Published: 19 Mar, 2019



Last Date :
Description :

၁။      ဆူးလေဆိပ်ကမ်း/MIP ဆိပ်ကမ်း/MSTL ဆိပ်ကမ်းတို့တွင် ထိန်းသိမ်းထားရှိသော လေလံ စာရင်းဝင်ဖြစ်ပြီး (၁)နှစ်ကျော်ကြာသည့်အထိ လာရောက်ထုတ်ယူခြင်း မရှိသည့် ကုန်သေတ္တာ (၃၅) လုံးအတွင်းမှ ကုန်ပစ္စည်းများအား လက်ရှိ မျက်မြင်အခြေအနေအတိုင်း (၂၆-၄-၂၀၁၉)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လေလံတင်ထုခွဲရောင်းချမည်ဖြစ်ပါသည်။

၂။      တင်ဒါပုံစံနှင့် တင်ဒါစည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗဟိုပစ္စည်းထိန်း ဌာန၊ ကမ်းနားလမ်း(ဗိုလ်တထောင်ဘုရား၊ အနောက်ဘက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး) ဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့တွင် (၂၅-၃-၂၀၁၉) ရက်နေ့မှ (၂၄-၄-၂၀၁၉)ရက်နေ့အထိ ရုံးဖွင့်ရက်/ ရုံးချိန်အတွင်းဆက်သွယ်ဝယ်ယူနိုင်ပြီး အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းအမှတ်၊၀၁-၈၆၁၀၂၂၉ နှင့် ၀၁-၈၆၁၀၂၃၀ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Download Details :
Download Detail
MPA TENDER (19.18 KB)
Department Under :