သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန လျှောက်လွှာခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန

လျှောက်လွှာခေါ်ယူခြင်း

 

၁။          ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော လစာနှုန်းကျပ်(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) အငယ်တန်း အင်ဂျင်နီယာ-၂ ရာထူး၊  လစာနှုန်းကျပ် (၁၈၀၀၀၀-၂၀၀၀- ၁၉၀၀၀၀) စက်မှုကျွမ်းကျင်(၄) ရာထူးနှင့် လစာနှုန်းကျပ် (၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) ရုံးအကူ(စာပို့) ရာထူးနေရာများအတွက် အောက်ဖော်ပြပါ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-

စဉ်

လျှောက်ထားနိုင်သည့်ရာထူး

ပညာအရည်အချင်း

လစ်လပ်နေရာ

(က)

 အငယ်တန်းအင်ဂျင်နီယာ-၂

အင်ဂျင်နီယာဘွဲ့(သို့မဟုတ်)

နည်းပညာဘွဲ့တစ်ခုခုရရှိသူ

ဖြစ်ရမည်။

၅ နေရာ

(ခ)

စက်မှုကျွမ်းကျင်-၄

အင်ဂျင်နီယာဘွဲ့(သို့မဟုတ်)

နည်းပညာဘွဲ့တစ်ခုခုရရှိသူ

ဖြစ်ရမည်။

၁၄ နေရာ

(ဂ)

ရုံးအကူ(စာပို့)

အခြေခံအလယ်တန်းအထိ တက်ရောက်ခဲ့သူဖြစ်ရမည်။

၃ နေရာ

၂။          လျှောက်ထားလိုသူများသည် -

               (က) ပြည်ထောင်စုနိုင်ငံသားဖြစ်ရမည်။

               (ခ)   (၃၁-၁၁-၂၀၂၁)ရက်နေ့တွင် အသက်(၃၀) နှစ်ထက် မကျော် လွန်သူဖြစ်ရမည်။ ဝန်ထမ်းဖြစ်ပါက အသက်(၃၅) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

               (ဂ)   ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး နေရာဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

              (ဃ) ရွေးချယ်ခြင်းခံရပါက ဌာနတွင်အနည်းဆုံး(၃)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

               (င)   အစိုးရဝန်ထမ်းများအတွက် တက္ကသိုလ်တစ်ခုခုမှဘွဲ့ရပြီး ဌာနဆိုင်ရာ အသိအမှတ်ပြု ဘာသာရပ်ဆိုင်ရာ သင်တန်းတက်ရောက်ပြီးသူဖြစ်ရမည်။

၃။         လျှောက်လွှာနှင့်အတူ အောက်ပါ စာရွက်စာတမ်းများ ပူးတွဲပါရှိရမည် -

             (က) တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ဓါတ်ပုံ(၃)ပုံ (ကျောဘက်တွင် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ရေးရမည်။)

              (ခ)    နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ (ဖြေဆိုခွင့်ကတ်ပြားထုတ်ယူချိန်တွင် မူရင်းတင်ပြနိုင်ရမည်။)

              (ဂ) ပညာအရည်အချင်းအတွက် အထောက်အထားမိတ္တူ(ဘွဲ့လက်မှတ်၊ ဆယ်တန်းအောင်လက်မှတ်) (ဖြေဆိုခွင့်ကတ်ပြားထုတ်ယူချိန်တွင် မူရင်းတင်ပြနိုင်ရမည်။)

             (ဃ)    ပြင်ပ ပုဂ္ဂိုလ်များအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြား မူရင်း/မိတ္တူ  (အလုပ်သမားရုံးအမည်ပါဝင်ရမည်)

             (င)     ကျန်းမာကောင်းမွန်ကြောင်း ကျန်းမာရေးဦးစီးဌာန၏ ဆေးစစ်ဆေးချက်မူရင်း

             (စ)   ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့် ဌာနဆိုင်ရာ ပြစ်မှု ကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း

            (ဆ)   အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့၏ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက်မူရင်း (တစ်လအတွင်း ထောက်ခံချက်)

            (ဈ)    ဝင်ကြေးငွေကျပ် ၁၀၀၀ ပေးသွင်းထားသည့် ချလန်မူရင်း

၄။       လျှောက်ထားသူများသည် စာမေးပွဲဝင်ကြေး ကျပ် ၁၀၀၀ (တစ်ထောင်တိတိ)ကို နေပြည်တော် မြန်မာ့ စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားသည့် ညွှန်ကြားရေးမှူးချုပ်၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ငွေစာရင်းအမှတ် MD-013318 သို့ ပေးသွင်းရမည် ဖြစ်ပါသည်။

၅။       လျှောက်လွှာတွင်ပါရှိသော အချက်အလက်များကို ပြည့်စုံစွာဖော်ပြ၍ လျှောက်လွှာများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ်(၂)၊ နေပြည်တော်သို့ လိပ်မူ၍ အမြန်အချောပို့/ စာတိုက်မှ တစ်ဆင့် (၇-၁-၂၀၂၂) ရက်နေ့၊ ရုံးချိန်အတွင်း (၁၆:၀၀) နာရီနောက်ဆုံးထား၍ အရောက်ပေးပို့ ရမည်။

(လျှောက်လွှာပုံစံများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ Website ဖြစ်သော  www.motc.gov.mm) တွင် download ရယူနိုင်ပါသည်။

၆။       လျှောက်လွှာနှင့်စပ်လျဉ်း၍ လျှောက်လွှာလက်ခံရန် သတ်မှတ်ထားသောရက်ထက် နောက်ကျ ရောက်ရှိလာခြင်းနှင့် စာရွက်စာတမ်းပြည့်စုံခြင်းမရှိပါက အဆိုပါလျှောက်လွှာများအား လက်ခံစဉ်းစား မည်မဟုတ်ပါ။

၇။      လျှောက်ထားသူများသည် မြန်မာစာ ၊ အထွေထွေဗဟုသုတနှင့်  အင်္ဂလိပ်စာဘာသာရပ် များ ပါဝင်သော အရည်အချင်းစစ်ရေးဖြေစာမေးပွဲ(၂)နာရီမေးခွန်း ဖြေဆိုရမည်ဖြစ်ပြီး၊ ရေးဖြေစာမေးပွဲ အောင်မြင်သူများကို လူတွေ့စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူရမည့်ရက်နှင့် ရေးဖြေစာမေးပွဲကျင်းပမည့် ရက်စွဲ၊ အချိန်၊ နေရာ၊ စာမေးပွဲဝင်ရောက်ဖြေဆိုခွင့် ရရှိသူ အမည်စာရင်းနှင့် ခုံနံပါတ်တို့ကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ Website ဖြစ်သော www.motc.gov.mm   တွင် ကြေငြာပေးသွားမည်ဖြစ်ပါသည်။

၈။        အသေးစိတ်သိရှိလိုပါက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၊ သတင်းအချက် အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန(ရုံးချုပ်)၊ စီမံရေးရာ ဌာနစိတ်၊ နေပြည်တော်၊ တယ်လီဖုန်းအမှတ် (၀၆၇-၃၄၀၇၇၁၅၊ ၀၆၇-၃၄၀၇၀၄၁) တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
 

သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန