စီမံရေးရာဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း။(org)
စီမံရေးရာဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း။
Organization Chart
လုပ်ငန်းတာဝန်များ
စီမံရေးရာဌာန (ရုံးချုပ်) သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၀န်ထမ်း ရေးရာနှင့် စီမံခန့်ခွဲရေးဆိုင်ရာ အောက်ပါလုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါသည်-
(၁)     ၀န်ထမ်းရေးရာကိစ္စများကို မြို့ပြ၀န်ထမ်း စည်းမျဉ်းဥပဒေများ ၊ ဌာနဆိုင်ရာလက်စွဲ ဥပဒေများနှင့် အညီ စီမံကွပ်ကဲ ဆောင်ရွက်ပေးခြင်း ၊
(၂)     မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဖွဲ့စည်းပုံနှင့်အညီ ၀န်ထမ်းအင်အားစာရင်း ပြုစုထားရှိခြင်းနှင့် သက်သာချောင်ချိရေးကိစ္စများ ဆောင်ရွက်ခြင်း ၊
(၃)     နယ်စပ်ဒေသများတွင် အုပ်ချုပ်ရေးဆိုင်ရာကိစ္စများ တိုးချဲ့ဆောင်ရွက်နိုင်ရန် ဖွင့်လှစ်ထားရှိသော မြို့နယ်ခွဲများ၏ စာတိုက် ၊ ကြေးနန်း ၊  တယ်လီဖုန်းလုပ်ငန်းများ၌ ၀န်ထမ်းများ ဖြည့်စွက်ခန့်ထား ပေးရေး ၊ ဖွဲ့စည်းပုံခွင့်ပြုချက် ရရှိရေး ၊ မြေနေရာအဆောက်အဦနှင့်  ရန်ပုံငွေရရှိရေးတို့အတွက် သက်ဆိုင်ရာဌာများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း ၊
(၄)     မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တိုးတက်များပြားလာသော လုပ်ငန်းများနှင့်အညီ ၀န်ထမ်းအင်အား တိုးချဲ့ခန့်ထားခွင့်ရရှိရေးကိစ္စများ ဆောင်ရွက်ခြင်း ၊
(၅)     အခြားဌာနများမှ လွှဲပြောင်းရောက်ရှိလာသော အရာထမ်းများအား ခန့်အပ်နေရာချထားခြင်း၊
(၆)     ၀န်ထမ်းရေးရာစီမံခန့်ခွဲမှု GPMS (Government Personnel Management System) စနစ်ဖြင့် ၀န်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များ ထိန်းသိမ်းခြင်း ၊ မှုခင်းများအား စုံစမ်းစိစစ်ခြင်း ၊
(၇)     EDMS (Electronic Document Management System) ရုံးလုပ်ငန်းစနစ်ဖြင့် ပြည်နယ် / တိုင်း ဒေသကြီးများ / ရုံးဌာန / စခန်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း ။
ဝန်ထမ်းသစ်ခန့်ထားခြင်းနှင့် ရာထူးတိုးမြှင့်ခြင်း
တိုးတက်များပြားလာသော ဆက်သွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ၀န်ထမ်းအင်အားကို ခွင့်ပြု အင်အားအတွင်းမှ မျှတအောင် ခွဲဝေချထားလျက်ရှိပါသည်။ အမြဲတမ်းရာထူး ခွဲဝေခွင့်မပြုနိုင်သည့် အခြေအနေ များတွင် နေ့စားဝန်ထမ်းများဖြင့် ခန့်ထားပေးပါသည်။ ၀န်ထမ်းအင်အားကို ကန့်သတ်အင်အားထက် မကျော်လွန် စေရန် စိစစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၀န်ထမ်းများခန့်ထားရာတွင်လည်း ၀န်ထမ်းခန့်အပ်ဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါသည် ။ အမှုထမ်းသစ် ခန့်ထားရာတွင် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ
ထုတ်ပေးသည့် အလုပ်သမားမှတ်ပုံတင်ကဒ်ပြား (အလလခ ပုံစံ -၂) ပါရှိရမည်ဖြစ်ပြီး ၀န်ထမ်းရွေးချယ် ခန့်ထားခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ၀န်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီမှ အောက်ပါအတိုင်း စီစဉ်ဆောင်ရွက် ပေးသည်-
(က)    သက်ဆိုင်ရာဌာနမှ ခန့်အပ်မည့် အမှုထမ်း၏ ကိုယ်ရေးနောက်ကြောင်းကို ပဏမစိစစ်ခြင်း၊
(ခ)     အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ သဘောထား မှတ်ချက်ရယူခြင်း၊
(ဂ)     အစိုးရအဖွဲ့ရုံး၏ အတည်ပြုချက်ရယူခြင်း၊
(ဃ)    ၀န်ထမ်းသစ်ဖြင့် စတင်ခန့်ထားခြင်း ၊
(င)     ကိုယ်ရေးနောက်ကြောင်း ကင်းရှင်းမှု စိစစ်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန၏ သဘောထား မှတ်ချက်ရယူခြင်း ။
မှတ်ချက်။       ။ ကိုယ်ရေးနောက်ကြောင်းကင်းရှင်းမှုမရှိပါက ၀န်ထမ်းအဖြစ်မှ ထုတ်ပစ်ရန် ဖြစ်ပါ သည်။ ဖော်ပြပါ လုပ်ထုံးလုပ်နည်းများသည် အမှုထမ်းသစ်များ ရွေးချယ်ခန့်ထားခြင်းအတွက် သတ်မှတ်ချက်များသာဖြစ်ပြီး လစာနှုန်းထား (၁၄၀၀၀၀-၂၀၀၀-၁၅၀၀၀၀) ကျပ်တန်းဝင် ကနဦးခန့် ရာထူးနေရာများ ရွေးချယ်ခန့်ထားခြင်းအတွက် ၀န်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်ပါသည်။
ဂုဏ်ထူးဆောင်တံဆိပ်နှင့် ဘွဲ့တံဆိပ်ချီးမြှင့်ခြင်း
ဂုဏ်ထူးဆောင်တံဆိပ်နှင့် ပြည်သူ့ဝန်ထမ်းဘွဲ့တံဆိပ်များ တင်ပြရာတွင် ပြည်နယ် / တိုင်းဒေသကြီးများနှင့် ရုံးချုပ် အခြေစိုက်စခန်းများမှ ရုံးချုပ် ၊ စီမံရေးရာဌာနသို့ အောက်ပါအတိုင်း စိစစ်တင်ပြပေးရပါသည်-
(၁)     ဂုဏ်ထူးဆောင်တံဆိပ်များကို နှစ်စဉ်မတ်လ (၃၁) ရက်နေ့ နောက်ဆုံး စာရင်းပေးပို့ရန်၊
(၂)     ပြည်သူ့ဝန်ထမ်းတံဆိပ်၊ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ်တို့အတွက် လုပ်သက် (၁၅) နှစ်ပြည့်ပြီး ၀န်ထမ်းများကို ရွေးချယ်တင်ပြရန်၊
 (၃)    ၀န်ထမ်းကောင်းဘွဲ့တံဆိပ်အတွက် လုပ်သက် (၂၆) နှစ်ပြည့်သူ ၀န်ထမ်းများကိုသာ စိစစ်တင်ပြရန်၊
(၄)     လူမှုထူးချွန်နှင့် စီမံထူးချွန်တံဆိပ်များအတွက် နှစ်စဉ် ဖေဖော်ဝါရီလ (၂၈) ရက်နေ့ နောက်ဆုံးထား တင်ပြရန်၊
ဝန်ထမ်းစည်းကမ်းထိန်းသိမ်းခြင်း
ဝန်ထမ်းစည်းကမ်း ထိန်းသိမ်းခြင်းနှင့် ပတ်သက်ပြီး ၀န်ထမ်းများလိုက်နာ ကျင့်သုံးရမည့်ဥပဒေ၊ နည်းဥပဒေ များကို နိုင်ငံတော်အစိုးရမှ သတ်မှတ်ပြဋ္ဌာန်းထားရှိပါသည်။ စည်းကမ်းဖောက်ဖျက်သော ၀န်ထမ်းများအား ၀န်ထမ်း ကျင့်ဝတ် စည်းကမ်းများနှင့်အညီထိုက်သင့်သော အရေးယူမှုများပြုလုပ်ရပါသည်။ အရေးယူဆောင်ရွက်ရာတွင် သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ၀န်ထမ်းအား အရေးယူ အပြစ်ပေးနိုင်သော ပြစ်ဒဏ် (၉) မျိုး အနက် သင့်တော်ရာတစ်ခုကိုသာပေးပါသည်။ ၀န်ထမ်းအား ထိန်းသိမ်းရာတွင်စည်းကမ်းနှင့် သက်သာချောင်ချိမှုအား ညီညွတ်စွာကိုင်တွယ်ထိန်းသိမ်းပြီး ၀န်ထမ်းများ၏ လုပ်ငန်းများအပေါ် ခံယူကျင့်သုံးလိုက်နာမှု တိုးတက်လာရန် စည်းကမ်းဖောက်ဖျက်မှုများ လျော့နည်းလာနိုင်ရေး အထူးအလေးပေးဆောင်ရွက်လျက်ရှိပါသည်။
အငြိမ်းစားယူခြင်း
စီမံရေးရာဌာန (ရုံးချုပ်) အနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရှိ ဌာနအကြီးအကဲများ အပါအ၀င် အရာထမ်းများ၏ အငြိမ်းစားယူခြင်း ၊လုပ်သက်ကာလဖြည့်စွက်ခံစားခွင့်ပြုခြင်း ၊ ပင်စင်အမှုတွဲကိစ္စများ ၊ ငြင်းပယ်ခွင့် ကိစ္စများ ၊ အမိန့်ကြော်ငြာစာနှင့် ပြန်တမ်းထုတ်ပြန်ခြင်းကိစ္စများ စသည်တို့အား ဆောင်ရွက်ပေးလျက်ရှိပါသည်။
မြို့နယ်ခွဲဆိုင်ရာလုပ်ငန်းများ
၂၀၀၂ ခုနှစ်မှစပြီး နယ်စပ်ဒေသများတွင် အုပ်ချုပ်ရေးဆိုင်ရာကိစ္စများ တိုးချဲ့ဆောင်ရွက်နိုင်ရန် မြို့နယ်ခွဲများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ စီမံရေးရာဌာန (ရုံးချုပ်) အနေဖြင့် ဝန်ထမ်းခန့်ထားဖြည့်စွက်ပေးရေး ကိစ္စကို အဓိကထား ဆောင်ရွက်လျက်ရှိပါသည်။ (၃၁-၇-၂၀၁၂) ရက်နေ့တွင် အသစ်ဖွင့်လှစ်သည့် ချင်းပြည်နယ် ၊ ဆမီးမြို့နယ်ခွဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး ၊ ဆွမ္မရာမြို့နယ်ခွဲ အပါအ၀င် (၁၀-၁-၂၀၁၄) ရက်နေ့အထိ ပြည်နယ် / တိုင်းဒေသကြီး များတွင် ဖွင့်လှစ်ခဲ့ပြီးသော မြို့နယ်ခွဲပေါင်း (၈၄) မြို့နယ် ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါသည်။
ဖွင့်လှစ်ခဲ့ပြီးသော မြို့နယ်ခွဲ အရေအတွက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က)
ကချင်ပြည်နယ် 
(၁၁)မြို့နယ်
(ခ)
ကယားပြည်နယ် 
(၁) မြို့နယ်
(ဂ)
ကရင်ပြည်နယ်  
(၉)မြို့နယ်
(ဃ)
ချင်းပြည်နယ်
(၄) မြို့နယ်
(င)
စစ်ကိုင်းတိုင်းဒေသကြီး
(၈) မြို့နယ်
(စ)
တနင်္သာရီတိုင်းဒေသကြီး
(၆) မြို့နယ်
(ဆ)
မကွေးတိုင်းဒေသကြီး
(၁) မြို့နယ်
(ဇ)
မန္တလေးတိုင်းဒေသကြီး
(၂) မြို့နယ်
(စ်)
မွန်ပြည်နယ်
(၂) မြို့နယ်
(ည)
ရခိုင်ပြည်နယ်
(၃) မြို့နယ်
(ဋ)
ရန်ကုန်တိုင်းဒေသကြီး
(၁) မြို့နယ်
(ဌ)
ရှမ်း (တောင်)
(၁ဝ) မြို့နယ်
(ဍ)
ရှမ်း (ရှေ့)
(၈) မြို့နယ်
(ဎ)
ရှမ်း (မြောက်)
(၁၁) မြို့နယ်
(ဏ)
ဧရာဝတီတိုင်းဒေသကြီး
(၇) မြို့နယ်
ဝန်ထမ်းများ၏ သက်သာချောင်ချိမှုအတွက် ချီးမြှင့်၊ ထောက်ပံ့၊ လှူဒါန်းခြင်းများ ဆောင်ရွက်ပေးမှု အခြေအနေ
၁။      သင်တန်းသားများအား ထောက်ပံ့ခြင်း
(က)    သင်တန်းသားစားစရိတ် ထောက်ပံ့ခြင်း၊
(ခ)     ထူးချွန်ထောက်ပံ့ခြင်း။
၂။     ၀န်ထမ်းသား / သမီးများအား ပညာသင်ထောက်ပံ့ကြေး
အခြေခံပညာအထက်တန်းတွင် ဂုဏ်ထူးရကျောင်းသားများအား ချီးမြှင့်ခြင်း ။
 ၃။     သဘာဝဘေးအန္တရာယ်ကျရောက်သည့် ၀န်ထမ်းမိသားစုများအား ထောက်ပံ့ခြင်း
(က)    မီးဘေး၊
(ခ)     ရေဘေး၊
(ဂ)    လေဘေး။
၎။     ထိခိုက်ဒဏ်ရာရခြင်းနှင့် နာရေးထောက်ပံ့ခြင်း
(က)    ထိခိုက်ဒဏ်ရာရခြင်း ၊
(ခ)     နာရေးထောက်ပံ့ခြင်း ။
၅။     အလှူဒါနပြုလုပ်ခြင်း
(က)    ရဟန်းခံရှင်ပြုခြင်း၊ ၀ါဆိုသင်္ကန်းကပ်လှူခြင်း၊ ကထိန်သင်္ကန်းကပ်လှူခြင်း
၆။     အားကစားထောက်ပံ့ခြင်း
(က)    ဖူဆယ်ဘောလုံး၊
(ခ)     ပိုက်ကျော်ခြင်း။
သွားလာပို့ဆောင်ရေးနှင့်အထွေထွေသက်သာချောင်ချိရေး ဆောင်ရွက်ပေးမှုများ
၁။     ဈေးကားများစီစဉ်ပေးခြင်း
(က)    အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ၀န်ထမ်းအိမ်ရာများ ၊ လူပျိုဆောင် / အပျိုဆောင်များမှ  ၀န်ထမ်းနှင့် မိသားစုများအား ကား (၂) စီးဖြင့် ပျဉ်းမနားဈေးနှင့် အဟာရသုခဈေးသို့ ပို့ဆောင်ပေးပါသည်၊
(ခ)     ၀န်ထမ်းနှင့် မိသားစုများအား တစ်လလျှင်တစ်ကြိမ် Junction Center သို့ ပို့ဆောင်ပေးပါသည်။
၂။     ကျောင်းကားစီစဉ်ပေးခြင်း
          နှစ်စဉ် ကျောင်းဖွင့်ရာသီတွင် ၀န်ထမ်းမိသားစုများ၏ သား / သမီးများအား ကျောင်းကား ယာဉ် (၁) စီးဖြင့် ကြို/ပို့ စီစဉ်ပေးပါသည်။
၃။     ရုံးတက် / ရုံးဆင်း ကြို / ပို့ မော်တော်ယာဉ်စီစဉ်ပေးခြင်း
ဝန်ထမ်းများအား နေ့စဉ်ရုံးတက် / ရုံးဆင်းအတွက် ကြို / ပို့ မော်တော်ယာဉ် (၅) စီးဖြင့် စီစဉ်ဆောင်ရွက်ပေးပါသည်။
၎။     နေပြည်တော် - ရန်ကုန် - နေပြည်တော် ခရီးစဉ်အတွက် ကားစီစဉ်ပေးခြင်း
ဝန်ထမ်းများ၏ လူမှုရေး ၊ ကျန်းမာရေးကိစ္စရပ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်နှင့် အချိန်တိုအတွင်း စရိတ်သက်သာစွာဖြင့် သွားရောက်နိုင်ရန် နေပြည်တော် - ရန်ကုန် - နေပြည်တော် ခရီးစဉ်အား ဌာနပိုင် Fuso Bus ဖြင့် တစ်ပတ်လျှင်တစ်ကြိမ် စနေ ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် အခမဲ့ အဖြစ် (၂၁-၁၂-၂၀၁၂) ရက်နေ့မှစ၍ အပတ်စဉ်ပြေးဆွဲပေးလျက်ရှိပါသည် ။
၅။     အပန်းဖြေခရီး ပို့ဆောင်ပေးခြင်း
၆။     ဆေးခန်းဖွင့်လှစ်ကုသပေးခြင်း
ဝန်ထမ်းများ၏ အားကစားလှုပ်ရှားမှုနှင့် ပျော်ပွဲရွှင်ပွဲများ
          သင်္ကြန်အကြိုပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲပြုလုပ်ပေးခြင်း ၊ ကံစမ်းမဲပေါက်သူများကို ချီးမြှင့်ထောက်ပံ့ခြင်းနှင့် ရပ်ကွက်အလိုက် ၊ တိုက်အလိုက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးဆုများ ချီးမြှင့် ပေးခြင်းအပြင် စားသောက်ဖွယ်ရာများ ကျွေးမွေးခြင်း ၊ ရုံးပိတ်ရက်ခရီးသွားမည့် ၀န်ထမ်းများအား ရထား / ကားဖြင့် သွားလာမှုအစဉ်ပြေစေရေး စီစဉ် ဆောင်ရွက်ပေးခြင်း။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လှုပ်ရှားဆောင်ရွက်မှုများ
        နေပြည်တော်ရှိဝန်ထမ်းအိမ်ရာများ ၊ အပျိုဆောင် ၊ လူပျိုဆောင်များ သန့်ရှင်းသာယာလှပရေး တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး လုပ်ငန်းများကိုလည်း လမ်းညွှန်ချက်များနှင့်အညီ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
   ၁-၆-၂၀၁၄ မှ ၃၀-၆-၂၀၁၄ ထိ ရာထူးတိုးမြှင့်သည့် အရာထမ်းများစာရင်း
စဉ်
အမည် ရာထူး ဦးရေ
ဦးခင်မောင်ထွန်း အင်ဂျင်နီယာချုပ် (မိုဘိုင်း) မှ အထွေထွေမန်နေဂျာ ၁ ဦး
ဒေါ်စန်းစန်းလွင်
စီမံကိန်းအင်ဂျင်နီယာ (မိုဘိုင်းစီမံကိန်း) မှ အင်ဂျင်နီယာချုပ် (မိုဘိုင်း) သို့
၁ ဦး
ဦးမြင့်သိန်းထွန်း
ဒုတိယအင်ဂျင်နီယာချုပ်မှ စီမံကိန်းအင်ဂျင်နီယာ (မိုဘိုင်းစီမံကိန်း) သို့
၁ ဦး
ဦးလင်းလင်းကို
ဒုတိယအင်ဂျင်နီယာချုပ် (မိုဘိုင်းစီမံကိန်း) မှ ဒုတိယအင်ဂျင်နီယာချုပ် (မိုဘိုင်း) သို့
၁ ဦး
ဦးမျိုးသန်း
လက်ထောက်အထွေထွေမန်နေဂျာ (ကျောထောက်) မှ လက်ထောက်အထွေထွေမန်နေဂျာသို့
၁ ဦး
ဒေါ်စုစုမော်
လက်ထောက်အထွေထွေမန်နေဂျာ (မိုဘိုင်းစီမံကိန်း) မှ လက်ထောက်အထွေထွေမန်နေဂျာသို့
၁ ဦး
ဒေါ်ငုသီတာ မန်နေဂျာမှလက်ထောက်အထွေထွေမန်နေဂျာသို့ ၁ ဦး
ဒေါ်မြင့်မြင့်ဟန်
မန်နေဂျာမှ လက်ထောက်အထွေထွေမန်နေဂျာ (မိုဘိုင်းစီမံကိန်း) သို့
၁ ဦး
ဒေါ်စိုးစိုးမူ မန်နေဂျာ (မိုဘိုင်းစီမံကိန်း) မှ မန်နေဂျာသို့ ၁ ဦး
၁၀ ဒေါ်သီတာသိန်းမြင့် လက်ထောက်မန်နေဂျာ မှ မန်နေဂျာသို့ ၁ ဦး
၁၁ ဒေါ်ရင်သန်း လက်ထောက်မန်နေဂျာ မှ မန်နေဂျာသို့ ၁ ဦး
၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ် အတွင်း သက်ပြည့် အငြိမ်းစား ခံယူမည့် အရာထမ်းများ စာရင်း
စဉ်
အမည်
ရာထူး
ဌာန
အငြိမ်းစားခံယူမည့်နေ့
ဦးကျော်စိုးဝင်း
အထွေထွေမန်နေဂျာ
ရုံးချုပ် ၊ စီမံရေးရာဌာန
၆-၅-၂၀၁၄
ဒေါ်ကြည်ဝေ
ဒုတိယအထွေထွေမန်နေဂျာ
ရုံးချုပ် ၊ စီမံရေးရာဌာန
၃၀-၈-၂၀၁၄
ဦးသိန်းမြင့်
လက်ထောက်မန်နေဂျာ
မကွေးတိုင်းဒေသကြီး ၊ ကြေးနန်းရုံး
၎-၅-၂၀၁၄
ဒေါ်ဆွေဆွေဝင်း
လက်ထောက်မန်နေဂျာ (ဘဏ္ဍာရေး)
ငွေစာရင်းဌာန
၂၅-၅-၂၀၁၄
ဒေါ်စန်းစန်းလွင်(ခ)မတ်ခ်ျဝါနှင်း
လက်ထောက်အင်ဂျင်နီယာ
ေၾကးနန္းဆက္သြယ္ေရးနှင်‌့စာတိုက်သင်တန်းကျောင်း
၁၈-၅-၂၀၁၄
ဦးလှရှိန်
လက်ထောက်အင်ဂျင်နီယာ
မိုဘိုင်းဌာန
၂၉-၅-၂၀၁၄
ဦးခင်မောင်အေး
လက်ထောက်အင်ဂျင်နီယာ
 အဝေးဆက်သွယ်ရေးစခန်း(ကယ်ရီယာ) ၊ ရန်ကုန်
၁၀-၆-၂၀၁၄
ဦးမြင့်မောင်
လက်ထောက်အင်ဂျင်နီယာ
IT ဌာန
၁၀-၆-၂၀၁၄
ဦးမျိုးမြင့်
လက်ထောက်အင်ဂျင်နီယာ
ပဲခူးတိုင်းဒေသကြီး( အရှေ့) ၊ ပဲခူးအော်တိုအိတ်ချိန်း
၁၇-၆-၂၀၁၄
၁၀
ဒေါ်နုနုဌေး
လက်ထောက်မန်နေဂျာ (ဘဏ္ဍာရေး)
မန္တလေးတိုင်းဒေသကြီး ၊ ငွေစာရင်း
၆-၁၁-၂၀၁၄
၁၁
ဦးလှအောင်
လက်ထောက်အင်ဂျင်နီယာ
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတအော်တိုအိတ်ချိန်း
၉-၂-၂၀၁၅
၁၂
ဒေါ်ချိုချိုဗင်ကြူး
လက်ထောက်မန်နေဂျာ
ေၾကးနန္းဆက္သြယ္ေရးနှင်‌့စာတိုက်သင်တန်းကျောင်း
၃-၃-၂၀၁၅
၁၃
ဒေါ်ဝေေ၀ကျော်မြင့်
လက်ထောက်မန်နေဂျာ
မိုဘိုင်းဌာန
၉-၃-၂၀၁၅
၁၄
ဦးခင်မောင်မော်
လက်ထောက်အင်ဂျင်နီယာ
မန္တလေးတိုင်းဒေသကြီး  ၊ အဝေးဆက်သွယ်ရေးစခန်း (‌ရေဒီယို)
၂၇-၃-၂၀၁၅
၂၀၁၃-၂၀၁၄ဘဏ္ဍာရေးနှစ် သက်ပြည့်အငြိမ်းစားခံယူမည့် အရာထမ်းစာရင်း
စဉ်
အမည်
ရာထူး
ဌာန
အငြိမ်းစားယူမည့်နေ့
မှတ်ချက်
၁။
ဦးမောင်မောင်ဝင်း
ဒုတိယအထွေထွေမန်နေဂျာ
ရုံးချုပ်၊စီမံရေးရာဌာန
၂၀-၈-၂၀၁၃
၂။
ဦးသိန်းဇော်
မန်နေဂျာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံမြို့
၂၅-၉-၂၀၁၃
၃။
ဒေါ်ကျင့်မြင့်
လက်ထောက်မန်နေဂျာ(ဘဏ္ဍာရေး)
ရန်ကုန်၊ငွေစာရင်းဌာန
၁၈-၉-၂၀၁၃
၎။
ဒေါ်သန်းသန်းနွယ်
လက်ထောက်မန်နေဂျာ(ဘဏ္ဍာရေး)
မကွေး၊ငွေစာရင်း
၁-၁-၂၀၁၄
၅။
ဒေါ်ခင်သိန်းဦး
လက်ထောက်မန်နေဂျာ(ဘဏ္ဍာရေး)
ပဲခူး၊ငွေစာရင်း
၃-၂-၂၀၁၄
၆။
ဒေါ်စန်းစန်းကြိုင်
လက်ထောက်မန်နေဂျာ(ဘဏ္ဍာရေး)
နေပြည်တော်၊ငွေစာရင်း
၁၆-၃-၂၀၁၄
၇။
ဦးအောင်မြင့်စိန်
လက်ထောက်မန်နေဂျာ(ဘဏ္ဍာရေး)
ရန်ကုန်၊ငွေစာရင်းဌာန
၁၈-၂-၂၀၁၄
၈။
ဦးကြည်မြင့်
လက်ထောက်မန်နေဂျာ
ရန်ကုန်(IT)
၂၉-၃-၂၀၁၄
၉။
ဒေါ်လှိုင်လှိုင်စိန်
လက်ထောက်မန်နေဂျာ
ရုံးချုပ် ၊ မိုဘိုင်း
၈-၄-၂၀၁၃
၁၀။
ဦးကိုကိုကြီး
လက်ထောက်အင်ဂျင်နီယာ
မရမ်းကုန်း ထရန်စစ်
၁၁-၉-၂၀၁၃
၁၁။
ဦးလှမင်း
လက်ထောက်အင်ဂျင်နီယာ
နေပြည်တော် ၊ အော်တို
၆-၂-၂၀၁၄
၁၂။
ဦးဝင်းသိန်း
လက်ထောက်အင်ဂျင်နီယာ
ဘုရင့်နောင် ၊ အော်တို
၂၄-၂-၂၀၁၄
၁၃။
ဦးစိန်ဝင်း
လက်ထောက်အင်ဂျင်နီယာ
မန္တလေး ၊ မကဝ
၁၇-၃-၂၀၁၄
၁၄။
ဦးမြင့်အောင်
လက်ထောက်အင်ဂျင်နီယာ
တာချီလိတ် ၊ အော်တို
၂၀-၁၀-၂၀၁၃
၂၀၁၃ ခုနှစ် ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အရာထမ်းများ နှုတ်ထွက်မှုအခြေအနေ
စဉ်
အမည်
ရာထူး / ဌာန
နှုတ်ထွက်သည့်နေ့
မှတ်ချက်
ဦးကျော်ကျော်
လက်ထောက်အင်ဂျင်နီယာ (အော်တိုတယ်လီဖုန်းစခန်း)
၁-၂-၂၀၁၃
(၄ / ၂၀၁၃) (EC)
ဦးထွန်းနိုင်ဝင်း
လက်ထောက်မန်နေဂျာ (စီမံရေးရာဌာန)
၁-၁-၂၀၁၃
(၅ / ၂၀၁၃) (EC)
ဦးရဲအောင်
မန်နေဂျာ (မွန်ပြည်နယ်မန်နေဂျာ)
၂၃-၅-၂၀၁၃
(၁၂ / ၂၀၁၃) (EC)
ဦးဇော်မင်းဦး
အင်ဂျင်နီယာချုပ် (အော်တိုတယ်လီဖုန်းစခန်း)
၃-၅-၂၀၁၃
(၁၅ / ၂၀၁၃) (EC)
ဦးမိုးဆောင်
လက်ထောက်အထွေထွေမန်နေဂျာ (လုပ်ငန်းနှင့်စစ်ဆေးရေးဌာန)
၆-၉-၂၀၁၃
(၂၄ / ၂၀၁၃) (EC)
ဦးပြည့်ဖြိုးကျော်
လက်ထောက်အင်ဂျင်နီယာ [ ပြည်ပဆက်သွယ်ရေးစခန်း ၊ ရတနာပုံ (တွဲ) ]
၆-၉-၂၀၁၃
(၂၄ / ၂၀၁၃) (EC)
ဦးကျော်ကျော်လတ်
လက်ထောက်အင်ဂျင်နီယာ [ သတင်းအချက်အလက်နှင့် နည်းပညာဌာန ၊ ရတနာပုံ (တွဲ) ]
၂-၁၀-၂၀၁၃
(၂၇ / ၂၀၁၃) (EC)
ဦးနိုင်ထွန်းလှိုင်
လက်ထောက်အင်ဂျင်နီယာ (မိုဘိုင်းဆက်သွယ်ရေးစခန်း)
၇-၁၁-၂၀၁၃
(၃၁ / ၂၀၁၃) (EC)
ဦးဝင်းဇော်မိုး
လက်ထောက်အင်ဂျင်နီယာ (အော်တိုတယ်လီဖုန်း)
၇-၁၁-၂၀၁၃
(၃၁ /၂၀၁၃) (EC)
စုစုပေါင်း
၉ ဦး