Published: 01 Jan, 2021



Last Date :
Description :

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

မြန်မာ့စာတိုက်လုပ်ငန်း

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။      ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းတွင် အသုံးပြုရန် လိုအပ်သော လျှပ်စစ်စက်ဘီးများ(E-bikes) အစီး (၃၀၀)အား မြန်မာကျပ်ငွေဖြင့် ဝယ်ယူရန် အတွက် စိတ်ပါဝင်စားသူများအား အိတ်ဖွင့်တင်ဒါခေါ်ယူပါသည်။

၂။       တင်ဒါစည်းကမ်းအသေးစိတ်နှင့် တင်ဒါပုံစံအား မြန်မာ့စာတိုက်လုပ်ငန်း(ရုံးချုပ်) ဗဟို စာတိုက်ကြီး၊ နေပြည်တော်တွင် (..၂၀၂၁)ရက်နေ့မှ (၂၀..၂၀၂၁)ရက်နေ့အထိ လာရောက် ဝယ်ယူနိုင်ပြီး (..၂၀၂၁)ရက်နေ့ ညနေ(:၃၀)နာရီတွင် တင်ဒါပိတ်သိမ်းပါမည်။ သတ်မှတ်ထား သည့်အချိန်ထက် ကျော်လွန်ပေးသွင်းသော တင်ဒါများအား လက်ခံမည်မဟုတ်ပါ။

၃။      တင်ဒါတင်သွင်းသူတိုင်းသည် အာမခံစပေါ်ငွေ (%) ကို (၂၀..၂၀၂၁)ရက်နေ့မှ (..၂၀၂၁)ရက်နေ့အထိ (ရုံးချိန်အတွင်း) မြန်မာ့စာတိုက်လုပ်ငန်း(ရုံးချုပ်) နေပြည်တော်၏ (SEE-11435) သို့ ငွေသွင်းချလံဖြင့် ပေးသွင်းရမည်ဖြစ်ပါသည်။

၄။      တင်ဒါပုံစံနှင့် တင်ဒါခေါ်ယူသည့် လျှပ်စစ်စက်ဘီးများ(E-Bikes) အသေးစိတ် အချက် အလက်များကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း(ရုံးချုပ်) နေပြည်တော်သို့ မေးမြန်းစုံစမ်းနိုင်ပါသည်။

မြန်မာ့စာတိုက်လုပ်ငန်း(ရုံးချုပ်) နေပြည်တော်ဗဟိုစာတိုက်ကြီး

ဖုန်း ၀၆၇-၃၄၂၀၆၆၄ (ရုံးချိန်အတွင်းသာ)

Download Details :
Download Detail
Department Under :