MPT သုံးစွဲသူများအတွက် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း

ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားမှုအရ သုံးစွဲသူများသည် ဆင်းမ်ကတ်ဝယ်ယူပြီးနောက် အဆိုပါ ဆင်းမ်ကတ်များကို မိမိ၏နာမည်ဖြင့် မှတ်ပုံတင်ရန်လိုအပ်ပြီး ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းသည် မိုဘိုင်းငွေရေးကြေးရေး၀န်ဆောင်မှုလုပ်ငန်း ( Mobile Financial Service) ဆောင်ရွက်မှုများ ပိုမိုတိုးတက်လာသည်နှင့်အမျှ အဆိုပါကိစ္စရပ်များကို လုံခြုံစိတ်ချမှုရှိစွာ ဆောင်ရွက်နိုင်ရန်နှင့် စနစ်တကျ မှတ်ပုံတင်ထားခြင်းမရှိသော ဆင်းမ်ကတ်များဖြင့် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ကျူးလွန်သော ရာဇဝတ်မှုများကို လျှော့ချနိုင်မည် ဖြစ်သည်။  သုံးစွဲသူများအနေဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ဆောင်ရွက်ရန်အတွက် အောက်ပါအချက်အလက်များကို လိုအပ်မည်ဖြစ်သည်။

၁) အမည်

၂) မြန်မာနိုင်ငံသားဥပဒေအရ ထုတ်ပေးထားသည့် သက်သေခံလက်မှတ် မူရင်း/ မိတ္တူ (နိုင်ငံသား/ဧည့်နိုင်ငံသား/ နိုင်ငံသားပြု/ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား) နှင့် နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ် မူရင်း/ မိတ္တူ တို့ လိုအပ်မည် ဖြစ်သည်။

MPT အနေဖြင့် ၎င်း၏သုံးစွဲသူများအား ဆင်းမ်ကတ်ဝယ်ယူပြီးသည်နှင့် မိမိတို့၏ ဆင်းမ်ကတ်ကို အချက်အလက် မှန်မှန်ကန်ကန်ဖြင့် မှတ်ပုံတင်ကြရန်နှင့် အခြားသောသူ၏ အချက်အလက်ဖြင့် ကြိုတင်မှတ်ပုံတင်ထားပြီးဖြစ်သည့် ဆင်းမ်ကတ်များကို ဝယ်ယူခြင်းမှ ရှောင်ကြဉ်ကြရန် အလေးအနက်ထား တိုက်တွန်းလိုပါသည်။ MPT သုံးစွဲသူများသည် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းအတွက် မည်သည့် ထပ်ဆောင်းကုန်ကျစရိတ်မျှမရှိဘဲ သတ်မှတ်ထားသောနည်းလမ်းများမှ တစ်ဆင့် လွယ်ကူစွာ စာရင်းသွင်း မှတ်ပုံတင်နိုင်မည်ဖြစ်သည်။

၁) ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို *601# သို့ ခေါ်ဆို၍ စစ်ဆေးနိုင်ပါသည်။

(က) ပထမဦးစွာ မှတ်ပုံတင်ထားသည့်အချက်အလက်တောင်းဆိုမှုအောင်မြင်ကြောင်း အတည်ပြု စာတို(SMS) ကို လက်ခံရရှိမည်ဖြစ်သည်။ ယင်းနောက်တွင် နောက်ထပ်စာတို(SMS) တစ်ခုကို လက်ခံရရှိမည်ဖြစ်ကာ အဆိုပါ စာတိုတွင် မိမိကိုင်ဆောင် ထားသော ဖုန်းနံပါတ် ၀၉-xxxxxxxxx သည် နိုင်ငံသား/ဧည့်နိုင်ငံသား/ နိုင်ငံသားပြု/ နိုင်ငံသားစိစစ်ရေး သက်သေခံကတ်ပြား (နိုင်ငံခြားသားအတွက် နိုင်ငံကူးအမှတ်) x/xxxxxx ဖြင့် မှတ်ပုံတင်ထားပါသည် ဆိုသည့် အတည်ပြုစာကို လက်ခံရရှိမည်ဖြစ်သည်။

(ခ) သင်၏ အမည်နှင့် ဖော်ပြပါ သက်သေခံကတ်ပြားအမှတ်ဖြင့် မှတ်ပုံတင်ထားခြင်း မရှိပါက သင်၏ အချက်အလက်များဖြင့် မှန်ကန်စွာ မှတ်ပုံတင်ရန်အတွက် MPT 4U အက်ပလီကေးရှင်း သို့မဟုတ် MPT ၏ Self-Care webpage https://care.mpt.com.mm/ တို့တွင် ပြန်လည် ပြင်ဆင်နိုင်ပါသည်။

၂) MPT 4U အက်ပလီကေးရှင်း (*4040# ခေါ်ဆိုခြင်းဖြင့် အခမဲ့ ဒေါင်းလုတ်ပြုလုပ်၍ ရယူနိုင်ပါသည် ။ Apple store / Google Play store တို့တွင် ဒေါင်းလုတ်ပြုလုပ်နိုင်မည်ဖြစ်ပြီး ဒေတာသုံးစွဲခကျသင့်မည်ဖြစ်သည်။

၃)  MPT ၏ Customer Self-care ဝက်ဘ်ဆိုက်ဖြစ်သည့်  care.mpt.com.mm

၄)  MPT Own Shop / MPT Branded Shop

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းအတွက် MPT 4U အက်ပလီကေးရှင်း အသုံးပြုပုံအဆင့်ဆင့်ကို အောက်ပါ link တွင် ဝင်ရောက် ဖတ်ရှုနိုင်ပါ သည်။

Click Here