ပြည်ထောင်စုဝန်ကြီး ကွန်ပျူတာအသင်းချုပ် နှင့် ဝန်ကြီးဌာန မှ တာဝန်ရှိသူများအား တွေ့ဆုံ

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် သည် ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ က ရန်ကုန်မြို့ MICT Park တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် နှင့် ဝန်ကြီးဌာန မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲ သို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ ပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ တွင် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦး က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းဦး က အသင်းချုပ်၏ လက်ရှိ ဆောင်ရွက်ထားရှိမှု အခြေအနေများ အား ရှင်းလင်းတင်ပြ ပါသည်။ ဆက်လက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးရင် က မြန်မာနိုင်ငံ၏ e-Government ကဏ္ဍနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေး တင်ပြခဲ့ပြီး၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ က အသင်းချုပ်နှင့် အသင်းသားများ၏ အကြံပြုချက်များအား တင်ပြဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ် အမှာစကား ပြောကြား ခဲ့ပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ သို့ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း နှင့် မြန်မာနိုင်ငံ ကွန်ပျူတာဝါသနာရှင်အသင်း တို့ မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။