Securing Networking Using Wireshark Training သင်တန်းဖွင့်ပွဲအခမ်းအနား

       

         ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းတွင် Wireshark tool ကို အသုံးပြု၍ Network ကွန်ရက်အတွင်းရှိ packets များကို စစ်ဆေးခြင်း၊ မိမိ၏ Network ကွန်ရက်အတွင်း security ပိုမိုလုံခြုံမှုရှိရန် ဆောင်ရွက်ခြင်းများကို စာတွေ့၊ လက်တွေ့ သိရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်သော Securing Networking Using Wireshark Training သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ (၂၃) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ရုံးအမှတ်(၂) သင်တန်းခန်းမတွင် ကျင်းပ ပြုလုပ်ကြောင်း သိရပါသည်။

       Securing Networking Using Wireshark Training သင်တန်းကာလမှာ (၂၃-၉-၂၀၁၉) ရက်နေ့မှ (၂၇-၉-၂၀၁၉) ရက်နေ့အထိ (၅)ရက် သင်တန်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း (၁၄)ခုမှ သင်တန်းသား (၄၀) ဦးတို့ တက်ရောက်ကြောင်း သိရပါသည်။

         သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး သင်တန်း ကျောင်း၊ ကျောင်းအုပ် ဒေါ်ခင်ဆွေဌေး က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

      သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် ပြည်ထောင်စု ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ် မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။