Postal Service Improvement သင်တန်း ဖွင့်လှစ်

ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာန၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ ကြေးနန်း ဆက်သွယ်ရေး နှင့် စာတိုက် သင်တန်းကျောင်း တွင် မြန်မာ့စာပို့တိုက်လုပ်ငန်းနှင့်ဂျပန်နိုင်ငံ စာပို့တိုက်လုပ်ငန်းတို့ ပူးပေါင်းစီစဉ်သည့်  Postal Service Improvement သင်တန်း အား ၂၂-၇-၂၀၁၄ ရက်နေ့တွင် အဆိုပါ သင်တန်းကျောင်း ၌ ဖွင့်လှစ်ပို့ချ ခဲ့ပါသည်။

သင်တန်းသို့  ဂျပန်နိုင်ငံ၊ Ministry of Internal Affairs and Communications(MIC) မှ ဒုတိယဝန်ကြီး Mr. Fujikawa လာရောက်၍ အမှာစကားပြောကြားခဲ့ပြီး စာပို့တိုက်လုပ်ငန်းမှ အရာထမ်းနှင့် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ တွေ့ဆုံပွဲအခမ်းအနားသို့ သင်တန်းကျောင်း ကျောင်းအုပ်၊ ရုံးချုပ် စီမံကိန်းနှင့်လေ့ကျင့်ရေးဌာန ၊ ဒုတိယအထွေအထွေမန်နေဂျာနှင့် အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။  ရုံးချုပ် စီမံကိန်းနှင့်လေ့ကျင့်ရေးဌာန ၊ ဒုတိယအထွေအထွေမန်နေဂျာက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

အဆိုပါ သင်တန်းသိ့ု  မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ၊ စာပို့တိုက်လုပ်ငန်း မှ ၀န်ထမ်းသင်တန်းသား/သူ (၉၃) ဦး တက်ရောက်ခဲ့ပြီး ဂျပန်နိုင်ငံ မှ သင်တန်းနည်းပြများက လာရောက်ပို့ချပေး ခဲ့ကြပါသည််။