
၂၂၈/၀၀ |
|||
|
၂။ |
ဆီ |
၃-ကျပ်သား |
၄၀၀ဝိ/- |
၁၂၀/၀၀ |
|||
|
၃။ |
ကုလားပဲခြမ်း |
၂-ကျပ်သား |
၁၆၀ဝိ/- |
၃၂/၀၀ |
|||
|
၄။ |
လ္ဘက်ခြောက် |
၀.၀၀၁ကျပ်သား |
၆၀၀ဝိ/- |
၆/၀၀ |
|||
|
၅။ |
ဆား |
၁ကျပ်သား |
၄၀ဝိ/- |
၄/၀၀ |
|||
|
တစ်ရက်အတွက်ရိက္ခာခြောက်တန်ဖိုးစုစုပေါင်း |
၃၉၀/၀၀ |
||||||
သင်တန်းသားတစ်ဦး တစ်နေ့တာ (၁၀၀၀)ကျပ်နှင့်ရိက္ခာစိုကျွေးမွေးမှုစာရင်း
သင်တန်းသား/သူများသက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးထားမှု အခြေအနေ
( ၁ ) နေ့စဉ် ငါးပိချက်၊ ငါးပိကြော်၊ ငံပြာရည်ကြော်၊ ငါးခြောက်ကြော် တို့ကို အလှည့်ကျ ဖြည့်စွက်ကျွေးမွေးခြင်း။
( ၂ ) လစဉ်သင်တန်းသားသင်တန်းသူများကို အထူးနေ့လယ်စာ ကျွေးမွေးခြင်း။
( ၃) ဆီးချိုရောဂါသမားများထမင်းစားသုံးမှုအဆင်ပြေစေရန်အတွက် သီးသန့် ထမင်း ချက်ပြုတ်စားသောက်နိုင်ရေးအတွက် ပေါင်းအိုး စီစဉ်ထားရှိပေးခြင်း။
( ၄ ) အဝတ်လျှော်စက် ( ၄) လုံး နှင့် လျှပ်စစ်မီးပူ ( ၄ ) လုံး စီစဉ်ထားရှိခြင်း။
( ၅ ) ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းသော သောက်သုံးရေရရှိစေရန် ရည်ရွယ်၍ နှစ်ထပ်စာသင်ဆောင်တွင် ရေသန့်စက်(၂)လုံးနှင့် သုံးထပ်အိပ်ဆောင်အနီးတွင် ရေသန့်စက် (၁) လုံး တပ်ဆင်ထားပေးခြင်း၊ စာသင်ဆောင်နယ်မြေနှင့် ဌာနချုပ် ရုံးတွင် Magnetic Water Supply ရေသန့်စက်(၂)လုံး တပ်ဆင်ပေးခြင်း။
( ၆ ) ကျွမ်းကျင်သည့် ဆံသဆရာ ( ၁ ) ဦးကို ဝန်ထမ်းအဖြစ်ခန့်ထားပေးပြီး သင်တန်းသား တစ်ဦးလျှင် ၃၀ဝိ/ကျပ်နှုန်း ဖြင့် ဆံသပေးခြင်း။
( ၇ ) ဆေးပေးခန်း ဖွင့်လှစ်ထားရှိပြီး အခမဲ့ ဆေးကုသ စောင့်ရှောက်ပေးခြင်း၊ ရုံးချိန် နောက်ပိုင်း ဆေးကုသနိုင်ရန် ကျောင်းသက်သာငွေဖြင့် ဆရာဝန်တစ်ဦး ငှားရမ်း၍ ဆေးခန်းတွင် ဆေးကုသမှု ဆောင်ရွက်ပေးခြင်း။
( ၈ ) သင်တန်းသားများ အနားယူ အပန်းဖြေနိုင်ရန် နားနေခန်းတွင် Sky Net တပ်ဆင် ပေးခြင်း။
( ၉ ) သင်တန်းသားများ စာပေဖတ်ရှုလေ့လာနိုင်ရန် Mobile Library ထားရှိပေးခြင်း။
( ၁၀) နှစ်ထပ်စာသင်ဆောင်တွင် ကမ္ဘောဇဘဏ်မှ ATM စက်တပ်ဆင်ပေးခြင်း။
( ၁၁) ဘောလုံး ၊ ဘော်လီဘော ၊ ပိုက်ကျော်ခြင်း ၊ စားပွဲတင်တင်းနစ် ၊ စစ်တုရင် စသည့်အားကစား ပစ္စည်းများ ထောက်ပံ့၍ ပျော်ရွှင်စွာ ကစားနိုင်ရေး စီစဉ်ပေးခြင်း။
( ၁၂ ) သင်တန်းကာလအတွင်း ကျောင်း၏ အားကစားပြိုင်ပွဲများ ၊ ဘာသာရေး အခမ်းအနား များ၊ လူမှုရေးဆောင်ရွက်မှုများတွင် ပါဝင်ဆင်နွှဲနိုင်ရန် စီစဉ်ပေးခြင်း။
(၁၃) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ (Covid-19)ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ သင်တန်းသားများအား faceshield နှင့် Washable Face Mask များ ထုတ်ပေးခြင်း။
စားရိပ်သာတွင်း သင်တန်းသား/သူများ စားသောက်နေပုံမှတ်တမ်း နှင့် ဆီးချိုရောဂါရှိသော သင်တန်းသား/သူများအတွက် ပေါင်းအိုးသီးသန့်စီစဉ်ပေးထားပုံ
သင်တန်းသား/သူများအတွက်နှစ်ထပ်စာသင်ဆောင်တွင် ရေသန့်စက်တပ်ဆင်ပေးထားပုံ
သင်တန်းသား/သူများအတွက်စာသင်ဆောင်တွင် Magnetic Water Supply ရေသန့်စက်တပ်ဆင်ပေးထားပုံ
သင်တန်းသား၊သင်တန်းသူများအတွက် စားရိပ်သာအနီးတွင် ရေသန့်စက်တပ်ဆင်ပေးထားပုံ
သင်တန်းသား၊ သင်တန်းသူများအတွက် စာဖတ်ခန်းထားရှိပေးထားပုံ
သင်တန်းသား၊သင်တန်းသူများအတွက် Sky Net ထားရှိပေးထားပုံ
သင်တန်းသား/သူများအတွက် အဝတ်လျှော်စက်များထားရှိပေးပုံ
သင်တန်းသား၊သင်တန်းသူများအတွက် ကျောင်းတွင်ဆေးပေးခန်းထားရှိပေးထားပုံ
သင်တန်းသားများ အလွယ်တကူငွေထုတ်နိုင်ရန်Mobile ATM တပ်ဆင်ဆောင်ရွက်မှုမှတ်တမ်း
KOICA အထောက်အပံ့ဖြင့် Railway Capacity Development in Myanmar
စီမံကိန်းအကောင်အထည်ဖော်ရန်အတွက် ဆောင်ရွက်ချက်များ တင်ပြခြင်း
- Project/Program Concept Paper ကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနမှတစ်ဆင့် ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ကို အဆင့်ဆင့်ပေးပို့ခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ တစ်ဆင့် ကိုရီးယား သမ္မတနိုင်ငံသံရုံးသို့ ၅-၂-၂၀၂၀ ရက်နေ့တွင် ပေးပို့ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း တင်ပြအပ်ပါသည်။
- ကိုရီးယား သမ္မတနိုင်ငံသံရုံးမှ တစ်ဆင့် ကိုရီးယားသမ္မတနိုင်ငံသို့ စီမံကိန်းအတွက် Project/ Program Concept Paper က ဆက်လက်ပေးပို့ခဲ့ပြီး ယခုအခါ Korea International Co-operation Agency( KIOCA ) အဖွဲ့အစည်းမှ အတည်ပြုလက်ခံ ကြောင်း တရားဝင်အကြောင်းကြားစာကို စောင့်မျှော်လျက်ရှိပါသည်။ တရားဝင် အကြောင်းကြားစာ လက်ခံရရှိပါက မိမိတို့ နိုင်ငံ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ Record of Discussion (RoD) လက်မှတ်ရေးထိုးနိုင်ရန် နှစ်ဖက်ညှိနှိုင်း၍ ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ RailwayCapacity Development in Myanmar စီမံကိန်းကာလ ( ၂၀၂၁ -၂၀၂၂ )ဘဏ္ဍာရေးနှစ်မှ ( ၂၀၂၅ -၂၀၂၆ ) ဘဏ္ဍာရေး နှစ်ထိဖြစ်ပြီး မြေပြင်တွင် စီမံကိန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိ သေးပါသောကြောင်းနှင့် နှစ်ဖက်နိုင်ငံ အဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်လျက်ရှိသောအဆင့်တွင်သာ ရှိနေပါကြောင်း သိရှိနိုင်ပါရန် အစီရင်ခံတင်ပြ အပ်ပါသည်။
မြန်မာနိုင်ငံရှိ ရထားလုပ်ငန်းဆိုင်ရာ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် PCPပါ လုပ်ငန်းဆောင်ရွက်ချက်များ
(၁) C.I.T.C ရှိ ရထားလုပ်ငန်းဆိုင်ရာ သင်တန်းများအတွက် Master Plan ရေးဆွဲရာတွင် အကြံဉာဏ်ပေးရန်။
(၂) C.I.T.C တွင် ရထားသင်တန်းများအတွက် Driving Simulator အချက်ပြနှင့် စက်အားသုံး လမ်းပြုပြင်မှုဆိုင်ရာ ကိရိယာပစ္စည်းများ ထောက်ပံ့ခြင်း။
(၃) ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ရထားလေ့ကျင့်ရေးသင်တန်းကျောင်း အဆောက်အဦအသစ်နှင့် လက်တွေ့လေ့ကျင့်ရေးကွင်းတည်ဆောက်ခြင်း။
(၄) C.I.T.C နှင့် R.T.T.C တို့တွင် ရထားလုပ်ငန်းဆိုင်ရာ လေ့ကျင့်ရေးပစ္စည်းကိရိယာများ ထောက်ပံ့ရန် -
(က) C.I.T.C ရှိ လေ့ကျင့်ရေးအဆောက်အဦသစ်တည်ဆောက်ရာတွင် လိုအပ်မည့် The driving simulator, signaling and mechanical trackwork equipment, equipment for e-learning system, and other equipment (PCs , office Furniture , etc )
(ခ) The railway Mechanic & Electric equipment and PCs in R.T.T.C
(၅) C.I.T.C တွင် e-Learning အဝေးသင်လေ့ကျင့်သင်ကြားရေးစနစ် အကောင်အထည် ဖေါ်ခြင်း။
(၆) မြန်မာအရာရှိများကို ကိုရီးယားနိုင်ငံသို့ခေါ်ယူ၍ ရထားနည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်သင်တန်းများကို အောက်ပါအတိုင်း လေ့ကျင့်သင်ကြားပေး ခြင်း -
(က) Rolling Stock, Signaling Track work, Station service များအတွက် ကိုရီးယားနိုင်ငံတွင် ကာလလတ် ( ၃ - ၆ ) လ OJT သင်တန်းများသို့ စေလွှတ်ခြင်း။
(ခ) ကိုရီးယားနိုင်ငံရှိရထားဆိုင်ရာ မဟာဘွဲ့သင်တန်းများသို့စေလွှတ်ခြင်း။
(ဂ) ကိုရီးယားနှင့် မြန်မာနိုင်ငံတွင် စက်ပစ္စည်းကိရိယာများကို ကိုင်တွယ် အသုံးပြုရေးနှင့် ထိန်းသိမ်းပြုပြင်ရေးအတွက် သင်တန်းများစေလွှတ်ခြင်း။
(ဃ) စီမံကိန်းရလဒ်များကို သုံးသပ်ရန် မြန်မာနိုင်ငံတွင် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း။
အစည်းအဝေးမှတ်တမ်းဓါတ်ပုံများ
ကွင်းဆင်းစစ်ဆေးမှု မှတ်တမ်းဓါတ်ပုံများ
အထွေထွေကိစ္စရပ်များ
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းက ကျင်းပပြုလုပ်သည့် ရာသီ ပွဲတော်များတွင် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ နှင့် သင်တန်းသား သင်တန်းသူများ စည်းလုံးညီညွတ်မှုရှိ စေရေး၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုရှိစေရေး၊ ကုသိုလ်တရားပွားများစေရေး ၊ စိတ်ချမ်းမြေ့ ပျော်ရွှင်စေရေး နှင့် ကျန်းမာကြံ့ခိုင်စေရေးတို့အတွက် လှုပ်ရှားဆောင်ရွက်လျက်ရှိပါသည်။
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၏ ( ၄.၁.၂၀၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း အေးချမ်းကမ္ဘာဓမ္မာရုံ၌ အသံမစဲပဌာန်းပွဲ ကျင်းပနေပုံ (၁၃.၁.၂၀၂၀ မှ ၁၇.၁.၂၀၂၀ ထိ)
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၏ ( ၅.၂.၂၀၂၀ ) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် တပို့တွဲလပြည့်နေ့ ထမနဲပြိုင်ပွဲကျင်းပနေပုံ
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၏ နှစ်(၄၂)နှစ်မြောက် ကျောင်းမွေးနေ့ နှစ်ပတ်လည် အခမ်းအနားတွင် ဆွမ်းဆက်ကပ်လှူဒါန်းမှုနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား (၁၅-၇-၂၀၂၀)
( ၅.၈.၂၀၂၀ ) ရက်နေ့တွင် ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ညောင်လွန့်တောရရိပ်သာကျောင်း၌ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ခြင်းအခမ်းအနား
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၏ (၁.၁၁.၂၀၂၀) ရက်နေ့ အေးချမ်းကမ္ဘာဓမ္မာရုံ၌ သီတင်းကျွတ်ကာလ တတိယအကြိမ်မြောက် (ဆီမီး ၅၀၀၀)ထွန်းညှိပူဇော်နေပုံ
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းရှိ ဝန်ထမ်းများ COVID - 19 ကာလအတွင်း စိတ်ဓါတ်ခွန်အား ကျန်းမာကြံ့ခိုင်စေရန် (၂၂.၁.၂၀၂၁) ရက်နေ့တွင် အပျော်တမ်း အားကစား ဆောင်ရွက်နေပုံ
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် လစဉ်ကျင်းပသည့် ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲနှင့် ဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပနေပုံ
ဒုတိယအကြိမ်မြောက် ဝန်ကြီးဌာနပေါင်းစုံထမနဲထိုးပြိုင်ပွဲတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကိုယ်စားပြု ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုနှင့် ဒုတိယဆုရရှိခဲ့မှုမှတ်တမ်းများ
လျှော်ဖြူပင်စိုက်ပျိုးခြင်း
ကျောင်းသက်သာဝင်ငွေတိုးတက်စေရေးနှင့် ဝန်ထမ်းများသက်သာချောင်ချိစေရေး ရည်ရွယ်၍ နှစ်ရှည်ပင်ဖြစ်သည့် ဒေသရာသီဥတုနှင့်လျော်ညီသော လျှော်ဖြူပင် စိုက်ပျိုးခြင်း လုပ်ငန်းကို ၂၀၁၈ခုနှစ်၊ ဇူလိုင်လမှစတင်၍ မိတ္ထီလာ - ကျောက်ပန်းတောင်း ကားလမ်းမကြီး ကပ်လျက်ရှိသော မြေကွက်လပ်၊ ကျောင်းတွင်းဆေးခန်းဟောင်း နောက်ကျောနှင့် မော်တော် ယာဉ်ဌာနစု နောက်မြေကွက်လပ်နှင့် ဝန်ထမ်းလိုင်းနှင့် သင်တန်းသူ အိပ်ဆောင် အနောက်ဖက်ရှိ မြေကွက်လပ်အပါအဝင် စုစုပေါင်း( ၂၀ ) ဧကအပေါ်၌ လျှော်ဖြူပင်( ၄၀၀၀ )ကို စိုက်ပျိုးပြီး ကျောင်းရှေ့ရှိ ခရိုင်ကညနရုံးအနောက်ဖက် မြေကွက်လပ်တွင် လျှော်ဖြူပင် (၁၀၀၀) ထပ်မံ စိုက်ပျိုးခဲ့၍ စုစုပေါင်း လျှော်ဖြူ (၅၀၀၀) ပင်ကို စိုက်ပျိုးပြီးဖြစ်ပါသည်။
လျှော်ဖြူပင်များ ပျိုးထောင်ထားသော ပျိုးပင်များနှင့် စိုက်ပျိုးထားသော လျှော်ဖြူခင်းများ
ဝါးပင်များစိုက်ပျိုးထားရှိခြင်း
ကျောင်းဝန်းစိမ်းလန်းစိုပြေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လေထုညစ်ညမ်းမှု လျှော့ချရေးနှင့် ကျောင်းသက်သာဝင်ငွေရရှိရေးအတွက် ဝါးပင်အမျိုးအစား (၇) မျိုး၊ ဝါးပင် (၃၀၀၀) ကို ယခင်နှစ် များက စိုက်ပျိုး ထားရှိခဲ့ပြီး အစီအရင်ခံသည့် ကာလအတွင်း ဝါးပင် (၅၀၀) ထပ်မံစိုက်ပျိုးခဲ့၍ စုစုပေါင်း ဝါးပင် (၃၅၀၀) စိုက်ပျိုးခဲ့ပြီးဖြစ်ပါသည်။ ထပ်မံ စိုက်ပျိုးနိုင် ရေး ပျိုးခြံတွင် ဝါးပျိုးပင်များ ပျိုးထောင်၍ စုဆောင်းထားလျက်ရှိပါသည်။
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် ကျောင်းအုပ်ကြီး ဦးဆောင်ပြီး အရာထမ်း၊ အမှုထမ်း စုစုပေါင်းအင်အား (၁၉၁) ဦးဖြင့် ကျောင်းပိုင်နယ်နိမိတ်ဧရိယာအတွင်း မိုးရာသီ သစ်ပင်စိုက်ပွဲကို COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ အကာအကွယ်ပစ္စည်းများ အသုံးပြု၍ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၏ မိုးရာသီ သစ်ပင်စိုက်ပွဲ အခမ်းအနားကျင်းပနေပုံ
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ စိန်တစ်လုံးသရက်ခြံ
စတင်စိုက်ပျိုးသည့်ရက် -၃၀.၇.၂၀၁၅ သရက်ခြံ(၁) ၃၀ ပင်
စတင်စိုက်ပျိုးသည့်ရက် -၂၁.၇.၂၀၁၇ သရက်ခြံ(၂) ၁၀၀ ပင်
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ နဂါးမောက်ခြံ
စတင်စိုက်ပျိုးသည့်ရက် - ၁၅.၆.၂၀၁၁
အပင်အရေအတွက် - ၂၁၆ ပင်
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ သနပ်ခါးခြံ
စတင်စိုက်ပျိုးသည့်ရက် - ၁.၇.၂၀၀၅
အပင်အရေအတွက် - ၉၁၆ ပင်
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ နွေပဲစိုက်ခင်း
စတင်စိုက်ပျိုးသည့်ရက် - ၁.၆.၂၀၁၈
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ စန္ဒကူးစိုက်ခင်း
အပင်အရေအတွက် - ၁၀၅ ပင်
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အုန်းစိုက်ခင်း
အပင်အရေအတွက် - ၂၀၀ ပင်
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ သင်္ဘောစိုက်ခင်း
အပင်အရေအတွက် - ၁၀၀ ပင်
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ ပြောင်းစိုက်ခင်း
သင်တန်းသား/သူများ စိုက်ပျိုးထားသော စိုက်ခင်းမှထ္ပက်သော ပြောင်းဖူးများအား သင်တန်းသား/သူများသို့ ကျွေးမွေးနေမှုအခြေအနေ
သင်တန်းသား/သူများ စိုက်ပျိုးထားသော စိုက်ခင်းမှ ထ္ပက်သော သရက်သီးများအား သင်တန်းသား/သူများသို့ ပေးဝေမှုအခြေအနေ
သင်တန်းသား/သူများ စိုက်ပျိုးထားသော စိုက်ခင်းများနှင့် အပင်များ ရှင်သန်ကြီးထွားနေမှု အခြေအနေ
ကျောင်းအဝင် သံလွင်လမ်းမကြီး တစ်လျှောက် မိုးရာသီ၌ စိုက်ပျိုးခဲ့မှု
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၏ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပနေပုံ
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ ငါးမွေးမြူရေးကန်
ငါးကြင်းမျက်ဆံနီ - ၈၀၀၀
ငါးခုံးမ - ၅၀၀၀
မြက်စားငါးကြင်း - ၅၀၀၀
စုစုပေါင်း ငါးသားပေါက်ကောင်ရေ - ၁၈၀၀၀
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းရှိ ငါးမွေးမြူရေးကန်မှငါးများကို ဖော်ယူ၍ ဝန်ထမ်းများ ထံသို့ ပေးဝေခဲ့ပုံ
သင်ကြားလေ့ကျင့်ရေးဆိုင်ရာပြုပြင်ပြောင်းလဲဆောင်ရွက်နေမှုများ
(က) တိုးတက်ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ အတွေးအခေါ် ၊ စိတ်ဓာတ်၊ စည်းကမ်း ၊ ခံယူချက်များ မြှင့်တင်တည့်မတ်ပေးနိုင်မည့် ၊ အထူးသဖြင့် ဝန်ထမ်းများ၏ တွေးခေါ်မှုပုံစံ Mind set ကို အခြေခံမှစ၍ ပြုပြင်ပြောင်းလဲပေးနိုင်မည့် ဘာသာရပ် များအား ထည့်သွင်း ပို့ချခြင်း ။
(ခ) နည်းပြများအပိုင်းတွင်ခေတ်နှင့်အညီဆရာဗဟိုပြုသင်ကြားမှုစနစ်မှကျောင်းသားဗဟိုပြုသင်ကြား မှုစနစ်သို့ပြောင်းလဲနိုင်ရေးအတွက် နည်းပြမွမ်းမံသင်တန်းများ ဖွင့်လှစ် ဆောင်ရွက်ခြင်း ။
(ဂ) သင်တန်းသားများအနေဖြင့် တစ်ဆင့်ခံ သင်ကြားသင်ယူမှုထက် ကိုယ်တိုင်လေ့လာ ဆည်းပူးမှု ( Self Study) စနစ်သို့ ကူးပြောင်းရန် (အထူးသဖြင့် အရာရှိအဆင့်သင်တန်း များတွင် ) တွန်းအားပေး ဆောင်ရွက်ခြင်း။
(ဃ) သင်တန်းသားများအားအလွတ်ကျက်မှတ်စနစ်မှ Critical Thinking စနစ်ကို ပြောင်းလဲ ကျင့်သုံး စေခြင်း။
(င) ကျောင်း၌ ဖွင့်လှစ်သည့် သင်တန်းများတွင် ရုံးစာရေးသားနည်း ဘာသာရပ်အားမဖြစ်မနေ ထည့်သွင်းပို့ချစေခြင်း။
(စ) ကျောင်းရှိဝန်ထမ်းများ ၊ သင်တန်းသားများအားလုံး စာဖတ်သည့် အလေ့အထရှိအောင် လေ့ကျင့် ပေးရန် ၊ Library ကို ယခုထက် ကျယ်ကျယ်ပြန့်ပြန့် ထားရှိရန် နှင့် စာအုပ် များစုဆောင်းထားရှိခြင်း။
(ဆ) ဆရာဗဟိုပြုစနစ်မှ ကျောင်းသားဗဟိုပြု သင်ကြားသောစနစ်ကို ပြောင်းလဲကျင့်သုံးခြင်း။
(ဇ) ကျောင်း၌ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးလျက်ရှိသည့် ဒုရုံပိုင်သင်တန်း ၊ စက်ခေါင်းမောင်း (ပညာသင်)သင်တန်း ၊ သံလမ်းအုပ်အခြေခံသင်တန်းများကို နိုင်ငံတကာ စံချိန်စံညွှန်း နှင့်အညီ အရည်အသွေးပြည့်ဝစွာ သင်ကြားလေ့ကျင့်ပေးနိုင်ရေး သင်တန်းကာလနှင့် ပို့ချသည့်ဘာသာရပ်များ ပြန်လည်ဆန်းစစ်ရန်။
(စျ) ယာဉ်ကြီးမောင်းသင်တန်းသို့ တက်ရောက်လာသည့် သင်တန်းသားများအား တတ်မြောက် အောင် စနစ်တကျ သင်ကြားပေးရန်နှင့် စစ်ဆေးမှုကို စနစ်တကျ ခံယူနိုင်ရေး ဆောင် ရွက်ရန်။
နိဂုံး
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းအနေဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီး ဌာန၊ ဝန်ကြီးရုံးနှင့် ဌာန၊ အဖွဲ့အစည်း (၁၉) ခုတို့က ဝန်ထမ်းများကို လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။ အထက်ဌာန၏ လမ်းညွှန် ချက်များကို နာခံ၍ " စိတ်ဓါတ် ၊ စည်းကမ်း ၊ စွမ်းရည် " ပြည့်ဝသည့် အရည်အချင်း မြင့်မားသော ကျွမ်းကျင်သူများကို သင်ကြားလေ့ကျင့် မွေးထုတ်ပေးနိုင်ရေး“ ကျောင်းနေပျော်၍ လေ့ကျင့်မှု တော်ရမည် " ဟူသော ဆောင်ပုဒ်ကို ချမှတ်ကာ ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။


