Government Private Cloud (Hosting) ဝန်ဆောင်မှုများ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနသည် မြန်မာနိုင်ငံ e-Government လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ နိုင်ငံတစ်ဝှမ်းရှိ အစိုးရအဖွဲ့အစည်းများအသီးသီးမှ Website၊ Application၊ Online Service အစရှိသည့် ဝန်ဆောင်မှုများပေးရာတွင် လိုအပ်သည့် Data Center များ တည်ဆောက်ရန်နှင့် စက်ပစ္စည်းများ  ဝယ်ယူတပ်ဆင်ရန်မလိုဘဲ ဤဌာနရှိ e-Government Data Center တွင် လာရောက်ထားရှိနိုင်ရန်အတွက် Government Private Cloud (Hosting) ဝန်ဆောင်မှုကို ပေးလျက်ရှိပါသည်။

Cloud (Hosting) လာရောက်ထားရှိသော Virtual Machine (VM) ၌ အချက်အလက်များ သိမ်းဆည်းသည့် Storage အတွက် HDD များသာမက SSD များပါ အသုံးပြုနိုင်မည်ဖြစ်ပြီး အစိုးရဌာနများအနေဖြင့် မိမိတို့၏စနစ်များအား ပိုမိုလုံခြုံစွာ အသုံးပြုနိုင်ရန် Virtual Firewall များနှင့် မိမိတို့ကိုယ်ပိုင်သီးသန့် Virtual Private Network (VPN) ဝန်ဆောင်မှုတို့ကိုလည်း ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။

SSD Storage အသုံးပြုခြင်းဖြင့် HDD Storage များထက် Performance ကောင်းခြင်း၊ Input/ Output Operation per second (IOPs) မြင့်မားခြင်း၊ လျင်လျင်မြန်မြန် Manage ပြုလုပ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် Application၊ Database နှင့် အခြား Performance မြင့်မားစွာလိုအပ်သည့် Application များတွင် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်မည်ဖြစ်ပါသည်။

VM Firewall စနစ်ဝန်ဆောင်မှုကို ရယူအသုံးပြုသည့် အစိုးရဌာနများအနေဖြင့် Physical Firewall များကို ဝယ်ယူတပ်ဆင်ရန် မလိုအပ်တော့ဘဲ ၎င်းတို့၏ Server များအတွက် မိမိတို့၏ လုပ်ငန်းလိုအပ်ချက်အတိုင်း Security Policy and Rule များအား မိမိတို့ စိတ်ကြိုက်စီမံခန့်ခွဲနိုင်သည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။

VPN ဝန်ဆောင်မှုကို ရယူအသုံးပြုသည့် အစိုးရဌာနများအနေဖြင့် Physical Firewall, Virtual Firewall များ သီးခြားဝယ်ယူတပ်ဆင်ရန် မလိုအပ်တော့ဘဲ VPN တည်ဆောက်ရန်အတွက် အချိန်နှင့်ငွေကြေးကုန်ကျမှု သက်သာခြင်း အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။

ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ ဖော်ပြပါ ဝန်ဆောင်မှုများအား ရယူအသုံးပြုလိုပါက အောက်ပါ ဝန်ဆောင်ခနှုန်းထားများအတိုင်း ဝန်ကြီးရုံး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂) သို့ လိပ်မူ၍ လူကိုယ်တိုင် လျှောက်ထားနိုင်ပါသည်။

web hosting

 

web hosting

 

   Government Private Cloud Service Request Form