Public Access Center (PAC) ဝန်ဆောင်မှုလုပ်ငန်း လိုင်စင် လျှောက်လွှာပုံစံ

၁။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ၂၀၁၁- ၂၀၁၂ ဘဏ္ဍာရေးနှစ်မှ စ၍ Public Access Center (PAC) ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူများကို တည်ဆဲဥပဒေများနှင့် အညီ လုပ်ငန်း လုပ်ကိုင် ခွင့် အား လိုင်စင်ဖြင့် ခွင့်ပြု ထုတ်ပေးပြီး ကြီးကြပ်ဆောင်ရွက်လျှက်ရှိပါသည်။

၂။ (PAC) ၀န်ဆောင်မှုလုပ်ငန်း ဆိုင်ရာ လိုင်စင် အခွန်အခ နှုန်းထားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(က) ကနဦးလိုင်စင် ကျပ် ၅၀၀,၀၀၀ိ/-

(ခ) နှစ်စဉ်ကြေး ကျပ် ၃၆၀,၀၀၀ိ/-

(ဂ) ရက်လွန်ကြေး ကျပ် ၁,၀၀၀ိ/- ( တစ်ရက် အတွက်)

(ဃ) မိတ္တူ (Duplicate) ကျပ် ၃၀,၀၀၀ိ/-

၃။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ (PAC) ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူများကို ပြည်ထောင်စု နယ်မြေဖြစ်သည့် နေပြည်တော်တိုင်းဒေသကြီး အတွက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရုံးအမှတ် (၂) ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ နေပြည်တော်တိုင်း ဒေသ ကြီး တွင် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (ရန်ကုန်ရုံးခွဲ) အမှတ်(၄၃) ဗိုလ်အောင်ကျော်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တွင် လည်း ကောင်း၊ ကျန်တိုင်းဒေသကြီးများနှင့် ပြည်နယ်ဒေသကြီးများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးများနှင့် ပြည်နယ်ဒေသကြီးများရှိ ပြည်နယ် မန်နေဂျာ ရုံးစိုက်ရာ ဆက်သွယ်ရေးစခန်း (စာတိုက်)များတွင် (PAC) ၀န်ဆောင်မှုလုပ်ငန်း ဆိုင်ရာလိုင်စင် များ ဆောင်ရွက်ပေးလျှက်ရှိပါသည်။

၄။ (PAC) ၀န်ဆောင်မှုလုပ်ငန်း ဆိုင်ရာ လိုင်စင်သစ် လျှောက်ထားလိုသူများသည် ဖေါ်ပြပါ ကနဦး လိုင်စင်ခ နှင့် နှစ်စဉ်ကြေးများအား တစ်ပေါင်းထဲပေးသွင်း၍ လည်းကောင်း၊ လိုင်စင်သက်တမ်းတိုး လိုသူ များသည် လိုင်စင်သက်တမ်းမကုန်ဆုံးမှီ နှစ်စဉ်ကြေးကို ပေးသွင်း၍ လည်းကောင်း အထက်ပါ ရုံးဌာနများ တွင် လုပ်ငန်းလိုင်စင် လျှောက်ထားဆောင်ရွက်နိုင်ပြီဖြစ်ပါကြောင်း ဖေါ်ပြအပ်ပါသည်။ (PAC) ၀န်ဆောင်မှု လုပ်ငန်းလိုင်စင် လျှောက်လွှာမှာ အောက်ပါအတိုင်းဖြစ်ပါသည်-