Project Planning and Management for Software Development သင်တန်းဖွင့်ပွဲ

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ဒုတိယအကြိမ်) Project Planning and Management for Software Development သင်တန်း၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ (၁၆)ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ e-Learning Center စာသင်ခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက် အကူပြု တာဝန်ခံများ၊ ဗဟိုအစိုးရ အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ စုစုပေါင်းသင်တန်းသား (၂၇)ဦးတို့ တက်ရောက်ကြောင်း သိရှိရပါသည်။

   ထို့နောက် သင်တန်းကျောင်း၊ ကျောင်းအုပ်မှ ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၏ ပထမဆုံးဖွင့်လှစ်သည့် သင်တန်းဖြစ်ပြီး ဆော့ဝဲလ်ပရောဂျက်တစ်ခု အောင်မြင်စွာ စီစဥ်နိုင်မည့် စီမံခန့်ခွဲရေးဆိုင်ရာ အခြေခံမူများ၊ လိုက်နာဆောင်ရွက် ရမည့် နည်းလမ်းများကို သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ဌာနများ၏ ဒီဂျစ်တယ်အသွင် ကူးပြောင်းရေး လုပ်ငန်းများဖြစ်သော ဝက်ဆိုက်များ၊ အက်ပလီ ကေးရှင်းများ၊ Software Development လုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် Soft Skills ပညာရပ်များ သိရှိနားလည်ဆောင်ရွက်နိုင် စေရန် စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း သိရှိရပါသည်။

   ဆက်လက်ပြီး သင်တန်းကျောင်း၊ ကျောင်းအုပ်က သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ နေထိုင်ကြရန်၊ မိမိတို့ သင်တန်းနှင့်ပတ်သက်၍ အသိပညာ၊ ဗဟုသုတများ တိုးတက်စေရန် လေ့လာဆည်းပူး၍ အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ကြရန် နှင့် မိမိတို့လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည် အသုံးချနိုင်ရန် ကြိုးစားလေ့လာကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။                                                                                

   Project Planning and Management for Software Development သင်တန်းသည် သင်တန်းကာလအနေဖြင့် ရက်သတ္တပတ် (၁)ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး ဖြစ်ကြောင်းသိရှိရပါသည်။ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် အစိုးရအဖွဲ့အစည်းများ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။