မြန်မာနိုင်ငံဂြိုဟ်တုစနစ် တည်ထောင်ရေးလုပ်ငန်းကော်မတီ၏ ၂/၂၀၁၉ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

မြန်မာနိုင်ငံဂြိုဟ်တုစနစ် တည်ထောင်ရေးအတွက် ဦးဆောင်ကော်မတီ၏ လမ်းညွှန်ချက်များအား အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံပိုင်ဂြိုဟ်တု စနစ်တည်ထောင်ရေးလုပ်ငန်း ကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဧပြီလ (၄) ရက်၊ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှတ် (၂) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်း ဝန်ဆောင်မှုများကို စတင်ရရှိမည့် Myanmar Sat-2 အား ထိရောက် အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ ဦးစားပေးဆောင်ရွက်ရန်ဖြစ်သည့် မြန်မာနိုင်ငံပိုင်အနိမ့်ပျံ ဂြိုဟ်တုလွှတ် တင်နိုင်ရေးကို ဆပ်ကော်မတီဖွဲ့စည်းထားပြီးဖြစ်၍ ဆောလျင်စွာအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ Space Agency ဖွဲ့စည်း ဆောင်ရွက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြောကြား ခဲ့ပါသည်။

၎င်းနောက် အစည်းအဝေးတက်ရောက်လာသည့် မြန်မာနိုင်ငံပိုင်ဂြိုလ်တုစနစ် တည်ထောင်ရေး လုပ်ငန်း ကော်မတီဝင်များ၊ မြန်မာနိုင်ငံဂြိုလ်တု ထရန်စဖော်ဒါဌားရမ်းရေး ဆပ်ကော်မတီ၊ မြန်မာနိုင်ငံဂြိုလ်တုစနစ်ဆိုင်ရာ ဉပဒေရေးရာနှင့်လုပ်ထုံးလုပ်နည်း ဆပ်ကော်မတီ၊ မြန်မာနိုင်ငံဂြိုလ်တုဆိုင်ရာနည်းပညာ ဆပ်ကော်မတီ၊ မြန်မာနိုင်ငံပိုင်အနိမ့်ပျံ ဂြိုဟ်တုလွှတ်တင်ရေး ဆပ်ကော်မတီဝင်များက ဆောင်ရွက်ထားရှိမှုအခြေအနေ၊ အကောင်အထည်ဖော်ရန်  ညှိနှိုင်းဆောင်ရွက်ပေးရန်များ၊ ဦးဆောင်ကော်မတီသို့ ဆက်လက်တင်ပြခွင့်ပြုချက် ရယူရန် ကိစ္စရပ်များတို့ကို ဆွေးနွေးတင်ပြခြင်းအပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ ညှိနှိုင်းဆုံးဖြတ်၍ အောင်မြင်စွာဆောင်ရွက်သွားနိုင်ရေးအတွက် ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။