ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ၂၀၂၅ ခုနှစ်၊ မေလအတွင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ၂၀၂၅ ခုနှစ်၊ မေလအတွင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ

ရေ‌ကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ၂၀၂၅ ခုနှစ်၊ မေလအတွင်း ဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံခြားသင်္ဘောများနှင့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း သတ်မှတ်ပေးခြင်း ဆိုင်ရာ ကိစ္စရပ်များ၊ ရေယာဉ်မှတ်ပုံတင်ခြင်း၊ ရေယာဉ်များတိုင်းတာစစ်ဆေးခြင်းနှင့် ရေယာဉ် အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်ထုတ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ သင်တန်းကျောင်းများ အား ကြီးကြပ်ခြင်း၊ သင်တန်းဖွင့်လှစ်ခွင့်ပြုခြင်း၊ ကျွမ်းကျင်မှုနှင့် တတ်ကျွမ်းမှုလက်မှတ်များ ထုတ်ပေးနိုင်ရန် စာမေးပွဲများစစ်ဆေးခြင်း၊ လက်မှတ်များထုတ်ပေးခြင်း၊ SIRB လက်မှတ် ထုတ်ပေးခြင်း၊ SID ကတ်ထုတ်ပေးခြင်း ဆိုင်ရာကိစ္စရပ်များ၊  လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း၊ ရေယာဉ်တန်ဖိုးတွက်ချက်ခြင်း၊ ကုန်သေတ္တာအလေးချိန်မှန်ကန်မှုစစ်ဆေးခြင်းဆိုင်ရာ (Verified Gross Mass (VGM)) လက်မှတ်ထုတ်ပေးခြင်း ကိစ္စရပ်များ၊သင်္ဘောသားထွက်ခွာခြင်း၊ နိုင်ငံခြား သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်ခြင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၌ ရေယာဉ် ဝန်ထမ်းများအတွက် သင်တန်းဖွင့်လှစ်ပေးခြင်းနှင့် ရေယာဉ်များ ကွင်းဆင်းစစ်ဆေးခြင်း ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါသည်-

 

၁။     ဥပဒေဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်မှု

  • မြန်မာနိုင်ငံသင်္ဘောများမှတ်ပုံတင်ခြင်းအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို   ၅-၅-၂၀၂၅   ရက်နေ့တွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဥပဒေအမှတ် ၃၇/၂၀၂၅ ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါသည်။

၂။     ရေယာဉ်များ မှတ်ပုံတင်ခြင်း၊ တိုင်းတာစစ်ဆေးခြင်းနှင့် လက်မှတ်ထုတ်ပေးခြင်း၊ ထွက်ခွာခွင့်ပြုခြင်း၊ တည်ဆောက်၊ ပြုပြင်ခြင်းဆိုင်ရာ ကိစ္စရပ်များ

  • ရေယာဉ်မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း (ရေယာဉ်ကြီး + မြင်း ၂၀ အထက်)              -          ၂၉၁       စီး
  • ရေယာဉ်များတိုင်းတာစစ်ဆေးခြင်း                             -          ၁၅၇      စီး
  • ရေယာဉ်အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ် ထုတ်ပေးခြင်း                -          ၁၄၇    ကြိမ်
  • လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း (ရေယာဉ်ကြီး +  မြင်း၂၀ အထက်)              -           ၄၉၄       စီး
  • Outward Clearance ထုတ်ပေးခြင်း                            -          ၉၇         စီး
  • ရေယာဉ်များတည်ဆောက်ပြုပြင်ခြင်း(အကြီးစား)        -          ၅           စီး
  • ရေယာဉ်များတည်ဆောက်ပြုပြင်ခြင်း (အသေးစား)    -    ၈              စီး
  • Verified Gross Mass (VGM) လက်မှတ်ထုတ်ပေးခြင်း      -          ၃      စောင်
  • ကွင်းဆင်းစစ်ဆေးခြင်း                                            -          ၉        ကြိမ်
  • ရေယာဉ်တန်ဖိုး စိစစ်တွက်ချက်ခြင်း                            -          ၂၅         စီး

၃။     နိုင်ငံခြားသင်္ဘောစစ်ဆေးခြင်း (Port State Control)

  • Indian Ocean Port State Control MoU (IOMOU)        -          ၂၁         စီး
  • Port EDI စနစ်ဖြင့် Outward Clearance ထုတ်ပေးခြင်း      -   နိုင်ငံခြား ၁၄၄ စီး /. မြန်မာ  ၁၀    စီး

 

၄။     ရေကြောင်းဘက်ဆိုင်ရာ သင်တန်းများဖွင့်လှစ်ခြင်းနှင့် စာမေးပွဲစစ်ဆေးခြင်းဆိုင်ရာကိစ္စ ရပ်များ

       Course Aprroval ခွင့်ပြုပေးခြင်း

  • ရေကြောင်းဘက်ဆိုင်ရာ CoC သင်တန်းကျောင်း             -          ၄            ခု
  • ရေကြောင်းဘက်ဆိုင်ရာ CoP သင်တန်းကျောင်း             -          ၂၈          ခု
  • ရေကြောင်းအင်ဂျင်နီယာဘက်ဆိုင်ရာ CoC                    -          ၁            ခု

         သင်တန်းကျောင်း

  • ရေကြောင်းအင်ဂျင်နီယာဘက်ဆိုင်ရာ CoP                    -          ၇            ခု

         သင်တန်းကျောင်း

သင်တန်းများဖွင့်လှစ်ခြင်း

  • ရေကြောင်းဘက်ဆိုင်ရာ CoC, CoP သင်တန်းသားဦးရေ    -          ၈၇၉၃     ဦး
  • ရေကြောင်းအင်ဂျင်နီယာဘက်ဆိုင်ရာ CoC, CoP သင်တန်းသားဦးရေ            -          ၁၁၀၃     ဦး

စာမေးပွဲစစ်ဆေးခြင်း

  • ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းသွားရေယာဉ်ဝန်ထမ်းများအား သင်တန်းဖွင့်လှစ် သင်ကြားခြင်း                 -          ၂၃၀       ဦး

၅။     မြန်မာသင်္ဘောသားများအား လက်မှတ်ထုတ်ပေးခြင်းနှင့် နိုင်ငံခြားသင်္ဘောများပေါ်တွင် အလုပ်အကိုင်ရရှိမှုအခြေအနေ

  • CoC ၊ CoP လက်မှတ်ထုတ်ပေးသည့် အရေအတွက်               -     ၂၃၇၉     ဦး
  • Seafarer Identification and Record Book (SIRB)            -     ၁၀၀၉     ဦး

         ထုတ်ပေးသည့်ဦးရေ

  • Seafarer Identification and Record Book (SIRB)            -     ၇           ဦး

         ထုတ်ပေးသည့်ဦးရေ (အမျိုးသမီး)

  • Seafarer Identification Document (SID) ထုတ်ပေး           -     ၂၀၈၇ကတ်

         သည့်အရေအတွက်

  • သင်္ဘောသားထွက်ခွာသည့်ဦးရေ                                      -     ၄၂၆၅     ဦး
  • လက်ရှိသင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဦးရေ     -     ၃၄၀၄၅   ဦး
  • Tripartite အစည်းအဝေးကျင်းပမှု                                   -     ၁       ကြိမ်

၆။     ပြည်ပတွင်ကျင်းပသောအစည်းအဝေးနှင့်အလုပ်ရုံ‌ဆွေးနွေးပွဲများစေလွှတ်တက်ရောက်မှု

       (In Person)

(က)    4th Meeting of Track 1.5 BIMSTEC Security Dialogue      -      ၁           ဦး

         Forum

(ခ)     48th Maritime Transport Working Group Meeting           -     ၁           ဦး

(ဂ)     MV-T-F (IMO – 1115694) ရေယာဉ်အား Flag Change ပြုလုပ်နိုင်ရေး အတွက် လိုအပ်သော စစ်ဆေးမှုများ ဆောင်ရွက်ရန်   -     ၂            ဦး

 

(Online)

(က)    Sub-committee on Navigation, Communications and    -     ၂            ဦး

         Search and Rescue (NCSR – 12th Session)