Pre-Bid Conference for National Portal Project

National Protal တည်ဆောက်ခြင်း စီမံကိန်းအတွက် Pre-Bid Conference အား ယနေ့နံနက် ၁၀:ဝဝ နာရီတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန မှ National Protal တည်ဆောက်ခြင်း စီမံကိန်း တာဝန်ရှိသူများ၊ အကြံပေးအဖွဲ့ဝင်များနှင့် ပြည်တွင်း ပြည်ပ ICT ကုမ္ပဏီများ မှ စိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် Project Overview, Scope of Work- Highlights, Qualification Criteria, Technical Evaluation Criteria, Payment Terms, Key Events & Dates, Common Queries တို့အား အသေးစိတ် ရှင်းလင်းခဲ့ပြီး ပြည်တွင်း ပြည်ပ ICT ကုမ္ပဏီများ မှ မေးမြန်းသော သိလိုသည်များအား ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပါသည်။