Published: 19 Aug, 2019



Last Date :
Description :

၁။  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအတွက် အသုံးပြုရန် လိုအပ်သော Data Center Colocation Service ဝန်ဆောင်မှု လုပ်ငန်းများအား မြန်မာကျပ်ငွေဖြင့် ဝန်ဆောင်မှုရယူ ဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့် အနိမ့်ဆုံး Tier 3 အဆင့်ရှိ Data Center Colocation Service ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသူများအနေဖြင့် စိတ်ပါဝင်စားပါက သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ ကုမ္ပဏီ/ အဖွဲ့အစည်း၏ တာဝန်ရှိသူ ကိုယ်တိုင် (သို့မဟုတ်) ကိုယ်စား လက်မှတ်ရေးထိုး၍ Expression of Interest (EOI) တင်သွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

၂။ တင်သွင်းရမည့် EOI အဆိုပြုလွှာပုံစံများအား တင်ဒါကော်မတီ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၂)၊ နေပြည်တော်တွင် (၂၆-၈-၂၀၁၉) မှ (၃၀-၈-၂၀၁၉) ရက်နေ့ထိ ရုံးချိန် အတွင်း ရယူနိုင်ပြီး၊ www.motc.gov.mm တွင်လည်း Download ရယူနိုင်ပါသည်။ EOI အဆိုပြုလွှာ များအား (၂၅-၉-၂၀၁၉) ရက်နေ့ (၁၃:၀၀) နာရီ နောက်ဆုံးထား၍ တင်ဒါကော်မတီ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်သို့ လိပ်မူ၍ သတ်မှတ်ချက်များနှင့်အညီ ပေးသွင်းပါရန်နှင့် သတ်မှတ်ကာလထက် ကျော်လွန်သော EOI အဆိုပြုလွှာများအား ထည့်သွင်း စဉ်းစားမည် မဟုတ်ကြောင်း ဖော်ပြအပ်ပါသည်။

၃။ Expression of Interest (EOI) အဆိုပြုလွှာများအား စစ်ဆေးပြီး အရည်အသွေးပြည့်မီသည့် လုပ်ငန်းရှင်များအား စက်မှုပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်များနှင့် ဈေးနှုန်းအဆိုပြုလွှာ Request for Proposal (RfP) များကို ဆက်လက်တောင်းခံသွားမည်ဖြစ်ပါသည်။

၄။  အသေးစိတ်အချက်အလက်များအား အောက်ပါလိပ်စာတွင် စုံစမ်းနိုင်ပါသည်။

တင်ဒါကော်မတီ၊

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊

ရုံးအမှတ်(၂)၊ နေပြည်တော်

ဖုန်း − ၀၉၄၅၀၀၀၀၀၇၀ (ရုံးချိန်အတွင်း)

တင်ဒါကော်မတီ

Download Details :
Download Detail
Department Under :