ငွေစာရင်းဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း။(org)
ငွေစာရင်းဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း။
ငွေစာရင်းဌာန၏ ဖွဲ့စည်းပုံဇယား
ငွေစာရင်းဌာန၏ လုပ်ငန်းတာဝန်များ
၁။ ရ-သုံးမှန်းခြေငွေစာရင်းရေးဆွဲခြင်း၊ ကြီးကြပ်ခြင်း။
၂။ ငွေကြေးဆိုင်ရာကိစ္စရပ်များ စီစဉ်ဆောင်ရွက်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း။
၃။ တယ်လီဖုန်းအခွန်ငွေ ကောက်ခံခြင်းနှင့် အခွန်ငွေစာရင်းများ ထိန်းသိမ်းခြင်း။
၎။ နိုင်ငံခြားရငွေ/ ပေးငွေစာရင်းများနှင့် ပြည်ပချေးငွေစာရင်းများ ထိန်းသိမ်းပြုစုခြင်း။
၅။ ပြည်ပနိုင်ငံများသို့  နိုင်ငံခြားငွေပေးချေရန်အတွက် သုံးစွဲခွင့်လျှောက်ထားခြင်း၊ ပေးချေခြင်း။
၆။ အပြည်ပြည်ဆိုင်ရာ တယ်လီဖုန်းဆက်သွယ်မှုများအတွက် ပြည်ပနိုင်ငံများနှင့် စာရင်းရှင်းလင်းခြင်း၊ တောင်းခံခြင်း။
၇။ စီမံကိန်းစာရင်းများ ပြုစုခြင်း၊ ထိန်းသိမ်းခြင်းနှင့် ၀န်ကြီးဌာန လှည့်ပတ်ရန်ပုံငွေစာရင်းများ ထိန်းသိမ်းပြုစုခြင်း
၈။ ၀န်ထမ်းလစာနှင့်စရိတ်၊ အငြိမ်းစားလစာများပြုစုရေးဆွဲခြင်း၊ အရာထမ်းများ၏ လုပ်သက်မှတ်တမ်းများပြုစု
ထိန်းသိမ်းခြင်းနှင့် ၀န်ထမ်းရေးရာကိစ္စရပ်များ ထိန်းသိမ်းဆောင်ရွက်ခြင်း။
၉။ လချုပ်စာရင်းများ၊ နှစ်ချုပ်စာချုပ်စာရင်းများ စစ်ဆေးပြုစုခြင်း၊ဘဏ္ဍာရေးရှင်းတမ်းများပြုစုခြင်း၊ ဘဏ္ဍာရေးအစီရင်ခံစာများ
ပြုစုတင်ပြခြင်း။
၁၀။ ရန်ကုန်မြို့ နှင့် နေပြည်တော် တယ်လီဖုန်းလမ်းညွှန်စာအုပ်ပြုစုခြင်းနှင့် ဖြန့်ဝေခြင်း။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တပ်ဆင်ပေးထား သည့် ပုဂွလိက တယ်လီဖုန်းများ ၏ ခေါ်ဆိုခ ကျသင့်ငွေများ အား လစဉ် ငွေတောင်းခံလွှာများ ထုတ်ဆင့်၍ သုံးစွဲသူများ ထံသို့ စာတိုက်များ မှ တဆင့် ပေးပို့ပြီး၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ၏ ငွေလက်ခံကောင်တာ များ နှင့် ဘဏ်များ မှ တဆင့် ကျသင့်ငွေများ အား ကောက်ခံလျှက်ရှိပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ငွေလက်ခံကောင်တာများ
စဉ် | ငွေလက်ခံစခန်းများ | တယ်လီဖုန်းနံပါတ် |
၁ | ရုံးချုပ်ငွေလက်ခံစခန်း | ၀၁-၃၇၀၇၁၆ |
၂ | စာတိုက်ကြီးငွေလက်ခံစခန်း | ၀၁-၂၈၀၂၁၉ |
၃ | တာမွေငွေလက်ခံစခန်း | ၀၁-၅၄၅၁၅၇ |
၎ | သင်္ဃန်းကျွန်းငွေလက်ခံစခန်း | ၀၁-၅၆၂၂၅၁ |
၅ | မရမ်းကုန်းငွေလက်ခံစခန်း | ၀၁-၆၆၀၃၃၅ |
၆ | အင်းစိန်ငွေလက်ခံစခန်း | ၀၁-၆၄၂၂၁၂ |
၇ | လှိုင်ငွေလက်ခံစခန်း | ၀၁-၅၃၉၄၃၆ |
၈ | အလုံငွေလက်ခံစခန်း | ၀၁-၂၁၁၈၈၄ |
Online Billing Payment System အရ အခွန်ငွေပေးဆောင်နိုင်သည့် ဘဏ်များ
မြန်မာ့စီးပွားရေးဘဏ်
အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်
မြန်မာ့အရှေ့တိုင်းဘဏ်
သမ၀ါယမဘဏ်