Myanmar Broadband Forum 2016 ဒုတိယဝန်ကြီး တက်ရောက် အမှာစကား ပြောကြား

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၏ ဦးဆောင်စီစဉ်မှု၊ Huawei Technologies Co., Ltd ၏ ပံ့ပိုး ကူညီမှုဖြင့် Myanmar Broadband Forum 2016 အား “Building a Better Connected Myanmar” ခေါင်းစဉ်ဖြင့် ယနေ့ နံနက် (၁၀:ဝဝ) နာရီတွင် နေပြည်တော်ရှိ Hilton Hotel, Building No.1 ၌ ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ ထိုင်းနိုင်ငံ Ministry of Information and Communications Technology ဒုတိယဝန်ကြီး Dr. Pansak Siriruchatapong ၊ ITU Area Office for South East Asia မှ Head ဖြစ်သူ Mrs. AuroraA.Rubio ၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများ မှ တာဝန်ရှိသူများ အပါအဝင် အော်ပရေတာများ၊ Speaker  များအဖြစ် ပါ၀င်ဆွေးနွေးကြမည့် ဆက်သွယ်ရေး နှင့် အိုင်စီတီ Industry မှ ကျွမ်းကျင်သူပညာရှင်များ၊ Huawei Technologies မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးမှ ကြိုဆို နှုတ်ခွန်းဆက် အမှာစကားပြောကြားရာ ယခု ကျင်းပပြုလုပ်သည့် ဖိုရမ်သည် မြန်မာနိုင်ငံ အနေဖြင့် ပထမဦးဆုံး ကျင်းပသည့် Broadband နည်းပညာဆိုင်ရာ ဖိုရမ်ဖြစ်ပါကြောင်း၊ တက်ရောက်လာကြ သည့် ၀န်ကြီးဌာနအသီးသီး မှ ကိုယ်စားလှယ်များ၊ Industry Leaders များ၊ Digital Innovators များအပါအဝင် ICT Ecosystem မှ တာဝန်ရှိသူများ စုံညီစွာ ပါ၀င်တက်ရောက် လာကြပြီး အတွေ့အကြုံများ ဖလှယ် ဆွေးနွေးနိုင်မည် ဖြစ်သည့်အတွက် Digitally Connected Myanmar ဖော်ဆောင်ရာတွင် အထောက်အကူ ပြုစေသည့် အတွက် ၀မ်းမြောက်ကြိုဆိုပါကြောင်း၊ Broadband Infrastructure and ICT Technology နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာခြင်း သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိက မောင်းနှင်အား တစ်ခု ဖြစ်သကဲ့သို့ မြန်မာနိုင်ငံအား Digital Society အဖြစ် သို့ ဖော်ဆောင်ရာ တွင် အဆင်ပြေ ချောမွေ့စေမည် ဖြစ်ပါကြောင်း၊ မိမိတို့ ၀န်ကြီးဌာန အနေဖြင့် ဆက်သွယ်ရေးနှင့် အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အတွက် လိုအပ်သည်များ အားပံ့ပိုးကူညီ ဆောင်ရွက်ပေးနေပါကြောင်း၊ တက်ရောက်လာကြသူများ အနေဖြင့် မိမိတို့ အတွေ့အကြုံများ အပေါ် အခြေခံကာ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြရန် နှင့် Broadband နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု အတွက် အားလုံး ပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားပါသည်။
ထို့နောက် Huawei Technologies မှ Mr. Jimmy Pang မှ အမှာစကားပြောကြားပြီး အပြည်ပြည်ဆိုင်ရာ ကြေးနန်း ဆက်သွယ်ရေး အဖွဲ့ချုပ်(အိုင်တီယူ) အထွေထွေ အတွင်းရေးမှူးချုပ် Mr. Houlin Zhao မှ ပေးပို့သည့် Message သဝဏ်လွှာ Video Clip အား ပြသကာ ITU Area Office for South East Asia မှ Head ဖြစ်သူ Mrs. AuroaA.Rubio မှ ITU Connect 2020 Agenda နှင့် စပ်လျဉ်းပြီး ဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးပွဲ တွင် မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ တို့၏ Broadband ကဏ္ဍဆိုင်ရာ အတွေ့အကြုံများ၊ ပူးပေါင်းဆောင်ရွက်မှုများ၊ Broadband Strategies များ၊ နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အလားအလာများ၊ Broadband Policy and Situational Analysis ၊ Broadband စျေးကွက်ဆိုင်ရာ သုံးသပ်ချက်များ၊ Digital Government စနစ်သို့ ဖော်ဆောင်နိုင်ရေး အတွက် BroadbandIndustry Development ဖြစ်စေနိုင်မည့် နည်းလမ်းများ ကို Speaker များ၊ နိုင်ငံတကာ အတွေ့အကြုံရှိ ကျွမ်းကျင်သူများ၊ Industry Leader များမှ ဆွေးနွေးခဲ့ကြပါသည်။
Myanmar Broadband Forum 2016 သို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာန၊ ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ ပြန်ကြားရေး ၀န်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာန၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်တို့ မှ တာဝန်ရှိသူများ၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ တယ်လီနော မြန်မာလီမီတက် နှင့် အော်ရီဒူး မြန်မာလီမီတက်တို့ မှ ကိုယ်စားလှယ်များ အပါအဝင် နိုင်ငံတကာ Broadband and ICT Consultant များဖြစ်သည့် OVUM, China Academy of Information and Communication Technology (CAICT), Indonesia FTTH Association (IFA) , နိုင်ငံတကာ အော်ပရေတာများ ဖြစ်သည့် PCCW, iFlix တို့မှ ကိုယ်စားလှယ်များ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက် ခဲ့ကြပါသည်။