ဆက်သွယ်ရေးစက်ကိရိယာနှင့်ပစ္စည်းများ ရောင်းဝယ်ခွင့်နှင့်စမ်းသပ်ပြသခွင့် လိုင်စင်လျှောက်ထားခြင်း

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၀၃)အရ ဆက်သွယ်ရေးစက်ကိရိယာနှင့်ပစ္စည်းများ ရောင်းဝယ်ခွင့်လိုင်စင်နှင့် စမ်းသပ်ပြသခွင့်လိုင်စင်အား ဆောင်ရွက်ပေးလျှက်ရှိပါသည်။

မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ ကုမ္ပဏီမှတ်ပုံတင် လက်မှတ်ရရှိထားသည့် ကုမ္ပဏီများသည် ဆက်သွယ်ရေးစက်ကိရိယာနှင့်ပစ္စည်းများ တင်သွင်းရောင်းချလိုပါက ဆက်သွယ်ရေးစက်ကိရိယာနှင့်ပစ္စည်းများရောင်းဝယ်ခွင့်လိုင်စင်  နှင့်စမ်းသပ်ပြသခွင့်လိုင်စင်လျှောက်ထားရပါမည်။

လျှောက်ထားလိုသူများသည် အောက်ပါစာရွက်စာတမ်းများနှင့်အတူ ညွှန်ကြားရေးမှူးချုပ်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂)၊ နေပြည်တော်သို့ လိပ်မူ၍ပေးပို့လျှောက်ထားနိုင်ပါသည်။

 

  • မန်နေဂျင်းဒါရိုက်တာလက်မှတ်ထိုး၍ ကုမ္ပဏီ Letter Head ဖြင့် လျှောက်လွှာ
  • ရဝ/စသ ၀၀၁-ပုံစံ
  • Invoice
  • Catalogue
  • SAR TEST report (Mobile Handset အတွက်သာ)
  • ကုမ္ပဏီမှတ်ပုံတင် / Form VI  /  XXVI
  • အခွန်ကင်းရှင်းကြောင်း အထောက်အထား
  • မန်နေဂျင်းဒါရိုက်တာ၏ မှတ်ပုံတင်တို့ ပူးတွဲပါဝင်ရပါမည်။

အထက်ပါ ပူးတွဲတင်ပြချက်များပြည့်စုံစွာဖော်ပြ၍ စက်ပစ္စည်းတင်သွင်းခွင့်စိစစ်ရေးအဖွဲ့အစည်း အဝေးသို့ဆက်လက်တင်ပြရပါသည်။ ထိုသို့လျှောက်ထားလာသည့်ကုမ္ပဏီများမှ တင်ပြချက်များအားစက်ပစ္စည်းတင်သွင်းခွင့်စိစစ်ရေးအဖွဲ့ဝင်များမှ စိစစ်ဆုံးဖြတ်ပြီးမှသာ သက်ဆိုင်ရာကုမ္ပဏီများသို့ လိုင်စင်လျှောက်ထားမှုအပေါ်အကြောင်းကြားစာပေးပို့ပါသည်။

လိုင်စင်အခကြေးငွေများမှာရောင်းဝယ်ခွင့်လိုင်စင်အတွက် တစ်သိန်းကျပ်နှင့်စမ်းသပ်ပြခွင့်လိုင်စင်အတွက်တစ်သောင်းကျပ်ဖြစ်ပြီး အဆိုပါလိုင်စင်သက်တမ်းမှာတစ်နှစ်ဖြစ်ပါသည်။လိုင်စင်သက်တမ်းတစ်နှစ်ကုန်ဆုံးပါက သက်တမ်းထပ်မံတိုးရပါမည်။