MPT အနေဖြင့် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ရှိ ဒေသခံပြည်သူများနှင့် အတူရှိနေပြီး ချိတ်ဆက်မှု ပိုမိုကောင်းမွန်စေရန်အတွက်ဒေတာ 2GB လက်ဆောင် ထပ်ဆောင်းပေးအပ်

(ရန်ကုန်၊ အောက်တိုဘာလ (၁၂)ရက်၊၂၀၂၃) – ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် MPT အနေဖြင့် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)ရှိ သဘာဝဘေးကြုံတွေ့နေရသည့် ဒေသခံပြည်သူများအတွက် ၎င်းတို့၏ မိသားစုများ မိတ်ဆွေများ နှင့် အဆက်အသွယ်မပြတ်ရှိစေရန် မူလပေးအပ်ထားပြီးဖြစ်သော MPT ဖုန်းအချင်းချင်း အခမဲ့ ဖုန်းခေါ်ဆိုခွင့် ၁၀၀မိနစ်အပြင် ဒေတာဝန်ဆောင်မှုအားလုံးအတွက်အခမဲ့ အသုံးပြုနိုင်မည့် 2GB ဒေတာကို ထပ်ဆောင်းပေးအပ်လိုက်ပါသည်။ယခုဝန်ဆောင်မှုအား အောက်တိုဘာလ (၁၇) ရက်နေ့အထိ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

MPT အနေဖြင့် “မြန်မာပြည်နှင့်အတူရှိနေမည်” ဟူသည့်ကတိကဝတ်နဲ့အညီ ပဲခူးတိုင်းဒေသကြီး(အရှေ့)တွင် အနည်းငယ်ကျန်ရှိနေသေးသည့် နေရာများကိုလည်း တယ်လီကွန်း ဆက်သွယ်ရေးဝန်ဆောင်မှုများ မူလအတိုင်း ပြန်လည်အသုံးပြုနိုင်ရန်အတွက် အင်တိုက်အားတိုက် နေ့ရောညပါ အချိန်ပြည့် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

MPT အနေဖြင့် တာဝန်သိလူမှုအကျိုးပြု လုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး မြန်မာလူမှုအသိုက်အဝန်းအတွက်ထောက်ပံ့ကူညီမှုများကိုဘက်ပေါင်းစုံမှ ဆက်လက် ထောက်ပံ့ ကူညီသွားမည်ဖြစ်ပါသည်။ယခုလိုအခြေအနေတွင် စိတ်ရှည်သည်းခံမှု နှင့် နားလည်ပေးသည့် အတွက် သုံးစွဲသူများအား ကျေးဇူးအထူးတင်ရှိပါသည်။

MPT အနေဖြင့် အခြေအနေများ ပုံမှန်အတိုင်း အမြန်ဆုံး ပြန်လည်ဖြစ်စေရန် ဆုမွန်ကောင်း တောင်းအပ်ပါသည်။ MPT ကို ယုံကြည်စိတ်ချပြီး စဉ်ဆက်မပြတ် ရွေးချယ်သုံးစွဲသည့်အတွက်လည်းကျေးဇူးအထူးတင်ရှိပါသည်။သုံးစွဲသူများအားလုံးအဆက်အသွယ်မပြတ်ရှိနေနိုင်ရန်အတွက်ယုံကြည်စိတ်ချရပြီး ပိုမိုကောင်းမွန်သော တယ်လီကွန်းဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပေးအပ်သွားမည် ဖြစ်ကြောင်း ထပ်လောင်းကတိပေးအပ်ပါသည်။

#အတူလက်တွဲအမြဲရှိမည်MPT