MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ကို မြို့နယ်ပေါင်း ၁၄၉ မြို့နယ်တွင် အသုံးပြုနိုင်ပြီ

(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်) –MPT သည် ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့တွင် အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် ဝန်ဆောင်မှု ကို ထပ်မံတိုးချဲ့လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်ပါသည်။ မြန်အောင်၊ ဝါးခယ်မ၊ ပွင့်ဖြူ၊ စလင်း နှင့် ဟိုပုံးမြို့နယ်များရှိ သုံးစွဲသူများအနေဖြင့် အောက်တိုဘာလမှစတင်၍ ပူးတွဲအကျိုးခံစားခွင့်များစွာ ပါဝင်သော ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ကို သက်သာသောနှုန်းထားများဖြင့် အသုံးပြုနိုင်ပြီဖြစ်ပါသည်။ ယခုအခါ MPT ၏ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုကို မြို့နယ်ပေါင်း (၁၄၉) မြို့နယ်တွင် အသုံးပြုနိုင်ပြီဖြစ်ပါသည်။ MPTအနေဖြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို မြို့နယ်များ အားလုံးတွင် ရရှိစေရန်အတွက် လာမည့်နှစ်တွင် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
MPT အနေဖြင့် အသစ်တပ်ဆင်အသုံးပြုလိုသူများအတွက် ကနဦးတပ်ဆင်ခ ကင်းလွတ်ခွင့်ကို ပေးအပ်လျက်ရှိပြီး အသုံးပြုနေသူများအနေဖြင့် မြန်နှုန်းအမျိုးအစားပေါ်မူတည်၍ မိုဘိုင်းဒေတာများ၊ MPT အချင်းချင်း ဖုန်းခေါ်ဆိုခွင့် နှင့် အကန့်အသတ်မရှိ စာတိုပေးပို့ခွင့်များစသည့် ထပ်ဆောင်းအကျိုးခံစားခွင့်များကို MPT မိုဘိုင်းဖုန်း (၅)လုံးအထိ လစဉ် ရရှိခံစားနိုင်ပါသည်။ အသေးစိတ်အချက်အလက်များကို အောက်ပါဇယားတွင် ကြည့်ရှုနိုင်ပါသည်။

လစဥ်ကြေး
(ကျပ်)
လိုင်းဆွဲအား အမြန်နှုန်းရရှိမည့် မိုဘိုင်းအရေအတွက်မိုဘိုင်း ဖုန်းနံပါတ် (၁) ခုစီအတွက် ရရှိမည့် အကျိုးအမြတ်များ
DataVoiceSMS
၃၂,၀၀၀Max. 22 Mbps၃ လုံး1 GB၁၀၀ မိနစ်အကန့်အသတ်မရှိပေးပို့နိုင်
၄၃,၀၀၀Max. 30 Mbps၅ လုံး1 GB၁၀၀ မိနစ်အကန့်အသတ်မရှိပေးပို့နိုင်
၇၆,၀၀၀Max. 60 Mbps၅ လုံး2 GB၁၀၀ မိနစ်အကန့်အသတ်မရှိပေးပို့နိုင်
၁၂၀,၀၀၀Max. 110 Mbps၅ လုံး3 GB၂၀၀ မိနစ်အကန့်အသတ်မရှိပေးပို့နိုင်

ထို့အပြင် MPT ဒုံးပျံ အိမ်သုံးဖိုင်ဘာအင်တာနက်အသုံးပြုသူများအတွက် (၃)လ၊ (၆)လ နှင့် (၁၂)လစာ ကြိုတင်ငွေ ပေးဆောင်ပြီး အထူးလျှော့စျေးများ ရယူနိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များ ကို အောက်ပါဇယားတွင် ကြည့်ရှုနိုင်ပါသည်။

ကြိုတင်ငွေ ပေးချေမှု ကာလလစဥ်ကြေး (ကျပ်)လိုင်းဆွဲအားအမြန်နှုန်းစုစုပေါင်းလျှော့စျေး (ကျပ်)
၁ လချင်းပေး၃၂,၀၀၀Max. 22 Mbps-
၃ လ ကြိုတင်ပေး၂၉,၀၀၀၉,၀၀၀
၆ လ ကြိုတင်ပေး၂၈,၀၀၀၂၄,၀၀၀
၁၂ လ ကြိုတင်ပေး၂၇,၀၀၀၆၀,၀၀၀
၁ လချင်းပေး၄၃,၀၀၀Max. 30 Mbps-
၃ လ ကြိုတင်ပေး၃၉,၀၀၀၁၂,၀၀၀
၆ လ ကြိုတင်ပေး၃၈,၀၀၀၃၀,၀၀၀
၁၂ လ ကြိုတင်ပေး၃၆,၀၀၀၈၄,၀၀၀
၁ လချင်းပေး၇၆,၀၀၀Max. 60 Mbps-
၃ လ ကြိုတင်ပေး၇၀,၀၀၀၁၈,၀၀၀
၆ လ ကြိုတင်ပေး၆၈,၀၀၀၄၈,၀၀၀
၁၂ လ ကြိုတင်ပေး၆၅,၀၀၀၁၃၂,၀၀၀
၁ လချင်းပေး၁၂၀,၀၀၀
Max. 110 Mbps
-
၃ လ ကြိုတင်ပေး၁၁၀,၀၀၀၃၀,၀၀၀
၆ လ ကြိုတင်ပေး၁၀၈,၀၀၀၇၂,၀၀၀
၁၂ လ ကြိုတင်ပေး၁၀၂,၀၀၀၂၁၆,၀၀၀

ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် ဝန်ဆောင်မှု ထပ်မံ တိုးချဲ့ထားသည့် မြို့နယ်များ၏ အသေးစိတ်အချက် အလက်များကို အောက်ဖော်ပြပါဇယားတွင် ကြည့်ရှုနိုင်ပါသည်။

ပြည်နယ်/တိုင်းဒေသကြီးလက်ရှိဝန်ဆောင်မှုရရှိနေသည့် မြို့နယ်များအသစ်ထပ်မံတိုးချဲ့လိုက်သည့် မြို့နယ်များ
ဧရာဝတီတိုင်းဒေသကြီးဘိုကလေးမြို့နယ်မြန်အောင်မြို့နယ်
ဟင်္သာတမြို့နယ်
ကျုံပျော်မြို့နယ်
လပွတ္တာမြို့နယ်
ညောင်တုန်းမြို့နယ်ဝါးခယ်မမြို့နယ်
မအူပင်မြို့နယ်
မြောင်းမြမြို့နယ်
ဖျာပုံမြို့နယ်
ပုသိမ်မြို့နယ်
မကွေးတိုင်းဒေသကြီးအောင်လံမြို့နယ်ပွင့်ဖြူမြို့နယ်
ချောက်မြို့နယ်
ဂန့်ဂေါမြို့နယ်
မင်းဘူးမြို့နယ်စလင်းမြို့နယ်
မကွေးမြို့နယ်
ပခုက္ကူမြို့နယ်
ရှမ်းပြည်နယ် (တောင်ပိုင်း)တောင်ကြီးမြို့နယ် ဟိုပုံးမြို့နယ်
ကလောမြို့နယ်
ညောင်ရွှေမြို့နယ်
လွိုင်လင်မြို့နယ်
နမ့်စန်မြို့နယ်

MPT အနေဖြင့် ယခု တိုးချဲ့ဆောင်ရွက်မှုနှင့်အတူ အဆိုပါ ဒေသများရှိ သုံးစွဲသူများထံသို့ ယုံကြည်စိတ်ချရသည့် မြန်နှုန်းမြင့်အင်တာနက်ချိတ်ဆက်မှုအား ပေးအပ်နိုင်သွားရန် ရည်ရွယ်ပါသည်။ MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ကို ရွေးချယ်ခြင်းဖြင့် သုံးစွဲသူများအနေဖြင့် အချိတ်အဆက် မပြတ်ဘဲ တည်ငြိမ်မှုရှိသည့် ပိုမိုကောင်းမွန်သော အွန်လိုင်းအတွေ့အကြုံကောင်းကို ရရှိခံစားနိုင်မည်ဖြစ်ပါသည်။
သုံးစွဲသူများအနေဖြင့် အကန့်အသတ်မဲ့သုံး ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ကို အသုံးပြုလိုပါက MPT ၏ အရောင်းကိုယ်စားလှယ်များမှ တစ်ဆင့်သော်လည်းကောင်း၊ နီးစပ်ရာ MPT ရုံးများ၊ MPT ၏ Franchise ဆိုင်များ၊ Own shop များနှင့် https://mpt.com.mm/en/dome-pyan-en တို့တွင် လည်း လျှောက်ထားရယူနိုင်ပါသည်။ သုံးစွဲသူများအနေဖြင့် မြန်ဆန်သက်သာပြီး စိတ်ချယုံကြည်ရသည့် ဒုံးပျံအိမ်သုံးဖိုင်ဘာ အင်တာနက်ဝန်ဆောင်မှုများကို အဆိုပါနေရာများတွင် အလွယ်တကူလျှောက်ထား ရယူနိုင်ပါသည်။
ငွေပေးချေမှုကိုလည်း အွန်လိုင်းမှတစ်ဆင့် အလွယ်တကူပေးချေနိုင်မည်ဖြစ်ပါသည်။ သုံးစွဲသူများအားလုံး အနေဖြင့် ဝန်ဆောင်မှုအားလုံးအတွက် ကြိုတင်ငွေပေးချေရန်လိုအပ်ပြီး MPT အမှတ်တံဆိပ်အရောင်းဆိုင်၊ MPT GSM ငွေဖြည့်ကတ်မှတစ်ဆင့် ပေးချေခြင်း၊ e-banking (KBZ၊ CB၊ AYA) နှင့် အခြားသော MPT ၏မိတ်ဖက်ဆိုင်များနှင့် CITY MART၊ JUNCTION၊ OCEAN၊ SUPERONE၊ MYANMA APEX BANK ၊ UNITED LIVING MALL စသည့် ဈေးဝယ်စင်တာများမှတစ်ဆင့်လည်း လွယ်ကူစွာ ငွေပေးချေ နိုင်သည့်အပြင် မြန်မာ့စီးပွားရေးဘဏ်နှင့် ချိတ်ဆက်ထားသည့် အခြားဆိုင်များမှတစ်ဆင့်လည်း ပေးချေနိုင်ပါသည်။ ထို့အပြင် သုံးစွဲသူများသည် E-invoice ငွေတောင်းခံလွှာဝန်ဆောင်မှုအတွက် https://einvoice.mpt.com.mm/register/ တွင် စာရင်းပေးသွင်းရယူနိုင်ပြီး သုံးစွဲသူများ၏ ဖုန်းနံပါတ်နှင့် အီးမေးလ်ကို E-invoice Form တွင် ထည့်သွင်းရန်လိုအပ်ပါသည်။
MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် သုံးစွဲသူများ၏ ဒီဂျစ်တယ်ဘဝများကို မြှင့်တင်ပေးနိုင်ရန်အတွက် မြန်ဆန်သက်သာပြီး စိတ်ချယုံကြည်ရသည့် အင်တာနက်ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ MPT ၏ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုအကြောင်း ပိုမိုသိရှိလိုပါက hotline *2800# (သို့မဟုတ်) 18652800 သို့ခေါ်ဆိုပြီး (သို့မဟုတ်) 106 call center နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် တရားဝင် ဝက်ဘ်ဆိုက် တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။