ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန နှင့် Ooredoo Myanmar Limited တို ့Nationwide Telecommunications Licence လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ရန်အတွက် လိုင်စင်ရရှိခဲ့ပြီး ဖြစ်သည့် Ooredoo Myanmar Limited နှင့် ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနတို့၏ Nationwide Telecommunications Licence လက်မှတ်ရေးထိုးပွဲအခမ်းအနားကို (၃၀.၁.၂၀၁၄) ရက်နေ့တွင် ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို ့သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း၊ ဆက်သွယ်ရေးနှင့် သတင်းအချက် အလက် နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း၊ ကာတာနိုင်ငံ Ooredoo Group မှ Chairman  ဖြစ်သူ H.E. Sheikh Abdullah Bin Mohammed Bin Saud Al Thani၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာန  နှင့် ပြန်ကြားရေး ၀န်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ကာတာနိုင်ငံOoredoo Group CEO ဖြစ်သူ Dr. Nasser Marafih ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ Ooredoo Myanmar Limited မှ CEO Mr. Ross Cormack၊ နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။

          အခမ်းအနားတွင်ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီးကအဖွင့်အမှာစကားပြောကြားပြီးနောက် ကာတာနိုင်ငံ Ooredoo Group မှ Chairman  ဖြစ်သူ H.E. Sheikh Abdullah Bin Mohammed Bin Saud Al Thani ကနှုတ်ခွန်းဆက်စကားပြောကြားပါသည်။ ဆက်လက်၍ ဆက်သွယ်Anchorရေးနှင့် သတင်းအချက် အလက် နည်းပညာ ၀န်ကြီးဌာန ကိုယ်စား ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ၊ Ooredoo Myanmar Limited ကိုယ်စား Ooredoo Group Chairman ဖြစ်သူ H.E. Sheikh Abdullah Bin Mohammed Bin Saud Al Thani တို့က  Nationwide Telecommunications Licence လက်မှတ်ရေးထိုးကြပါသည်။ ထို ့နောက် Ooredoo Myanmar Limited ၏ CEO Mr. Ross Cormack က နိဂုံးချုပ်စကားပြောကြားကာ Nationwide Telecommunications Licence လိုင်စင်လက်မှတ်ရေးထိုးပွဲအခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။

Ooredoo Myanmar Limited သည် မြန်မာနိုင်ငံတစ်ဝန်း ကမ္ဘာ ့အဆင့်မီ 3G ဆက်သွယ်ရေး ၀န်ဆောင်မှုများကိုလိုင်စင်ရရှိပြီးနောက် လအနည်းငယ်အတွင်း ဆောင်ရွက်ပေးသွားရန် နှင့် မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန် ကိုလည်း ဆောင်ရွက် ပေးသွားမည်ဟု သိရပါသည်။

မြန်မာနိုင်ငံဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု၏ အခန်းကဏ္ဍ တစ်ရပ်အဖြစ် ဆက်သွယ် ရေး အော်ပရေတာ ရွေးချယ်ခြင်းအား ၂၀၁၃ ခုနှစ် ၊ ဇန်နဝါရီလ တွင် ဆောင်ရွက်ခဲ့ရာယခုအခါ Telenor Myanmar Limited နှင့် Ooredoo Myanmar Limited တို ့အား မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးလုပ်ငန်း ဆောင်ရွက််ခွင့်လိုင်စင် ပေးအပ်နိင်ခဲ့ပြီ ဖြစ်ပါသည်။ ဆက်သွယ်ရေး နှင့်သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာန အနေဖြင့် ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်း များဆောင်ရွက်မည့် မြန်မာအော်ပရေတာ တစ်ဦး ဖြစ်သောYatarnarpon Public Co. Ltd အား မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးလုပ်ငန်း ဆောင်ရွက််ခွင့်လိုင်စင်ပေးအပ်နိုင်ရန်ရေး အတွက် ဆက်လက်စီစဉ် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။