လုပ်ငန်းနှင့်စစ်ဆေးရေးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း။(org)

လုပ်ငန်းနှင့်စစ်ဆေးရေးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း။

Organization Chart

လုပ်ငန်းနှင့်စစ်ဆေးရေးဌာန၏လုပ်ငန်းတာဝန်များ

၁။       ပြည်နယ်/ တိုင်း အသီးသီးရှိ အော်တိုအိတ်ချိန်းများနှင့် အိတ်ချိန်းအဝေးလိုင်းများ၏ အခြေအနေကို နေ့စဉ်စစ်ဆေးကြီးကြပ်ခြင်း၊ တင်ပြခြင်း။

၂။       တယ်လီဖုန်းလုပ်ငန်း စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုအား ကြီးကြပ်ကွပ်ကဲခြင်း။

၃။       နှစ်စဉ်ပုံမှန်တယ်လီဖုန်းလုပ်ငန်း လျာထားချက်များ အကောင်အထည်ဖော်ဆောင်ရွက်မှုအား ကြီးကြပ်ကွပ်ကဲခြင်း။

၎။       တယ်လီဖုန်းလုပ်ငန်းများအား ထိန်းသိမ်းကြံ့ခိုင်ရေးလုပ်ငန်းများအား ကြီးကြပ်ကွပ်ကဲခြင်း။

၅။       တယ်လီဖုန်းလုပ်ငန်းများအတွက် စက်မှုပိုင်းဆိုင်ရာ စံချိန်စံညွှန်းများ ပြုစုခြင်း၊ စံချိန်စံညွှန်းနှင့်အညီ လုပ်ငန်းဆောင်ရွက်ရန် ကြီးကြပ်ကွပ်ကဲခြင်း။

၆။       တယ်လီဖုန်းအိတ်ချိန်းများ၏ မြို့တွင်းခေါ်ဆိုမှုနှင့် အဝေးခေါ်ဆိုမှုများ လွယ်ကူချောမွေ့စေရန်၊ ပုံမှန်ကြီးကြပ်ကွပ်ကဲခြင်း။

၇။       ခရီးစဉ်ညွှန်ကြားချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရန် ညွှန်ကြားခြင်း၊ ကြီးကြပ်ခြင်း။

၈။       စခန်းများ၏ ပုံမှန်လည်ပတ်မှု (Operation) အားအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း။

၉။       ဆက်ကြောင်းများ ပြတ်တောက်ခြင်း၊ ဆက်သွယ်မှုချွတ်ယွင်းခြင်းကိစ္စရပ်များအား ကွင်းဆင်း စစ်ဆေး၍ အစီရင်ခံတင်ပြခြင်း။

၁၀။     တယ်လီဖုန်းလုပ်ငန်း လိုအပ်ချက်များကို သက်ဆိုင်ရာအင်ဂျင်နီယာချုပ်များနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း။

၁၁။     တယ်လီဖုန်းဝင်ငွေများ လျာထားချက် ပြည့်မီကျော်လွန်စေရေး လိုအပ်သည်များ ညွှန်ကြား ဆောင်ရွက်ခြင်း။