Published: 01 Nov, 2018



Last Date :
Description :

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊  ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၁၂)  ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ တောင်ကြီးမြို့၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွင်း ရုံးချုပ်၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် အရာရှိအိမ်ရာ ( ၃၆ ပေ × ၂၆ ပေ ၊ RC (၂) ထပ်) နှင့် ဝန်ထမ်းအိမ်ရာ (၁၀၀-ပေ × ၂၈-ပေ ၊ RC (၂) ထပ်) တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များကို အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

  • တင်ဒါလျှောက်လွှာရောင်းချမည့်ရက်     -    ၅  - ၁၁ - ၂၀၁၈   မှ    ၅ - ၁၂ - ၂၀၁၈   အထိ (ရုံးချိန်အတွင်း)
  • တင်ဒါလျှာက်လွှာပေးသွင်းရမည့်ရက်    -    ၆ -  ၁၂ - ၂၀၁၈ ရက် (၁၄:၀၀) နာရီ
  • တင်ဒါဖွင့်မည့်ရက်                            -     ၇ -  ၁၂ - ၂၀၁၈ ရက် (၁၀:၀၀) နာရီ
  • တင်ဒါပေးသွင်းရမည့်နေရာ                 -    ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊  ရှမ်းပြည်နယ်ရုံး၊  ကံကြီးရပ်ကွက်၊ တောင်ကြီးမြို့ ( ၄-မိုင်၊ တောင်ကြီး - ဟိုပုံး ကားလမ်းမကြီးဘေး၊ မိုင်တိုင်အမှတ် ၁၁၉အနီး)
  • အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံး ဖုန်း-၀၈၁-၂၁၃၂၂၇၁ ကို ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင် ပါသည်။
Download Details :
Download Detail
Department Under :