ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာန နှင့် Telenor Myanmar Limited တို ့ Nationwide Telecommunications Licence လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပ

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ရန်အတွက် ရွေးချယ်ထားပြီးဖြစ်သည့် Telenor Myanmar Limited နှင့် ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနတို့၏ Nationwide Telecommunications Licence လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို (၅.၂.၂၀၁၄) ရက်နေ့၊ နေ့လည် ၁၃း၃၀ နာရီ တွင်  ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာ ၀န်ကြီး ဌာန၊ ပြည်ထောင်စု ၀န်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို ့ သမ္မတရုံးဝန်ကြီး ဌာန   ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း ၊ ဆက်သွယ် ရေး နှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း ၊ အမျိုုးသားစီမံကိန်း နှင့်စီးပွားရေးဖွံ ့ ဖြိုးတိုးတက်မှု ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေး ကော်မတီဥက္ကဌဦးသိန်းဆွေ ၊ မြန်မာ နိုင်ငံ ဆိုင်ရာနော်ဝေသံအမတ်ကြီးH.E Ann Ollestad ၊ Telenor Asia မှ Chairman  ဖြစ်သူ Mr.Sigve Brekke ၊ ဆက်သွယ် ရေး နှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီး ဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန များမှ ဒုတိယဝန်ကြီးများ၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး နှင့်  ဌာနဆိုင်ရာ အကြီးအကဲများ၊ ၊ Telenor Myanmar Limited မှ CEO Mr. Petter Furberg နှင့် Telenor Myanmar Limited မှဝန်ထမ်းများ ၊ ဖိတ်ကြားထား သော ဧည့်သည်တော် များ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ၀န်ကြီး ဌာန၊ ပြည်ထောင်စု ၀န်ကြီး က အဖွင့်အမှာစကား ပြောကြားပြီးနောက် Telenor Asia မှ Chairman  ဖြစ်သူ Mr.Sigve Brekke က နှုတ်ခွန်းဆက် စကား  ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ကျင်းပရာဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနကိုယ်စား ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်သက်က လည်းကောင်း ၊ Telenor Myanmar Limited ကိုယ်စား Telenor Myanmar Limited မှ CEO Mr. Petter Furberg က လည်းကောင်း လက်မှတ် ရေးထိုးခဲ့ကြပါသည်။  ထို ့နောက် Telenor Myanmar Limited ၏ CEO Mr. Petter Furberg  က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး မှတ်တမ်းတင် ဓါတ်ပုံရိုက်ကာ လက်မှတ်ရေး ထိုးပွဲ အခမ်းအနားကို ရုပ်သိမ်း ခဲ့ပါ သည်။

Telenor Myanmar Limited သည်လိုင်စင်ရရှိပြီးနောက် (၈)လအတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများကို ကမ္ဘာ ့အဆင့်မီ မိုဘိုင်း ဆက်သွယ် ရေး ၀န်ဆောင်မှု များကို ပေးသွားမည် ဖြစ်ကြောင်း၊ ခေတ်မီတိုးတက်သော နည်းပညာ များ ဖြင့် မိုဘိုင်းကွန်ရက်ကိုတည်ဆောက်ကာ မိုဘိုင်း တယ်လီဖုန်း သုံးစွဲမှုနှုန်း သိသိသာသာတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကနဦးအနေဖြင့် voice and data ၀န်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။