Published: 29 Jan, 2022



Last Date :
Description :

၁။         တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြစ်တွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် နုန်းအနည်ထိုင်မှုများ များပြားလာခဲ့ပြီး ရေစီးရေလာများ ပိတ်ဆို့၍ရေကြီးရေလျှံခြင်း၊ ရေစူးအနက်များကျဆင်း၍ ရေယာဉ်များ ဝင်ထွက်သွားလာရေး အား အဟန့်အတား ဖြစ်စေခြင်းများ ဖြစ်ပေါ်လျှက်ရှိသဖြင့် ရေစီးရေလာကောင်းမွန်ရေးနှင့် ရေလမ်းကြောင်းတိုးတက်ကောင်း မွန်ရေးတို့အတွက် ရေလမ်းကြောင်းတစ်လျှောက် သောင်တူးဖော်ရှင်းလင်းခြင်းနှင့် ထွက်ရှိလာသောသဲများအား ပြည်ပသို့ တင်ပို့ခြင်း လုပ်ငန်းအား ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်တွင်း/ ပြည်ပကုမ္ပဏီကြီးများ နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ရေး အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စိစစ်‌ရွေးချယ်သွားမည် ဖြစ်ပါသည်။

၂။          ရေလမ်းကြောင်းတိုးတက်ကောင်းမွန်ရေး သောင်တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းသည် စီးပွားရေးဆန်ဆန် သောင်တူး ဖော်ခြင်း(Spot  Dredging)မျိုးမဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်၏  Eco System ကို ထိခိုက်မှုမရှိစေရန် တူးဖော်ရှင်းလင်းရခြင်း၊ ဌာနမှသတ်မှတ်ပေးသည့် ရေလမ်းကြောင်းတစ်လျှောက်ရှိ ရေတိမ်ကွက်များကိုသာ မူလရေစူးအနက် ပြန်လည်ရရှိအောင် တူးဖော် ရှင်းလင်းရခြင်း၊  ဒေသခံပြည်သူများ၏ လူမှုစီးပွားရေးကို ထိခိုက်နှောက်ယှက်မှုမရှိစေရန် ဆောင်ရွက်ရခြင်း‌၊ လိုအပ်ပါက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ဒေသလိုအပ်ချက်များတွင် ကူညီပံ့ပိုး ဆောင်ရွက်ရခြင်း စသည့်အခြေအနေများ ကြောင့် လုပ်ငန်းအတွေ့အကြုံ၊ နည်းပညာ၊ စက်ယန္တရား၊ ကျွမ်းကျင်ပညာရှင်များနှင့် ဘဏ္ဍာရေးကိစ္စရပ်များတွင် ကောင်းမွန် ပြည့်စုံခိုင်မာမှုရှိရန် အထူးလိုအပ်မည် ဖြစ်ပါသည်။

၃။         သို့ဖြစ်ပါ၍အထက်ဖော်ပြပါ လုပ်ငန်းအတွေ့အကြုံ နည်းပညာ၊ စက်ယန္တရား၊ ကျွမ်းကျင် ပညာရှင်များနှင့် ဘဏ္ဍာရေး ကိစ္စရပ်များ ပြည့်စုံ၍ လုပ်ငန်းဆောင်ရွက်လိုသော ပြည်တွင်း / ပြည်ပကုမ္ပဏီကြီး များအနေဖြင့် အိတ်ဖွင့်တင်ဒါ လျှောက်လွှာ များအား အောက်ပါအတိုင်း  ဝယ်ယူနိုင်ပါကြောင်း     အသိပေးဖော်ပြအပ်ပါသည် (ပြည်ပကုမ္ပဏီ ကြီးများအနေဖြင့် ပြည်တွင်း ကုမ္ပဏီ နှင့် JV  ပြုလုပ်ခြင်း သို့မဟုတ် မြန်မာနိုင်ငံရုံးခွဲ ဖွင့်လှစ်ခြင်းများ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်) -

            (က)      လျှောက်လွှာဝယ်ယူရမည့်နေရာ               -ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊

                  - ရုံးချုပ် (ရေဘက်ဆိုင်ရာမြို့ပြအင်ဂျင်နီယာဌာနခွဲ)

            ( ခ )      လျှောက်လွှာ ရောင်းချမည့်နေ့ရက်/အချိန် - ၁.၂.၂၀၂၂ မှ  ၂.၂.၂၀၂၂ရက်နေ့(၁၅:၀၀)နာရီ(ရုံးချိန်အတွင်း)

            ( ဂ )      လျှောက်လွှာလက်ခံမည့်နေရာ                - ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

                        နေ့ရက်/အချိန်                                    - ရုံးချုပ် ၁.၃.၂၀၂၂ (၁၃:၀၀)နာရီ

            (ဃ)      လျှောက်လွှာဖွင့်ဖောက်မည့် နေ့ရက်/အချိန်-   ၁.၃.၂၀၂၂  (၁၄:၀၀)နာရီ

၄။         အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်-

            ၀၁-၂၉၂၆၀၆

                                                   

Download Details :
Download Detail
Department Under :