Windows Server Administration -II နှင့် Front-End Web Development with JavaScript သင်တန်းဆင်းပွဲ

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ဒုတိယအကြိမ်) Windows Server Administration-II နှင့် Front-End Web Development with JavaScript သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီလ(၅)ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

   အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမိုးကျော်စိုးနှင့်တကွ၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအစိုးရ အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ စုစုပေါင်းသင်တန်းသား ( ၅၁ )ဦး တို့ တက်ရောက်ကြောင်း သိရှိရပါသည်။

   သင်တန်းဆင်းပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ ပါသည်။ ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခြင်း၊ Windows Server Administration-II သင်တန်းတွင် ထူးချွန်ဆုများရရှိသော ပထမဆုရရှိသော စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဒေါ်နန်းမြင့်ဆွေ၊ ဒုတိယဆုရရှိသော လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ဦးအောင်ဖြိုး၊ တတိယဆုရရှိသော အလုပ်သမား၀န်ကြီးဌာနမှ ဦးငြိမ်းချမ်းကျော် တို့အား လည်းကောင်း၊ Front-End Web Development with JavaScript သင်တန်းတွင် ထူးချွန်ဆုများရရှိသော ပထမဆုရရှိသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဦးဇော်ဝင်းထွန်း၊ ဒုတိယဆုရရှိသော ပြည်သူ့လွှတ်တော်ရုံးမှ ဒေါ်ထက်ထက်ဦး၊ တတိယဆုရရှိသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒေါ်တိုးဇွန်မေ တို့အား လည်းကောင်း ဆုများအသီးသီးချီးမြှင့်ကာ  သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ (၄:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။