Myanmar Electronic Addressing Plan (Draft) အား ဒုတိယအကြိမ် အများပြည်သူသဘောထားတောင်းခံခြင်း

 

၁။      ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဥပဒေ အခန်း(၇) ၊ ပုဒ်မ (၂၁) ၊ (၂၂) နှင့် (၂၃) ပါပြဋ္ဌာန်းချက်များအရ အီလက်ထရောနစ်လိပ်စာများဖြစ်သည့် Public IP Address ၊ Autonomous System (AS) Number နှင့် Domain Name တို့နှင့်စပ်လျဉ်း၍ စိစစ်ကြီးကြပ်ခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်းများအား ဆောင်ရွက်ရမည်ဖြစ်သည်နှင့်အညီ အီလက်ထရောနစ်လိပ်စာများနှင့်စပ်လျဉ်း၍ Electronic Addressing Plan (EAP) တစ်ခုအား ရေးဆွဲလျက်ရှိရာ အဆိုပါ EAP နှင့်စပ်လျဉ်း၍ အများပြည်သူ သဘောထားတောင်းခံခြင်းကို (၅.၇.၂၀၁၈) ရက်နေ့တွင် ပထမအကြိမ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

၂။      အဆိုပါ ပထမအကြိမ် အများပြည်သူသဘောထားတောင်းခံချက်မှ ရရှိလာသည့် အကြံပြုချက်များနှင့် သဘောထားမှတ်ချက်များအားစိစစ်၍ လိုအပ်သည်များထည့်သွင်း ပြင်ဆင်ထားသည့် EAP(မူကြမ်း)အား ဒုတိယအကြိမ် အများပြည်သူသဘောထားတောင်းခံရန် ဆောင်ရွက်ပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြန်လည်ပြင်ဆင်ထားပြီးဖြစ်သည့် Electronic Addressing Plan (2nd Draft) အား အကြံပြုချက်များ၊ သဘောထားမှတ်ချက်များရှိပါက မြန်မာဘာသာ (သို့မဟုတ်) အင်္ဂလိပ်ဘာသာဖြင့် ( ၂၅ -၁၀-၂၀၁၈) ရက်နေ့ နောက်ဆုံး ထား၍ ရုံးချိန်အတွင်း အောက်ဖော်ပြပါလိပ်စာသို့လိပ်မူ၍ E-mail ဖြင့်လည်းကောင်း၊ စာတိုက်မှလည်းကောင်း ပေးပို့အကြံပြုနိုင်ပါကြောင်း အသိပေးဖိတ်ခေါ်အပ်ပါသည်။

ပေးပို့ရမည့်လိပ်စာ

ညွှန်ကြားရေးမှူးချုပ်
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
ရုံးအမှတ်(၂)၊ နေပြည်တော်

Attention:         ဒေါ်စိမ့်စိမ့်အေး၊ အရင်းအမြစ်စီမံခန့်ခွဲမှုဌာန

E-mail:             [email protected], [email protected]

Phone No:        067-3407626