Published: 06 Nov, 2019
Last Date | : | |
Description | : |
၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းတွင်အသုံးပြုရန် လိုအပ်သော ရုံးသုံးစက်ပစ္စည်းများနှင့် ပရိဘောဂပစ္စည်းများကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူရန်အတွက် စိတ်ပါဝင်စား သူများအား အိတ်ဖွင့်တင်ဒါခေါ်ယူပါသည်-
(က) Digital Letter Scale (0.1g to 6kg) 122 Nos (ခ) Digital Parcel Scale (5g to 30kg) 81Nos (ဂ) Digital Mail Bag Scale (5g to 60 kg) 53 Nos (ဃ) Electric bicycle (26") 100 Nos (င) Desktop Computer 202 Nos Processor. Intel Core i7-8550U, (1.8 GHz)4GB DDR4, 2400MHz,ITB HDD,AMD Radeon 520 Graphic(2GB DDR5)(Monitor 18.5") Full HD Display DVD RW Bluetooth 4.0.4 cell Battery ,64 (စ) Portable Blue tooth Label Printer 70 Nos (ဆ) UPS (600VA) 184 Nos (ဇ) Steel Cabinet (72" H×36" W×18"B) 50 Nos (ဈ) Waiting Chair (4 Seater) 25 Sets
၂။ တင်ဒါစည်းကမ်းအသေးစိတ်နှင့် တင်ဒါပုံစံအား မြန်မာ့စာတိုက်လုပ်ငန်း(ရုံးချုပ်)၊ ဗဟိုစာတိုက်ကြီး၊ နေပြည်တော်တွင် (၁-၁၂-၂၀၁၉)ရက်နေ့မှ (၁၅-၁၂-၂၀၁၉)ရက်နေ့အထိ လာရောက် ဝယ်ယူနိုင်ပြီး (၃၀-၁၂-၂၀၁၉)ရက်နေ့ ညနေ(၄:၃၀)နာရီတွင် တင်ဒါပိတ်သိမ်းပါမည်။ သတ်မှတ်ထားသည့် အချိန်ထက် ကျော်လွန်ပေးသွင်းသော တင်ဒါအား လက်ခံမည်မဟုတ်ပါ။
၃။ တင်ဒါတင်သွင်းသူတိုင်းသည် အာမခံစပေါ်ငွေ (၁%)ကို (၁၅-၁၂-၂၀၁၉) ရက်နေ့မှ (၃၀-၁၂-၂၀၁၉) ရက်နေ့အထိ (ရုံးချိန်အတွင်း) မြန်မာ့စာတိုက်လုပ်ငန်း(ရုံးချုပ်)၊ နေပြည်တော်၏ (SEE-11435) သို့ ငွေသွင်းချလံဖြင့် ပေးသွင်းရမည်ဖြစ်ပါသည်။
၄။ တင်ဒါပုံစံနှင့် တင်ဒါခေါ်ယူသည့်ပစ္စည်းများ၏ အသေးစိတ်အချက်အလက်များကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း(ရုံးချုပ်)၊ နေပြည်တော်သို့ မေးမြန်း စုံစမ်းနိုင်ပါသည်။
တင်ဒါကော်မတီ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်း(ရုံးချုပ်)၊ နေပြည်တော်ဗဟိုစာတိုက်ကြီး ဖုန်း - ၀၆၇-၃၄၂၀၆၁၀ ၊ ၀၉-၅၆၀၀၀၀၁ |
Download Details | : | |
Department Under | : |
Department
|