USF အစီအစဉ်ဖြင့် ဆောင်ရွက်မည့် Phase I မြို့နယ်/မြို့(၉)ခုအတွက် တင်ဒါလက်ခံခြင်းနှင့် ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနား ကျင်းပပြုလုပ်ခြင်း

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်) နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီး(ရုံးခွဲ)တို့၌ Video Conferencing ဖြင့် ချိတ်ဆက်ကာ  Universal Service Fund ဖြင့် ဆောင်ရွက်မည့် Phase I ရှိ မြို့နယ်/မြို့(၉)ခုအတွက် တင်ဒါလက်ခံခြင်း နှင့် ဖွင့်ဖောက်စစ်ဆေးခြင်းအခမ်းအနားကို (၅-၁၁-၂၀၂၀)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ တင်ဒါအဆိုပြုလွှာများ ဖွင့်ဖောက်စစ်ဆေးသည့်အခမ်းအနားတွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက အဖွင့်မှာစကားပြောကြားပြီး တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးနိုင်က တင်ဒါလက်ခံခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၏ တင်ဒါအဆိုပြုလွှာများ ဖွင့်ဖောက်စစ်ဆေးသည့်အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(ဆက်သွယ်ရေး)၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ USF တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းရေးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီး(ရုံးခွဲ)မှ ရုံးခွဲတာဝန်ခံနှင့်တာဝန်ရှိပုဂ္ဂိုလ်များနှင့် တင်ဒါဝင်ရောက်ယှဉ်ပြိုင်သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ Ooredoo Myanmar Limited နှင့် Telenor Myanmar Limited တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။