The Strategic and Policy Imperative of E-Participation for National Sustainable Development” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် Global e-Participation Workshop ၌ ဆွေးနွေးပြောကြား

     နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းနှင့် ပုဂ္ဂလိက ကဏ္ဍမှ ကျွမ်းကျင်ပညာရှင်များက ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများရှိ e-Participation ဆိုင်ရာ  ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းများ၊ မူဝါဒများနှင့် ချဉ်းကပ်မှုများကို မျှဝေဆွေးနွေးနိုင်ရန် ရည်ရွယ်၍ United Nations, Department of Economic and Social Affairs (UN DESA) သည် Global e-Participation Workshop အား Video Conference စနစ်ဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါအလုပ်ရုံဆွေးနွေးပွဲအား “The Strategic and Policy Imperative of E-Participation for National Sustainable Development” ခေါင်းစဉ်ဖြင့်ကျင်းပခဲ့ရာ  မြန်မာနိုင်ငံမှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ e-Government ဌာန၊ ညွှန်ကြားရေးမှူး၊ ဒေါ်နွယ်နီစိုးရင် တက်ရောက်ဆွေးနွေးခဲ့ပါသည်။

     ဆွေးနွေးပွဲတွင် Division for Public Institutions and Digital Government, UN DESA မှ Director, Juwang Zhu က အဖွင့်အမှာစကားပြောကြားခဲ့ပြီး Institutions for Sustainable Development Goals Branch, Division for Public Institutions and Digital Government, UN DESA မှ Chief, David Le Blanc က “Global trends and challenges in e-participation” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။

    ဆက်လက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ပီရူးနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဆော်ဒီအာရေးဗျနိုင်ငံ၊ စင်္ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ကိုယ်စားလှယ်များက မိမိတို့နိုင်ငံတွင် ဆောင်ရွက်လျက်ရှိကြသော e-Participation လုပ်ငန်းစဉ်များကို အသီးသီး ဆွေးနွေးပြောကြားခဲ့ကြရာ မြန်မာနိုင်ငံ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးရင်က မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းကို ဆောင်ရွက်လျက်ရှိရာတွင် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း၏ ရည်မှန်းချက်ပန်းတိုင်သို့ ရရှိရောက်ရှိနိုင်ရန် ဒီဂျစ်တယ် နည်းပညာဆိုင်ရာ လုပ်ငန်းစဉ်များကို အားပေးမြှင့်တင် ဆောင်ရွက်ခြင်းနှင့် ဒီဂျစ်တယ် စီးပွားရေးကို အားပေးမြှင့်တင်ပေးနိုင်မည့် ဝန်းကျင်ကောင်းတစ်ရပ်ဖြစ်သော ဥပဒေ၊ မူဝါဒများရေးဆွဲခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုလုပ်ငန်းစဉ်များသည် ပြည်သူများမှ ဒီဂျစ်တယ်ဝန်ဆောင်မှုများအား ပိုမိုတွင်ကျယ်စွာ အသုံးပြုလာစေနိုင်ရေးနှင့် ဒီဂျစ်တယ်နည်းလမ်းအသုံးပြုပြီး ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်ခြင်းများ တိုးတက် ဖြစ်ပေါ်လာစေရေးအတွက် များစွာအထောက်အပံ့ပေးနိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် e-Participation ကို ၂၀၁၆ ခုနှစ်မှ စတင် အကောင်အထည်ဖော်ခဲ့ရာ နိုင်ငံတော်အဆင့် စီမံကိန်းများ၊ လမ်းပြမြေပုံများ၊ ဥပဒေများ၊ မူဝါဒများ ချမှတ်ခြင်း ကိစ္စရပ်များတွင် ပြည်သူလူထုက အွန်လိုင်းမှတစ်ဆင့် ပါဝင်ဆွေးနွေး ညှိနှိုင်းနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်တွင် “Public Feedback Programme” ဝက်ဘ်ဆိုက်ကို လွှင့်တင်ထားရှိပြီးဖြစ်ပါကြောင်း၊ Myanmar National Portal မှတစ်ဆင့် ပြည်သူလူထုက ပူးပေါင်းပါဝင်ဆွေးနွေးနိုင်မည့် “e-Participation Channel” ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ပန်းတိုင်ကို ရောက်ရှိအောင်မြင်နိုင်စေရန် e-Governance Master Plan (2022-2030) မူကြမ်းကို ရေးဆွဲရာ၌ e-Participation ၊ Digital Engagement နှင့် Digital Inclusion များ ပါဝင်မည့် နည်းဗျူဟာများနှင့် နည်းလမ်းများကို ထည့်သွင်း ရေးဆွဲသွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဒီဂျစ်တယ်နည်းပညာဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် e-Participation သို့ ဦးတည်၍  မြန်မာနိုင်ငံ၏ ဒီဂျစ်တယ် readiness ကို ပိုမိုမြှင့်တင် ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ e-Participation သို့ ဦးတည်၍ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းအတွက် ဥပဒေဆိုင်ရာညွှန်ကြားချက်များနှင့် မဟာဗျူဟာကျကျ ချဉ်းကပ်ခြင်းများ ရေးဆွဲ ပြဌာန်းသွားရန် မဖြစ်မနေ လိုအပ်လျက်ရှိပါကြောင်း၊ နိဂုံးချုပ်အားဖြင့် မြန်မာနိုင်ငံသည် ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန် ဒီဂျစ်တယ်နည်းပညာဆန်းသစ်တီထွင်မှုများကို အသုံးပြုလျက်ရှိပြီး ကပ်ရောဂါအလွန်ကာလတွင် “Digital first and leaving no one behind” ဖြစ်လာစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်းဆွေးနွေးပြောကြားခဲ့ပါသည်။

     ထို့နောက် ကိုယ်စားလှယ်များ၏ ရှင်းလင်းတင်ပြချက်များအပေါ် ကျွမ်းကျင်ပညာရှင်များက အကြံပြုဆွေးနွေးခဲ့ကြပြီး အဆိုပါ အလုပ်ရုံဆွေးနွေးပွဲအား မြန်မာစံတော်ချိန် နံနက် ၉:၃၀ နာရီခန့် တွင် ရုတ်သိမ်းခဲ့ပါသည်။