Vanity Number Framework ထုတ်ပြန်နိုင်ရေးအတွက် အများပြည်သူသဘောထားမှတ်ချက် တောင်းခံခြင်း

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊  ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ်အလှများ ရောင်းချခြင်းနှင့်စပ်လျဉ်းသည့် Vanity Number Framework အား အတည်ပြုထုတ်ပြန်နိုင်ရေးအတွက် ရေးဆွဲပြင်ဆင်ခဲ့သော အောက်ဖော်ပြပါ Vanity Number Framework ( Draft )နှင့်စပ်လျဉ်း၍ စိတ်ပါဝင်စားသူများ၏သဘောထားအမြင်ကိုပါ ထည့်သွင်း စဉ်းစားနိုင်ရန်အတွက် အများပြည်သူသဘောထားမှတ်ချက် တောင်းခံအပ်ပါသည်။ သဘောထား မှတ်ချက်များ ပေးပို့လိုပါက( ၈-၂-၂၀၁၉ )ရက်နေ့ နောက်ဆုံးထား၍ ရုံးချိန်အတွင်း အောက်ဖော်ပြပါ လိပ်စာများသို့ ဆက်သွယ်ပေးပို့နိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

၁။ ညွှန်ကြားရေးမှူးချုပ် ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

၀၆၇ - ၃၄၀၇၆၀၉ ၊ [email protected]

၂။ ညွှန်ကြားရေးမှူး ၊ အရင်းအမြစ်စီမံခန့်ခွဲမှုဌာန ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

၀၆၇ - ၃၄၀၇၆၂၆ ၊ [email protected]