Published: 14 Oct, 2022



Last Date :
Description :

၁။             ရန်ကုန်မြို့၊ တိရိစ္ဆာန်ရုံဥယျာဉ်လမ်းနှင့် ကွမ်းခြံလမ်းထောင့်တွင်တည်ရှိသော မြန်မာ့ မီးရထားပိုင်မြေ အကျယ်အဝန်း(၆၅,၄၉၃.၇၅)စတုရန်းပေနှင့် ယင်းမြေကွက်ပေါ်ရှိ RC နှစ်ထပ် အဆောက်အဦ(၁)လုံး ကြမ်းပြင်ဧရိယာ (၆၅၀၀)စတုရန်းပေ၊ နှစ်ထပ်အဆောက်အဦ(၁)လုံး ကြမ်းပြင်ဧရိယာ(၅၅၀)စတုရန်းပေ၊ စုစုပေါင်း(၂)လုံးတို့အား (၁.၁၁.၂၀၂၂ မှ ၃၁.၁၀.၂၀၂၇)ထိ (၅)နှစ်သက်တမ်း ငှားရမ်းလုပ်ကိုင်ခွင့်ကို မြန်မာ့မီးရထား၊ ရန်ကုန်ဘူတာ၊ စခန်းသာဧည့်ခန်းမ ဆောင်၌ (၂၈.၁၀.၂၀၂၂)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ဈေးပြိုင်လေလံ စနစ်ဖြင့် (Open Tender) ခေါ်ယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂။             မန်နေဂျာ(စီးပွားရေး/တိုင်း)၊ တိုင်းအမှတ်(၇)ရန်ကုန်ရုံးတွင် တင်ဒါစည်းကမ်းချက်နှင့် တင်ဒါအဆိုပြုလွှာပုံစံများကို (၁)စုံလျှင် (၃၀,၀၀၀/-)ကျပ်နှုန်းဖြင့် (၁၄.၁၀.၂၀၂၂ မှ  ၂၇.၁၀.၂၀၂၂ ထိ) ရုံးချိန်အတွင်း (ရုံးပိတ်ရက်မပါ)ဝယ်ယူနိုင်ပါသည်။

၃။             အသေးစိတ်အချက်အလက်များကို သိရှိလိုပါက မြန်မာ့မီးရထား(ရုံးချုပ်)၊ နေပြည်တော် ဘူတာ(ပထမ)ထပ်ရှိ စီးပွားရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းအမှတ်(ဖုန်း၊ ၀၆၇-၇၇၀၄၈/၇၇၁၂၃/၇၇၁၆၃)သို့ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါကော်မတီ

Download Details :
Download Detail
Department Under :