Myanmar 5G Forum 2018 ကျင်းပ

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ကမ္ဘာနှင့်အဝှမ်းဖွံ့ဖြိုးတိုးတက်လာသော 4G/5G နည်းပညာများနှင့်စပ်လျဉ်း၍ လေ့လာသိရှိ နိုင်စေရန်အတွက်လည်းကောင်း၊ ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံအနေဖြင့်လည်း လက်ရှိ ဆောင်ရွက်လျက်ရှိသော 4G မှ 5G နည်းပညာသို့ ပြောင်းလဲဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့စွာ ကူးပြောင်းဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်နိုင်ရေး အတွက် လည်းကောင်း၊ 5G နည်းပညာအား အသုံးပြုပြီး နိုင်ငံ၏ဒစ်ဂျစ်တယ်စီးပွားရေး (Digital Economy) ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအား တစ်ခုအဖြစ် ဖြစ်စေရေး အဓိက ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ပြီး အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည့် ဆက်သွယ်ရေးကဏ္ဍကို အခြေခံ၍ အခြား အရေးကြီးကဏ္ဍများဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေးနှင့် စက်မှုလက်မှု ကဏ္ဍများကိုလည်း တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်သွားနိုင်ရေး အတွက် လည်းကောင်း ရည်ရွယ်၍  Huawei Technologies Co.,Ltd (Myanmar) ၏ ပံ့ပိုးမှုဖြင့် Myanmar 5G Forum အား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ(၁၉) ရက်နေ့တွင် နေပြည်တော် Hilton Hotel ၌ ကျင်းပပြုလုပ်ခဲ့ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချစ်ဝေ၊ ITU Area Representative for Southeast Asia & Timor Leste, Head, ITU Area Office, Jarkarta, Indonesia ၏ ကိုယ်စားလှယ်ဖြစ်သူ Dr. S.Ismail  Shah နှင့် Huawei Co.,Ltd ၊ Vice President of Huawei Global Carrier Business Group မှ Mr. Zhou Jianjun တို့မှ အဖွင့်မှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါ Myanmar 5G Forum သို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ITU Area Representative နှင့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ သက်ဆိုင်သည့် ကုမ္ပဏီ/ အဖွဲ့အစည်းများဖြစ်သည့် Huawei၊ GSMA၊ Ovum ၊ Quectel တို့မှ တာဝန်ရှိသူများ၊ ဆက်သွယ်ရေးအော်ပရေတာများ၊ ISP များ၊ Fiber ကုမ္ပဏီများမှ တာဝန်ရှိ သူများ စုစုပေါင်း ( ၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

Myanmar 5G Forum တွင် 4G ဆက်သွယ်ရေး နည်းပညာ မှ 5G   သို့ ပြောင်းလဲဆောင်ရွက် ရာတွင် အဆင်ပြေချောမွေ့စွာ ကူးပြောင်း ဆောင်ရွက်နိုင်ရေးအတွက် 5G နည်းပညာအား အသုံးပြု၍ လုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်ကြမည့် ဆက်သွယ်ရေး အော်ပရေတာများ၊ IoT Partners များ၊ အခြေခံအဆောက်အဦးအတွက် တာဝါနှင့် ဖိုင်ဘာကုမ္ပဏီများမှ ပါဝင်ဆွေးနွေးခဲ့ကြပြီး၊ နိုင်ငံတော်အစိုးရအနေဖြင့် ၎င်းတို့၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် နိုင်ငံတကာ တွင် ဆောင်ရွက်လျက်ရှိသည့် နည်းလမ်းများကို အခြေခံ၍ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် များနှင့့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။