စီမံကိန်းနှင့် လေ့ကျင့်ရေးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း။(org)
စီမံကိန်းနှင့် လေ့ကျင့်ရေးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း။
Organization Chart
လုပ်ငန်းတာဝန်များ
၁။ ပြည်နယ်/ တိုင်းဒေသကြီးများနှင့် စာတိုက်လုပ်ငန်းဌာနများမှ အမှုထမ်းများ၏ ကြေးနန်း ဆက်သွယ်ရေးနှင့် စာတိုက်သင်တန်းကျောင်းတွင် ဖွင့်လှစ်သည့် ပြည်တွင်းစာတိုက်သင်တန်း ကိစ္စများဆောင်ရွက်ခြင်း။
၂။ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး/ အထက်မြန်မာပြည်)တွင် ဖွင့်လှစ်သော သင်တန်းများ နှင့် ၀န်ကြီးဌာန အသီးသီးမှ ဖွင့်လှစ်သော အထွေထွေသင်တန်းကိစ္စများဆောင်ရွက်ခြင်း။
၃။ စာတိုက်ရုံးများ(ပိတ်သိမ်း/ အသစ်ဖွင့်/ အဆင့်မြှင့်) စီမံကိန်းလျာထားချက်များ ဆောင်ရွက်ခြင်း။
၎။ စာတိုက်စီမံကိန်းနှင့် စာတိုက်လုပ်ငန်းဆိုင်ရာ လစဉ်အစီရင်ခံစာများ ပေးပို့ခြင်း/ (၃)လပတ် အစီရင်ခံစာများ ပေးပို့ခြင်း/ ရည်မှန်းချက်များ ပေးပို့ခြင်း။
၅။ တံဆိပ်ခေါင်း အသစ်ထုတ်ဝေခြင်း၊ ဖြန့်ဖြူးခြင်းနှင့် သိုလှောင်ထိန်းသိမ်းခြင်း ကိစ္စများ စီမံ ကွပ်ကဲရခြင်း။
၆။ ချောပို့ဆောင်မှုနှင့် ချောလမ်းကြောင်းများ စီမံကွပ်ကဲရခြင်း။
၇။ စာတိုက်မှုခင်းနှင့် စာရင်းရုံးစစ်ဆေးချက် ကိစ္စရပ်များအပေါ် အရေးယူ ဆောင်ရွက်ခြင်း။
၈။ ပြည်နယ်/ တိုင်းဒေသကြီးများအတွင်း အလွဲသုံးစားမှုများ၊ တိုင်ကြားမှုများ၊ ချောအိတ်၊ ချောထုပ် ပျောက်ဆုံးခြင်းများအတွက် ကြီးကြပ်ကွပ်ကဲခြင်း။
၉။ စာတိုက်လုပ်ငန်း၏ ငွေလုံးငွေရင်းအသုံးစရိတ် ခန့်မှန်းခြေ ရေးဆွဲခြင်း၊ အသုံးပြုခြင်းအပေါ် ကြီးကြပ် ဆောင်ရွက်ခြင်း။
၁၀။ စာတိုက်လုပ်ငန်း၏ ၀င်ငွေနှင့် အသုံးစရိတ်စာရင်း ကောက်ခံပြုစုခြင်း။
၁၁။ အခါအားလျော်စွာ ကောက်ခံသည့် စာရင်းအင်းများကို အထက်အဖွဲ့အစည်းများသို့ ပေးပို့ခြင်း။
၁၂။ ကမ္ဘာ့စာပို့တိုက်သမဂ္ဂ(UPU)မှ ပေးပို့လာသော အချက်အလက်များ ဖြန့်ဝေခြင်း၊ မေးမြန်းလွှာ များ ဖြည့်စွက်ဖြေကြားခြင်း။