Open Data and Data Analytics နှင့် Develop an IT Strategic Plan သင်တန်း

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ် Open Data and Data Analytics  နှင့် Develop an IT Strategic Plan  သင်တန်းများ၏ သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီလ (၁၉) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမိုးကျော်စိုးနှင့်တကွ၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအစိုးရအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ စုစုပေါင်း သင်တန်းသား ( ၆၀ )ဦးတို့ တက်ရောက်ကြောင်း သိရှိရပါသည်။

   ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက နိုင်ငံ၏ e-government စနစ်ဆိုသည်မှာ ICT ကိုအသုံးချပြီး ပိုမိုကောင်းမွန်တဲ့ မူဝါဒရလဒ်များ၊ အရည်အသွေးမြင့်ဝန်ဆောင်မှုများ၊ နိုင်ငံသားများနှင့် ပွင့်လင်း မြင်သာစွာ ပိုမို ထိတွေ့ဆက်ဆံခြင်းဖြင့် ပိုမိုကောင်းမွန်သော အစိုးရ ဖြစ်လာစေရန် အတွက် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ e-Government နဲ့ informatization သည် container concept ဟုခေါ်တဲ့ ပေါင်းစပ်လုပ်ငန်းစဉ် တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတကာ၏ e-Government စနစ်နဲ့ ICT ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များကို လေ့လာကြည့်လျှင် ဘုံတူသည့် အဓိကကျသော ဦးစားပေး လုပ်ငန်းစဉ် (၃)ခု ဖြစ်တဲ့ National Database တည်ဆောက်ရေး၊ Informatization Promotion သတင်းအချက်လက် မြှင့်တင်ရေး၊ National Informatization နိုင်ငံလုံးဆိုင်ရာ သတင်းအချက်အလက် ဖော်ပြနိုင်ရေး စသည်များကို မဖြစ်မနေ ဦးစားပေး ဆောင်ရွက်သွားရမည့် လုပ်ငန်းများ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Open Data and Data Analytics သည် E-Government စနစ်ဖော်ဆောင်ရာတွင် အရေးပါသော “Open-Data” အကြောင်းကို ကောင်းမွန်စွာသိရှိပြီး ဌာနများ တစ်ခုနှင့်တစ်ခု ချိတ်ဆက် လုပ်ကိုင်ရာတွင် ‌ဒေတာများကို စနစ်တကျ သတ်မှတ်အသုံးချနိုင်ရန်၊ Open-Data နှင့်ပတ်သက်သော မူဝါဒများအကြောင်းကို ကျွမ်းကျင်ပိုင်နိုင်စွာ သိရှိပြီး ဌာနဆိုင်ရာများ၏ ဒေတာများကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာနိုင်သော အချက်အလက် ဆန်းစစ်နည်းစနစ်များနှင့် မူဝါဒများ၊ နိုင်ငံတကာမှ Data Policy နှင့်အုပ်ချုပ်မှု အလေ့အကျင့် ကောင်းများကို သိရှိနားလည်နိုင်ရန် ရည်ရွယ်ပြီး ပို့ချခြင်းဖြစ်ကြောင်းသိရှိရပါသည်။

   Develop an IT Strategic Plan သင်တန်းသည် IT Strategy Frameworks and Methodologies များလေ့လာသိရှိနိုင်ပြီး အဖွဲ့အစည်းများနှင့် ကိုက်ညီမည့် IT Strategic Plan ရေးဆွဲနိုင်ခြင်း၊ အကောင် အထည်ဖော်ခြင်း၊ Performance Metrics များ အသုံးချပြီး IT Strategic Plan အကောင်အထည်ဖော်ဆောင်နိုင်မှုများ တိုင်းတာနိုင်မည့် နည်းလမ်းများကို သိရှိ နားလည်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

   Open Data and Data Analytics  နှင့် Develop an IT Strategic Plan  သင်တန်းများသည် သင်တန်းကာလအနေဖြင့် (၁၉-၂-၂၀၂၄) မှ (၂၃-၂-၂၀၂၄) ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် အစိုးရအဖွဲ့အစည်း များ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။