Public Access Center (PAC) ဝန်ဆောင်မှုလုပ်ငန်း လိုင်စင် နှုန်းထားများလျော့ပေါ့ခြင်း

Public Access Center (PAC) ဝန်ဆောင်မှုလုပ်ငန်း လိုင်စင် နှုန်းထားများလျော့ပေါ့ခြင်း

ဆက်သွယ်ရေး နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာနသည် Public Access Center (PAC) ၀န်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသူများအား တည်ဆဲဥပဒေ များနှင့် အညီ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်အား ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ စတင်ကာ လုပ်ငန်းလုပ်ကိုင်ခွင့်များ ဆောင်ရွက် ပေးလျှက်ရှိရာ ပြည်ထောင်စုအစိုးရအဖွဲ့၏မူဝါဒဖြစ်သော အိုင်စီတီဖြင့် နိုင်ငံတော်၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုး တက်မှု အထောက်အကူပြုစေရေး နှင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ အကောင်အထည်ဖေါ် ဆောင်ရွက်လျှက်ရှိသော ကျေးလက်ဒေသအထိ ဆက်သွယ်ရေးနှင့် အိုင်စီတီနည်းပညာ တိုးတက်အသုံးပြုနိုင်စေရေး ရည်မှန်းချက်များ နှင့် အညီ (PAC) ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များနှင့် အင်တာနက် အသုံးပြုမည့် ပြည်သူလူထုတို့အတွက် ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ် ဖြစ်သော ၁-၄-၂၀၁၃ ရက်နေ့မှ စတင်၍ အောက်ပါ နှုန်းထားများဖြင့် ပြောင်းလဲ ကောက်ခံသွားမည်ဖြစ်ပါသည်-

(က)  ကနဦးလိုင်စင်                                  ၅၀၀၀၀ ကျပ်

 (ခ)  နှစ်စဉ်ကြေး                                         ၆၀၀၀ ကျပ်

 (ဂ)  ပျက်စီး/ပျောက်ဆုံး                               ၁၀၀၀ ကျပ်

  (ဃ) နောက်ကျကြေး (၁)ရက်                        ၁၀၀ ကျပ်