Universal Service Fund ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

 

Universal Service Fund ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၄-၆-၂၀၂၀ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (USF Fund ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ)၊ အမြဲတမ်းအတွင်းဝန် (ဆက်သွယ်ရေး)၊ USF Fund ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဆက်သွယ်ရေးအော်ပရေတာများ၏ ကိုယ်စားလှယ် (by attending video conferencing)နှင့် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၊ အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် USF ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထားရွေးချယ်ထားသည့် ယခင်အစည်းအဝေးတွင်လည်း အတည်ပြုပြီးဖြစ်သော မြို့နယ်(၁၉)မြို့နယ်အပါအဝင် စုစုပေါင်းမြို့နယ်(၃၃)မြို့နယ်အား အတည်ပြုရန်ကိစ္စရပ်များ၊ အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေ (Universal Service Fund, USF)ဖြင့် ယခုကျန်ရှိသော ဘဏ္ဍာနှစ်အတွင်း သုံးစွဲရန်လျာထားချက်များ၊ ရန်ပုံငွေသုံးစွဲရန် ပြင်ဆင်ထားရှိမှု အခြေအနေအပေါ် စိစစ်အတည်ပြုခြင်းများ၊ လက်ရှိဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။