Published: 24 Oct, 2019



Last Date :
Description :

၁။      ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ပြည်သူ့ဗဟိုပြုစာတိုက် ဝန်ဆောင်မှုများကို ယခုထက် ပိုမိုဖြည့်ဆည်းပေးနိုင်ရန်အတွက် တိုးချဲ့ဆောင်ရွက်လိုပါသဖြင့် အောက်ဖော် ပြပါလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်အပ်ပါသည်-

(က)     မြန်မာ့စာတိုက်လုပ်ငန်းနှင့်အထူးအမြန်ချောပို့လုပ်ငန်းသစ်ပူးပေါင်းဆောင်ရွက်ခြင်း၊

              (ခ)    ပြည်တွင်း/ ပြည်ပ ချောသယ်ယူပို့ဆောင်ခြင်းလုပ်ငန်းဆောင်ရွက်ခြင်း၊

              (ဂ)    ကိုယ်စားငွေကောက်ခံခြင်းလုပ်ငန်းဆောင်ရွက်ခြင်း၊

(ဃ)     စာတိုက်လုပ်ငန်းမှ နိုင်ငံတကာတွင် ဆောင်ရွက်လျက်ရှိသော အထူးဝန်ဆောင်မှု (Value  Added  Service) ပေးနိုင်မည့် မည်သည့်လုပ်ငန်းမဆို ဆောင်ရွက်ပေး ခြင်း။

၂။       သို့ဖြစ်ပါ၍ မြန်မာ့စာတိုက်လုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်လိုသည့် အဖွဲ့အစည်းများနှင့် ကုမ္ပဏီများအနေဖြင့် မြန်မာ့စာတိုက်လုပ်ငန်း၊ လုပ်ငန်းသစ်တိုးချဲ့ရေးနှင့် ဈေးကွက်ဌာန၊ ဖုန်း ၀၆၇-၃၄၂၀၆၃၀ သို့ ရုံးချိန်အတွင်း ( ၆ . ၁၂ . ၂၀၁၉) ရက်နေ့ နောက်ဆုံးထား ဆက်သွယ်ဆောင်ရွက် နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

 

 

မြန်မာ့စာတိုက်လုပ်ငန်း(ရုံးချုပ်)

နေပြည်တော်ဗဟိုစာတိုက်ကြီး

ဖုန်း - ၀၆၇-၃၄၂၀၆၃၀

Download Details :
Department Under :