Published: 09 Jan, 2019



Last Date :
Description :
  • မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကုန်လုပ်ငန်းဌာန (ဆူးလေဆိပ်ကမ်း)တွင် ထိန်းသိမ်း ထားရှိသော လေလံစာရင်းဝင်ဖြစ်ပြီး (၁) နှစ်ကျော်ကြာသည်အထိ လာရောက် ထုတ်ယူမှု မရှိသည့် ကုန်သေတ္တာ(၃၂)လုံး အတွင်းမှ ကုန်ပစ္စည်းများကို လက်ရှိ မျက်မြင်အခြေအနေအတိုင်း (၂၉-၁-၂၀၁၉) ရက်နေ့ (၁၀:၀၀) အချိန်တွင် အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ​လေလံတင် ထုခွဲ ရောင်းချမည် ဖြစ်ပါသည်။

 

  • တင်ဒါပုံစံနှင့် တင်ဒါစည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗဟိုပစ္စည်း ထိန်းဌာန၊ ကမ်းနားလမ်း (ဗိုလ်တထောင်ဘုရား အနောက်ဘက် ကွန်ကရစ်လမ်း၊  Toll Gate အနီး)၊ ဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့တွင် (၈-၁-၂၀၁၉) ရက်နေ့မှ (၂၅-၁-၂၀၁၉) ရက်နေ့အထိ ရုံးဖွင့်ရက်/ရုံးချိန်အတွင်း ဆက်သွယ်ဝယ်ယူနိုင်ပြီး အသေးစိတ်သိရှိလိုပါက တယ်လီဖုန်း အမှတ်၊ ၀၁-၈၆၁၀၂၂၉ နှင့် ၀၁-၈၆၁၀၂၃၀ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

လေလံတင်ထုခွဲရောင်းချရေးကော်မတီ

Download Details :
Download Detail
MPA Tender (21.04 KB)
Department Under :