MPT ၏ Top-up & Win Lucky Draw အစီအစဉ်တွင် ကျန်ရှိနေသေးသည့် iPhone 15 (128 GB) အလုံး ၂၀ ကံထူးနိုင်မည့် အခွင့်အရေး

(ရန်ကုန်၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သော MPT က iPhone 15 (128 GB) များ ရရှိကံထူးနိုင်မည့် ဖုန်းငွေဖြည့်ကံစမ်းမဲ အစီအစဉ် စတုတ္ထပတ်၏ ကံထူးရှင်ရွေးချယ်မှုကို ဇန်နဝါရီလ ၁၂ရက်နေ့တွင် MPT Facebook စာမျက်နှာတွင် တိုက်ရိုက်ထုတ်လွှင့် ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။ ယခုအစီအစဥ်ကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၃) ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်ပါသည်။

ပရိုမိုးရှင်း ကာလအတွင်း ကံထူးရှင် စုစုပေါင်း (၃၅) ဦး ရွေးချယ်သွားမည်ဖြစ်ပြီး အပတ်စဥ်တိုင်းတွင် ကံထူးရှင် (၅) ဦးစီကို ရွေးချယ်လျက်ရှိပါသည်။ လက်ရှိတွင် ဖုန်းငွေဖြည့်ကံစမ်းမဲအစီအစဥ်မှ ကံထူးရှင် (၁၅)ဦး ပေါ်ထွက်လာခဲ့ပြီဖြစ်ပြီး ကျန်ရှိသော ကံထူးရှင် (၂၀)ဦးကို တိုက်ရိုက်ထုတ်လွှင့်မှုူစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ပါသည်။

MPT GSM/WCDMA ကြိုတင်ငွေဖြည့်ကတ် သုံးစွဲသူများအားလုံးသည် မည်သည့်နည်းလမ်းနှင့်မဆို (ဖုန်းဘေလ်လွှဲပြောင်းပေးခြင်းဖြင့် ငွေဖြည့်ခြင်းနည်းလမ်း မှအပ) အနည်းဆုံး ကျပ် ၁,၀၀၀ ဖိုး ဖုန်းငွေဖြည့်ခြင်းအားဖြင့် ယခုပရိုမိုးရှင်းတွင် ပါဝင်နိုင်မည်ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် ဖုန်းငွေဖြည့်မှုပြုလုပ်သည့်အခါတိုင်းတွင် ထိပေါက်ကစားခွင့် ၂ ကြိမ်လည်း ရရှိမည်ဖြစ်ကာ MPT Club ပွိုင့် အများဆုံး ၉,၉၉၉ အထိရရှိနိုင်မည့် အခွင့်အရေးနှင့် iPhone 15 (128 GB) ကံထူးနိုင်မည့် ကံထူးခွင့်လက်မှတ်များ (e-tickets) လည်း ရရှိမည်ဖြစ်ပါသည်။

ကံထူးခွင့်လက်မှတ် (e-ticket) အရေအတွက်သည် ဖုန်းငွေဖြည့်သွင်းသည့် ပမာဏပေါ်မူတည်၍ ကွဲပြားသွားမည်ဖြစ်ပါသည်။ ကံထူးခွင့်လက်မှတ် (e-ticket) များလေ ကံထူးရှင်ဖြစ်ရန် အခွင့်အရေးပိုမိုများမည်ဖြစ်သောကြောင့် ဖုန်းငွေဖြည့်သွင်းမှုများ အကန့်အသတ်မရှိ ဆောင်ရွက်နိုင်ပြီး MPT သုံးစွဲသူများအနေဖြင့် ယခုအခွင့်အရေးကို လက်လွတ်မခံရန် တိုက်တွန်းလိုပါသည်။ ဖုန်းငွေဖြည့် ကံစမ်းမဲအစီအစဉ်နှင့် ပတ်သက်သော စည်းကမ်း သတ်မှတ်ချက် များကို https://bit.ly/3NnSNrY တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori NAGASHIMA က, “ဖုန်းငွေဖြည့်ကံစမ်းမဲအစီအစဥ်မှာ ကံထူးဖို့ iPhone 15 (128 GB) အလုံး ၂၀ သာ ကျန်ရှိတော့တဲ့အတွက် သုံးစွဲသူတွေအနေနဲ့ ဒီအစီအစဥ်မှာ ပါဝင်ပြီး ဆုလက်ဆောင်ကို အမိအရယူဖို့ တိုက်တွန်းလိုပါတယ်။ အနည်းဆုံး ကျပ် ၁,၀၀၀ ဖိုး ဖုန်းငွေဖြည့်ခြင်းအားဖြင့် ကံထူးရှင်ဖြစ်ဖို့ အခွင့်အရေးရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် ကံထူးရှင်တွေကို တိုက်ရိုက်ထုတ်လွှင့်ပြီး ရွေးချယ်သွားမှာလည်း ဖြစ်ပါတယ်။ သုံးစွဲသူတွေ အနေနဲ့ MPT ရဲ့ လူမှုကွန်ယက် (Facebook) စာမျက်နှာကတစ်ဆင့် ကျွန်တော်တို့ရဲ့ အပတ်စဥ် ကံထူးရှင်​ရွေးချယ်ပွဲ တိုက်ရိုက်ထုတ်လွှင့်မှုကို ဝင်ရောက်ကြည့်ရှုရင်း ကံထူးရှင်ကို တူတူရှာဖွေကြည့်ကြဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။ ပါဝင်သူအားလုံး ကံကောင်းကြစေဖို့ ဆုမွန်ကောင်း တောင်းလိုက်ပါရစေ” ဟု ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့် (၃) ပတ်အတွင်း ကံထူးခဲ့ကြသည့် ကံထူးရှင် (၁၅) ဉီးစာရင်းကို အောက်ပါဇယားများတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ပထမအပတ် ကံထူးရှင်များ

နံပါတ်ကံထူးရှင်၏ဖုန်းနံပါတ် အမည် တိုင်းဒေသကြီး/ပြည်နယ်
၁။၀၉၄၂၁၇၃xxxx မော်တော်ဘာခါတူ ရန်ကုန်
၂။၀၉၅၆၈xxxx ကိုအောင်ကိုနိုင် ရန်ကုန်
၃။၀၉၄၂၅၂၈xxxxမယဉ်ယဉ်သိန်း ရန်ကုန်
၄။၀၉၂၅၅၄၈xxxxကိုဝင်းအောင် မကွေး
၅။၀၉၂၆၀၃၆xxxx ကိုသက်ဇော်ဦး စစ်ကိုင်း

ဒုတိယအပတ် ကံထူးရှင်များ

နံပါတ်ကံထူးရှင်၏ဖုန်းနံပါတ် အမည် တိုင်းဒေသကြီး/ပြည်နယ်
၁။၀၉၄၂၀၉၈xxxx ကိုစိုးမင်းအောင် ရန်ကုန်
၂။၀၉၄၄၂၁၆xxxx မဟေမာန်ဆောင်း မန္တလေး
၃။၀၉၄၂၈၅၆xxxx ကိုအောင်ဆန်းလင်း မကွေး
၄။၀၉၄၂၅၂၉xxxx မလီလီသင်းကျော် ရန်ကုန်
၅။၀၉၄၅၇၃၇xxxx ကိုဇင်မင်းထက် စစ်ကိုင်း

တတိယအပတ် ကံထူးရှင်များ

နံပါတ်ကံထူးရှင်၏ဖုန်းနံပါတ် အမည် တိုင်းဒေသကြီး/ပြည်နယ်
၁။၀၉၄၅၁၇၉xxxx ကိုစိုင်းလင်းခန့်စိုး ရှမ်း
၂။၀၉၄၅၄၀၅xxxx ဦးအောင်နိုင်မိုး ရှမ်း
၃။၀၉၈၉၆၉၂xxxx ကိုမာအိုက်လွန်း ရှမ်း
၄။၀၉၄၅၈၆၇xxxx မောင်ရှိုင်းကိုကို ပဲခူး
၅။၀၉၄၀၀၇၅xxxx ကိုရဲထွန်း မန္တလေး

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် သုံးစွဲသူများ အတွက် ဆန်းသစ်ပြီး အဆင်ပြေလွယ်ကူသော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် အစဉ်အမြဲ ကြိုးပမ်းလျက်ရှိပြီး အနာဂတ်တွင်လည်း စိတ်လှုပ်ရှားစရာ အစီအစဥ်များကို ထပ်မံဖန်တီးသွားမည်ဖြစ်သောကြောင့် ဆက်လက်စောင့်ကြည့်ပေးရန် တိုက်တွန်းလိုပါသည်။

MPT နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။