MPT ၊ MFF နှင့် MNL တို့ပူးပေါင်း၍ မြန်မာ့မျိုးဆက်သစ်လူငယ်ဘောလုံးကစားသမားများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ပေးနိုင်မည့် အခြေခံဘောလုံးကစားနည်း ဗီဒီယိုစီးရီးများထုတ်ဝေဖြန့်ချီ

 

မြန်မာနိုင်ငံအနှံ့အပြားရှိ ကျောင်းမှ ကျောင်းသားလူငယ်များအတွက် အရေးပါသော အခြေခံဘောလုံးကစားနည်းများဖြစ်သည့် ဂိုးဖမ်းခြင်း၊ ဘောလုံးအပေးအယူလုပ်ခြင်းနှင့် ဘောလုံးကို ဆွဲယူနည်း အစရှိသည်တို့ကို ဗီဒီယိုမှတဆင့် လေ့ကျင့်သင်ကြားပေးပြီး ကျန်းမာသော လူနေမှုဘဝများရရှိစေရန် ရည်ရွယ်ဆောင်ရွက်

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် ၊စက်တင်ဘာလ(၂၅)ရက်) -  မြန်မာ့ဆက်သွယ်ရေးအော်ပရေတာ  MPT က မြန်မာနိုင်ငံအနှံ့ရှိ အခြေခံပညာကျောင်းများနှင့် ဒေသခံဘောလုံးအသင်းများမှ လူငယ်ခြေတက် ကစားသမားများ၏ တက်သစ်စဘောလုံးစွမ်းရည်များကို ပိုမိုထူးချွန်လာစေရန် အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ၊ မြန်မာနေရှင်နယ်လိဂ် MNL သက်ဆိုင်ရာမြို့နယ် ဘောလုံးအဖွဲ့အစည်း TFA အခြေခံပညာဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ အရေးအကြီးဆုံးသော အခြေခံဘောလုံးကစားနည်းစနစ်များ ပါဝင်သည့် သင်ကြားရေးဗီဒီယို ရုပ်သံစီးရီးအစီအစဉ်များကို စတင်ဖြန့်ဝေလိုက်ပြီဖြစ်သည်။