SEA-ME-WE-3 ရေအောက် ကေဘယ် ဆက်ကြောင်း ပြု ပြင်မှု ပြီးစီး

မြန်မာ နိုင်ငံ နှင့် ပြည်ပနိုင်ငံများ သို့ တယ်လီဖုန်း နှင့် အင်တာနက်လိုင်း များ ချိတ်ဆက် အသုံးပြုလျက် ရှိသော SEA-ME-WE-3 ရေအောက် ကေဘယ် ဆက်ကြောင်း သည် စင်္ကာပူ နိုင်ငံ နှင့် မလေးရှား နိုင်ငံ အကြား ရေပိုင်နက် တွင် ချို ့ယွင်းမှု ဖြစ်ပေါ်ခဲ့ သဖြင့် ရေအောက် ကေဘယ် ပြုပြင်ရေး သင်္ဘော ဖြင့် (၂၀.၆.၂၀၁၄) နေ့ မှ စ၍ ပြုပြင် ခဲ့ရာ (၂၄.၆.၂၀၁၄) ရက်နေ ့ (၀၂း၃၅) နာရီ တွင် ဆောင်ရွက် ပြီးစီး ခဲ့ပါသည်။

သို့ဖြစ်ပါ၍ ယနေ့ (၀၂း၃၅) နာရီ အချိန် မှ စတင်၍ မြန်မာနိုင်ငံ နှင့် စင်္ကာပူနိုင်ငံ ၊ မလေးရှား နိုင်ငံတို ့အကြား ချိတ်ဆက် ထားသော ဆက်ကြောင်းလိုင်း များ ပုံမှန် ပြန်လည် ကောင်းမွန် သွားပြီ ဖြစ်ပါ ကြောင်း အသိပေး ကြေငြာ အပ်ပါသည်။