ကုန်းလမ်းပို့ဆောင်ရေး

ကုန်းလမ်းပို့ဆောင်ရေး၏ သမိုင်းကြောင်း

ကုန်းလမ်းပို့ဆောင်ရေး

ကုန်းလမ်းပို့ဆောင်ရေးသည် ၁၉၅၉ ခုနှစ်မှစ၍ ယနေ့အထိ အောက်ပါအတိုင်း အဆင့်ဆင့် ပြောင်းလဲ ဆောင်ရွက်ခဲ့ပါသည် -

  • ၁၉၅၉ ခုနှစ်တွင် စစ်ဘက်ကုန်စည်ဖြန့်ချိရေးအဖွဲ့၏ ရင်းနှီးမတည်ငွေဖြင့် "နေပြည်တော် ပို့ဆောင်ရေးကုမ္ပဏီ" အဖြစ် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ ပါသည်။
  • ၁၉၆၂ ခုနှစ်တွင် နေပြည်တော်ပို့ဆောင်ရေးကုမ္ပဏီအား "မြန်မာနိုင်ငံစီးပွားတိုးတက် ရေး ကော်ပိုရေးရှင်း"  BURMA ECONOMIC DEVELOPMENT CORPORATION (BEDC) အဖြစ် ပြောင်းလဲဆောင်ရွက်ခဲ့ပါသည်။
  • ၁၉၆၃ ခုနှစ်တွင် ပြည်သူပိုင် အဖွဲ့အစည်းတစ်ရပ်အဖြစ် "ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးအဖွဲ့" အမည်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။
  • ၁၉၇၂ ခုနှစ်တွင် ပြည်သူပိုင်စီးပွားရေး အဖွဲ့အစည်းတစ်ရပ်အဖြစ် "ကုန်းလမ်း ပို့ဆောင်ရေး ကော်ပိုရေးရှင်း" အမည်ဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။
  • ၁၉၈၉ ခုနှစ်တွင် ပြောင်းလဲကျင့်သုံးလျက်ရှိသော စျေးကွက်စီးပွားရေးစနစ်နှင့် လျော်ညီစွာ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းတစ်ရပ်အဖြစ် " ကုန်းလမ်းပို့ဆောင်ရေး"  အမည်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ 

ကုန်းလမ်းပို့ဆောင်ရေး၏ ရည်မှန်းချက် (၄) ရပ်

 

ကုန်းလမ်းပို့ဆောင်ရေး၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံတော်တည်ဆောက်ရေး စီမံကိန်းများ၊ အခမ်းအနားများနှင့် နိုင်ငံတော်မှ အခါအားလျော်စွာ ပေးအပ်သော သယ်ယူ ပို့ဆောင်ရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရန်။
  • ကုန်စည်နှင့် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန်။
  • အဆင့်မြင့် ယာဉ်မောင်းသင်တန်းများ ဖွင့်လှစ်ရန်။
  • အဆင့်မြင့် ယာဉ်များအား ပြုပြင်နိုင်သည့် ယာဉ်ပြင်အလုပ်ရုံများ ဆောင်ရွက်ရန်။