Web Design HTML5 & CSS3 Course သင်တန်းဖွင့်ပွဲအခမ်းအနား

နိုဝင်ဘာလ (၅) ရက်        

         ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းတွင် Web Design အခြေခံနည်းပညာများကို နားလည်၍ HTML5 နှင့် CSS3 Language ကိုအသုံးပြု၍ Static Web Page များကို လက်တွေ့ရေးသား နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် Web Design HTML5 & CSS3 Course သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နေပြည်တော်၊ ရုံးအမှတ်(၂) သင်တန်းခန်းမ(၁) တွင် ကျင်းပပြုလုပ်ကြောင်း သိရပါသည်။

     Web Design HTML5 & CSS3 Course သင်တန်းကို ပြည်ထောင်စုဝန်ကြီးဌာန နှင့် အစိုးရအဖွဲ့အစည်း (၁၅) ခုမှ သင်တန်းသား (၃၂) ဦး တို့ တက်ရောက်ကြောင်း သိရပါသည်။ သင်တန်းကာလမှာ (၅-၁၁-၂၀၁၈)ရက်နေ့မှ (၂၀-၁၁-၂၀၁၈)ရက်နေ့အထိ (၁၂) ရက် ဖွင့်လှစ် ပို့ချမည်ဖြစ်ပါသည်။

   သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း ညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေဌေးနှင့် ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေဌေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

   သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံဝန်ထမ်းများအား  e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။

မသန္တာ

သင်တန်းကျောင်း